In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Tuesday, July 28, 2015


တက္ကသိုလ်ရွှေရီဝင်း - နှစ်တစ်ရာပြည့်
(ရာပြည့်မိတ်ဆွေများပြခန်း) ဇူလိုင် ၂၉၊ ၂၀၁၅


                   မေ လ (၉ )ရက်နေ.မှာ မေမေဒေါ်ခင်မျိုးချစ်နဲ.ဘဘဦးခင်မောင်လတ်တို.ရဲ. အသက်(၁၀၀)ပြည်.အထိမ်းအမှတ်ကို မေမေတို.ဘဘတို.နေထိုင်သွားတဲ. ပြည်ရိပ်သာလမ်းက အိမ်လေးမှာ လုပ်ဖြစ်သွားပါတယ်။

ကိုယ့်ယောက္ခမမိဘရဲ့ နှစ်တစ်ရာပြည့်မွေးနေ့လေးကိုကျင်းပဖြစ်တာကိုလည်းဝမ်းသာမိပါတယ်။မေမေတို.ရှိစဉ်က ၁၃ နှစ် တိုင်တိုင် ထမနဲပွဲ ကျင်းပ ခဲ့ တဲ့ပြည်ရိပ်သာခြံလေးမှာအခုလိုမေမေတို့ရဲ့မွေးနေ့လေးကျင်းပဖြစ်ပါတယ်။

                 သမီးဂျူနီယာဝင်းက ဘဘနဲ.မေမေတို.ရဲ.အထ္ထုပ္ဗတ္တိကို၂၀၁၄မှာသူကိုယ်တိုင်ရေးဖို.ပြင်ဆင်ပါတယ်။ အချိန်တနှစ်နီးပါးကြာခဲ.ပါတယ်။ သူ.ရဲ.အမွှာအစ်ကိုကိုလည်း ကာတွန်းပုံနဲ.ပန်းချီကောက်ကြောင်းလေးတွေ အခန်းတစ်နဲ.တစ်ခုကြားဖြည်.ဖို.ဆွဲခိုင်းပါတယ်။အဖေနဲ.အမေကိုတော.သူလိုသမျှအချက်အလက်တွေဓါတ်ပုံတွေ စုခိုင်းပါတယ်။ဒါကြောင်.လည်းဂျူနီယာဝင်းရဲ.အါးထုတ်မှု.နဲ.’A Memory of My Grandparents’ ထွက်လာတာဖြစ်ပါတယ်။

    သါးမောင်ရစ်ကတော.သူ.စိတ်ကူးနဲ.မေမေတို.ဘဘတို.ရဲ.ခေတ်ပြိုင်မိတ်ဆွေများအမှတ်တရဓါတ်ပုံတွေစုပါတယ်။သူအချိန်မှီပြီးမပြီ်းတော. မသေချာလှပါဘူး။ဒီတော.မေမေမွေးနေ.မေလ(၁)ရက်နေ.အစါးမေလ(၂)ရက်နေ.မှာပြည်ရိပ်သာလမ်းအိမ်မှာဝိဇောတာရုံဆရာတော်ကိုပင်.ပြီးဘုရားအနေကဇာတင်ပြီးမိသားစုစုံစုံလင်လင်အာရုဏ်ဆွမ်းကပ်ပါတယ်။

    အဲဒီမေလ  (၂) ရက်နေ့က   နေ တကယ်ကျင်းပတဲ့မေလ (၉ ) ရက်ကြားမှာလုပ်စရာတွေအကုန်လုပ်ရပါတယ်။ ကူညီတဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေ သူငယ်ချင်းတွေ အိမ်နိးချင်းတွေ ပံ့ ပိုးမှုကြောင့်အခု လိုချောမောတယ်လို့ ထင်ပါတယ်။

    မိသားစုတွေစိတ်ထဲမှာ  အာရုံများနေတာကသမီးဂျူ နီယာဝင်းရေးတဲ့   အထုပ္ဗတ္တိစာအုပ်ကို လာတဲ့ဧည့်သည်အားလုံးကိုလက်ဆောင်ပေးဖို့ ပါ ပဲ ။ဒါဟာမေမေနဲ့ဘဘတို့ကိုယ် စားစာ ရေးသူတို့မိသားစုရဲ့စေတနာပါဘဲ။မေမေနဲ့ဘဘတို့ရဲ့ဖြတ်သန်းလါခဲ့တဲ့အကြောင်းလေးတွေကိုသိစေချင်တယ်၊မှတ်တမ်းတင်ပေးခဲ့ ချင်တဲ့ဆန္ဒအပြည့်  နဲ့ ပါ။

       နောက်တစ်ခုကမောင်ရစ်ရဲ့ ဓါတ်ပုံပြ ပွဲပါဘဲ။ဓါတ်ပုံပေါင်း (၈၀) ကျော်စုဆောင်းပြီးလှည်းတန်းထိပ်မှာဘောင်တွေအပ်ရပါ တယ်။    ပြီး တော့မှဓါတ်ပုံအောက်မှာ စာရေးဆရာ၊လူပုဂ္ဂိုလ်တို့ ရဲ့နာမည်နဲ့ မွေးသက္ကရာဖ်တွေ    စသည်ဖြင့်ဖြည်ရပါတယ်။ဓါတ်ပုံပြ ပွဲလေးက ကြည်နူးစရာမြင်ကွင်းလေးဖြစ်ခဲ့ပါတယ်။ဘဘကသူ့ခြံလေးထဲလမ်းရှောက်ရင်း ပရိတ် ရွတ်ရတာကိုသိပ်ကိုကျေနပ်ခဲ့တာကိုလည်းမှတ်မိနေပါတယ်။ဒါကြောင့်လည်းအိ   မိကိုခြံနောက် မှာ ဆောက်ပြီးခြံရှေ့ မှာလေဟာပြင်ထားပါတယ်။အခုဘဘလမ်းရှောက်ပြီးပရိတ်ရွတ်တဲ့နေရာလေးမှာမြေးဖြစ်သူကဘဘတို့မေမေတို့ရဲ့ ခေတ်ပြိုင်မိတ်ဆွေများလို့ နာမည်တပ်ပြီးဓါတ်ပုံ ပြပွဲ လုပ်ပါတယ်။

       ဒီတော့ဂျူနီယာဝင်းကအဖိုးအဖွားအမှတ်တရစာအုပ်ေ၇းပြီးမေမေတိုဘဘတို့ မိတ်ဆွေတွေ ကိုလက်ဆောင်ပေးမယ်မောင်ရစ်ကအဖိုးအဖွားရဲ့ ခေတ် ပြိုင်မိတ်ဆွေ တွေရဲ့ ဓါတ် ပုံတွေဲပြမယ်၊နောက်ပြီးသူနဲ့သူ့အပေါင်းအသင်းရောင်းရင်းတွေအွန်လိုင်းပေါ်မှာတင်နေတဲ.မိုးမခဂျာနယ်မေလထုတ်ကိုလက်ဆောင်ပေးမယ်။စာရေးဆရာမိသါးစုရဲ.တတိယမျိုးဆက်ဆန္ဒနဲ.အကောင်အထည်ဖော်တါဖြစ်ပါတယ်။

    ဘယ်သူတွေကိုဖိတ်မှာလဲ။မေမေတို.ဘဘတို.ရဲ.မိတ်ဆွေတွေ၊မေမေတို.ဘဘတို.ရဲ.စာတွေနဲ.လူပုဂ္ဂိုလ်ကိုလေးစါးတဲ.ဘယ်သူမဆိုလာလို.ရတယ်လို.ပြောပါတယ်။တစ်ချို.ကလည်းမေမေဒေါ်ခင်မျိုးချစ်ကမေလ(၁)ရက်မွေးတါသိလို.လါမှာပဲလို.သူတို.ထင်ပါတယ်။ဒီပွဲလေးကိုတပတ်အတွင်းဆွမ်ကျွေးတာရောမွေးနေ.ပွဲပါတက်သုတ်ရိုက်ပြီဲးပြင်ဆင်ကြပါတယ်။

       ဒီလောက်အလုပ်များတဲ့ကြားမှာအစာရေးသူကလာတဲ့ဧည်တွေကို တစ်ယောက်နဲ့ တစ်ယောက်မစိမ်းအောင်၊သိအောင် ရင်ပတ်မှာနာမယ်ကဒ်ပြားလေးတွေက ပ  ပေးဖို့်စိတ်ကူးပေါ်လာပါတယ်။ဒီ စိတ်ကူးကိုသားမောင်ရစ်ကသဘောတူပါတယ်။ကိုယ်ကိုယ်တိုင်စာရေးဆရာတွေနဲ.တွေရင်စိတ်ထဲမှာ “ သူကဘယ်သူလဲ “ ဆိုတဲ့စိတ်နဲ့တခါတလေလည်းနှုတ်ကအသံထွက်ပြီး မေးဖြစ်ခဲ့သိခဲ့၊တခါတလေမေးရမှာအားနာလို့မမေးခဲ့လို့ မသိခဲ့ရတာများပါတယ်။ဒီတော့မေမေတိုဘဘတို့မိတ်ဆွေဟောင်းတွေမိတ်ဆွေသစ်တွေအတွက်ရင်ဘတ်မှာကပ်ဖို့  ကဒ်ပြားလေးတွေလုပ် ပေးပါတယ်။အခုလို ကွန်ပျူတာတွေနဲ့  ခေတ်မှီနေတဲ့ အချိန်ဆိုတော့  တူမလေးခင်သစ္စာကအဲဒီကွက်လပ်ကို  ဖြည့် ဖို့  ကဒ်ပြားလေးတွေလုပ်ပေးပါတယ်  ။  အဒီကဒ်ပြား ပေါ်မှာ နာမည်ရေးတာ ၊ ရင်ပတ်မှာ ကပ်ဖို့   ကတော့သားနဲ့  ချွေးမမေသန်းဌေး  တို့  မိတ်ဆွေ မယု နဲ့  အိမ်ရှေ့  အိ မ်  က ခင်ပြေ ညိမ်း တို့   ကို တာ ၀န်ပေးရ ပါတယ် ။ တ ကယ်က သူတို့  နှစ် ယောက် ကိုဧည့်  မှတ်တမ်းရေးဖို့  နဲ့   စာအုပ်လက် ဆောင်ပေးဖို့   တာဝန်ပေးထားတာပါ။ ဒါပေမယ့်  ရာထားတဲ့တူမလေး ဒေါက် တာနိနိ စိုး မင်း ကနေမကေါင်းတော့မယုနဲ့  ခင်ပြေညိမ်း  က တာဝန် အား လုံးကို ယူရ ပါတော့ တယ်။                       

       အဲဒီနေ့ ကတော့ကဒ် ပြားတပ်ထားတဲ့ ဧည့် သည်တွေကို ကြည့်   ပြီးကိုယ်ကိုယ်တိုင်  လူသစ်တွေကို သိရလို့  ၀မ်းသာရပါတယ်။တကယ်တော့မီဒီယာသမားတွေ  ကလွဲ ရင်တော့    သိတဲ့လူတွေ များပါတယ်။  မောင်ရစ်ရဲ့ ရောင်းရင်းတွေလည်းလာကူကြ  တာပျော် စရာပါဘဲ။   သူကျောင်းတက် တုန်းကတွဲခဲ့တဲ့ သူငယ်ချင်းတွေ ပြန် တွေ့  ရ တာလည်း ဖြစ်ပါ တယ် ။

    ပို ပြီးဝမ်း သာ ကြည်နူးရတာတော့  မေမေတို့ ဘဘ တို့  ရဲ့ လုပ်ဖော် ကိုင်ဖက် ၊  မိတ် ဆွေ ဟောင်း တွေ ရဲ့ ဆွေ မျိုးတွေ၊  မိသားစုတွေ  တက်ေ၇ာက် ကြတာ ကိုတွေ့  ရလို့  ပါ ပဲ။

မေမေနဲ့  ဘဘ တို့ က ကို ကြီးနုလို့  ခေါ် ပြီးလေးစားခဲ့တဲ့ဝန် ကြီးချုပ် ဦးနုရဲ့  သမီးသန်းသန်းနု နဲံ့  သူ့  ခင်ပွန်း ဦးအောင် ငြိမ်း ၊ မေမေ ရဲ့အထက်အရာရှိ  ဗိုလ်လက်ျာ  ရဲ့ သမီးဒေါက်တာခင်လက်ျာ ၊ မေမေက ကိုကျော် ငြိမ်း လို့  ခေါ် တဲ့ ဦး ကျော် ငြိမ်း ရဲ့ သ မီးချို ချိုကျော် ငြီမ်း ၊နောက် ပြီး မေမေ နဲ့  ဘဘ က ကို ဘသန်း လို့  ခေါ်တဲ့ ဓမ္မိ က ဘသန်း ရဲ့  သမိးနဲ့  သား ဒေါ်ခင်သန်းအေး ၊ ဒေါ်ခင်မျိုး မြင့်  နဲ့   ဦးခင်မောင်ဌေး      မေမေတို့  ကကို ကြီး နတ် လိုခေါ်သလို ကိုထိန်ဝင်းလိုခေါ်တဲ သခ င် ထိန် ၀င်း ရဲ့ မြေး မအေးချမ်း နဲ့ မြစ်ကလေး         ရွေ ရည်ဝင်းလဲ့ ၊ဦးထွန်းတင်( မန်း တင် ) ရဲ့ သမီးချို ချိုတင်(မစန္ဒာ ) တို့  လာ ကြပါတယ်။

မိဘတွေမရှိပေမယ့်မိဘရဲ့   သံယောဇဉ်ရှိခဲ့ တဲ့လုပ်ဖေါ် ကိုင်ဖက်လူ ကြီးတွေရဲ့ ပွဲကို  သတိတရ နဲ့ လာကြလို့ စာရေးသူတို့မိသားစု  ကကျေးဇူးတင်မိ ပါတယ်။      

          မေမေတို့ ဘဘတို့နဲ့ ခေတ်ပြိုင်မဟုတ်ပဲ  သားမြေးတပည့်တွေလည်းလာကြတာ   မှတ်တမ်းတင်ရမှာပါ ။ မေမေ နဲ့ ဘဘရဲ့ တူသားလို ခင်မင်ပြီး ကိုခင်မောင်ဝင်း ကိုယ် တိုင်  ခင်မင်တဲ့ ကိုကိုရစ်ချပ် လို့ ခေါ် တဲ့ ဦး ၀င်းဖေ( မြဇင် ) ကဘီးတပ်ကုလားထိုင် နဲ့ လာရောက်ခဲ့     ပါတယ်။သူရဲ့အသက်က ၈၈ နှစ်ဖြစ်ပါတယ်။  သူ့ ရဲ့ ပညာကိုဘဘ နဲ့မေမေ ကတဖွဖွနဲ့ချီး  မွမ်းခဲ့တာပါ။ သူနဲ့အတူတူ  မေမေတို့ချိးမွမ်းခဲ့တာက  ဦးသာနိုးနဲ့ ကိုကျော်ထွန်း(ဓါတုဗေဒ   ပါမောက္ခ)  ဆိုတာမှတ်မိနေပါတယ်။ဦးဝင်းဖေက  မှတ်ဥာဏ်အလွန်ကေါင်းပြီး  လာတဲ့လူတွေ    ကိုသူမှတ်မိပြီး နှုတ်ဆက်ပါတယ်။  ဦးဝင်ဖေထက်   တစ် နှစ်ကြီးတဲ့်ဦးတင်ဦး(၈၉  နှစ်)      လည်းအစောကြီး     ရောက်လာပြိး အမှတ်တရစာတွေ  ရေးပေးပါတယ်။NLD ပါတီက    ဦးတင်ဦးဟာမေမေဒေါ်ခင်မျိုးချစ်ရဲ့မောင်ဦးသိန်းမောင်      ၊ ဦိးသိန်းအောင် (ဦးလွင်)  တို့ တွေကို     ကောင်းကောင်း သိ ကျွမ်းခင်မင်ခဲ့တာဖြစ်လို့  အမှတ်တရစကါး  ပြောတဲ့ဆီမှာ ထည့်    ပြော ပါတယ်။မေမေဂျပန်ခေတ်က  စစ်ယူနီဖောင်း  ၀တ်ပြီးဗိုလ်ချုပ်အောင်ဆန်းနောက်က    staff  officer   အဖြစ်လိုက်ရတယ်ဆိုတာ ကို သူပြောပြလို့  သိခဲ့ရပါတယ်။မေမေ နဲ့ ဘဘ   ကတစ်ခါမှ ပြောမသွားတဲ့ အကြောင်း ဖြစ် ပါတယ်။

   မေမေနဲ့ဘဘတို့က တကယ်ကရန်ကုန်သူရန်ကုန်  သားတွေ မဟုတ် ကြပါဘူး။မေမေက စစ်ကိုင်းက၊ဘဘ က မုံရွာက ဖြစ်ပါတယ်။ရန်ကုန်မှကြီးကြတာ   လို့ ပြောပါတယ်။        သင်္ချာဆရာကြီးကို  ရန်ကုန်မှာမွေးတာဖြစ် ပါတယ်။ဘဘနဲ့ မေမေက သူတိုကိုသူတို့ ကိုယ်    သူ တို့ ကိုယ် သူတို့ အထက်ဗမာပြည်က  အောက်ဗမာပြည် က ဆိုပြီးမပြောဖူးပါဘူး။       အညာသူအညာသား   တွေဆိုတာကိုတော့  သူတို့ မက်မက်မောမော ကြိုက်နှစ်သက်တဲ့       အညာစာတွေအကြောင်း  ပြု ပြီး ပြော တတ်ပါ တယ်။

         သားမောင်ရစ်နဲ့ မိုးမခ နာယက ကြီး ဦး မိုးသူ ၊  ကလေးတွေကသိပ်သဘောကျပြီး       မ မြင်ဖူးသေးတဲ့ ဦးဇော်ဇော် အောင် တို့ လည်းလာ ကြ ပါတယ်။မေမေတို့ ရဲ့  အချစ်တော်      ဒိုင်းခင်ခင်ဒေါ်လှသန်းရဲ့  သားကျော်ကျော်မင်း၊အပြင် မေမေတို့ မိတ်ဆွေ  လင်းယုန်  မောင် မောင် ရဲ့ သားသား  ကြီးမောင်ဇေယျ၊ မေမေဆုံးခါနီးအထိမေမေ့ ဆီ အ မြဲရောက်လာပြီး စကါး         ပြောတဲ့  ဗိုလ် ထိန်လင်း( ဗိုလ်တစ်ထောင်)  ရဲ့ သားကိုမော်လင်း ၊ မေမေ နဲ့ ဘဘ ကို ခိုလှုံ့       ရာပေးခဲ့တဲ့ သံတတားလမ်းက  ဖွားဖွား ဒေါ် သေးသေးရဲ့  သား ဥိးစံတင် နဲ့ မမ၀င်း ၊        (ဘဘနဲ့အတူ ဂျပန်ခေတ်က နိုငံခြားရေးရုံး  မှာလုပ်ခဲ့တဲ့ဒေါ်သန်းခင်ခေါ် မမခင် က မတ်လ  ၂၀ ရက်နေ့  မှာကွယ်လွန်သွားပါတယ်။မမခင်ဟာမေမေတိုဘဘတို့     အကြောင်းတွေကိုအသေးစိတ်      မှတ်မိပြီးပြော ပြ သူလည်းဖြစ်ပါတယ်။မမခင်လိုဘဲ  မေမေနဲ့  ဘဘ တို့ အကြောင်းကို         ပြောပြ  တတ်တဲ့ မမတင်ကတော့ မလာနိုင် ခဲ့ပါဘူး။သူလည်းအသက် ၈၀ ကျော်  ၉၀      နိးပါ ပြီ ။ ဒါပေမယ့် မမတင် ကျန်းမာရေး  အလွန်ကေါင်းသူပါ။ )       သံတတားလမ်း      ရဲ့အ မျိုး ဖြစ်တဲ့  ဦးအေးမောင်(စာပေဗိမာန်)  နဲ့ မမရင်(ဒေါ်သေးသေးဧ။် သမီး ကြီး        တို့  ရဲ့ သား ကို လှတိုး(ရန်အောင်စာပေ)နဲ့ မြေး ပြည့် ကျော် တို့ လည်းလာ ကြပါ တယ်။    ရန်အောင်စာပေက  သမီးဂျူနိယာဝင်း ရဲ့   A Memory of My Grandparents   စာအုပ်     ထွက် အောင်လုပ်ပေးသူတွေ ဖြစ် ပါတယ်။)

       ဘဘတို့ မေမေတို့ ရဲ့ တပည့်တွေ ၊ မိတ်ဆွေ တွေ    အကြောင်းပြီးတော့   ဆွေမျိုးတွေ    အကြောင်း ကိုရောက် လာပါ ပြီ ။ဘဘ ရဲ့ အစ်ကိုအကြိးဆုံးဦးဘသော် (ပုလိပ်အရာရှိတစ်ဦး)     ရဲ့ သမီးဦးစိန်ခင်မောင်ရဲ.ညီမဒေါ်စန်းစန်း( ဆိပ်ကမ်းအမတ်)၊ ဒေါ်စန်းစန်းရဲ့အမ ဒေါ်မြင့်မြင့်သော် ရဲ့သမီး မမူ ၊ဒေါ်စန်းစန်း ရဲ့ မောင် မ န္တလေးက ဦးခင်မောင်နီ နဲ့  ဇနီးဒေါ်ခင်ခင်သိန်း၊ ဘကြီးသော်ရဲ့   မြေးတွေ    ၊ဆွေ မျိုးအစုံ လာကြ ပါတယ်။ မေမေတို့ သားသမီးလို ခင်မင်တဲ.  အတွေးအမြင် မ ဂ္ဂ ဇင်းက    ဥိးဝံသ(ကွယ်လွန်) နဲ့ ဇနီး ဒေါ်မြင့်မြင်  တို့ရဲ့ သမီး လတ် လ တ်  လည်းလာပါတယ် ။

       မေမေတို့ ဘဘတို့ ကိုလေးစားတဲ့ ဒေ၀ီသန့် စင်(တော်ဘု၇ားလေးဦးအောင်  ဇေရဲ.သမီး)          ၊ဆရာဦတင်မိုးရဲ့သမီးမိုး  မိုးစံ နဲ့ ဦးသန်းညွန့် ၊ မေမေ နဲ့ ဘဘကို မိဘပမာ ရိုသေပြီး        ၊သူတို့အကြောင်းကိုအမြဲပြောနေတတ်တဲ့ဒေါ်ရွှေ ဂူ မေ နှင်း(မမနှင်း  ကခြံကိုတစ်ရက်ကြိုပြီး         ရေဖျန်းပေးပါတယ်။)မမေနှင်းလိုပဲမေမေတိုဘဘတို.ကိုရိုသေတဲ.မမစမ်းစမ်းနွဲ.သါယါဝတီတို.မိသါးစု။မေမေရှိစဉ်ကအညါမုန်.စားချင်တယ်ဆိုလို.ခြံထဲကိုမုန်.ပြားသလက်ဈေးသယ်ကိုခေါ်လါပြီးမုန်ပြားသလက်လုပ်ပြီးကျွေးတဲ.စာရေးဆရာကြီးမောင်သော်ကရဲ.တူတွေဖြစ်ပြီးကျားဘငြိမ်းရဲ.သားတွေဖြစ်တဲ.ဦးဝင်းငြီမ်းတို.ညီအစ်ကို၊ မေမေတို့ ဘဘတို့  ကပြခဲ့တဲ့ စရေးဆရာ        ပြဇာတ်မှာသရုပ်ဆောင်တစ်ဦးဖြစ်တဲ.  စာရေးသူရဲ့           ဥိးလေးတော်စပ်တဲ.လင်းယုန်နီရဲ့သား  နဲ့ သမီး မောင်ထင်အောင် နဲ့ ဒေါက်တာ၇ီ၇ီ မြင့်  ၊ တို့         စုံစုံလင်  တွေ့ ရပါ တယ် ။ မေမေ တို့  ဘဘ တို့ မရှိ တော့ တဲ့ နောက် ပိုင်း ဆက်လက် ပြီးအ တူတူ         အ လုပ်လုပ် ရင်း   ခင်မင် ခဲ့ တဲ့ဦးကျော်ဦး (ပါရမီ စာပေ) ၊ unity  စါပေက     ဦးသန်းဆွေ    ၊  ဦးဝင်းချို (ဓူဝံ)၊ ဦးဝင်းတင် (English For All ) ၊ ဦးညွန့် ဝေမိုး ( စိတ်ကူးချိုချို )၊          ဦးသိန်းလွင်(လင်းလွန်းခင်)၊ တို့  လည်းလာ ကြပါတယ်။

အစောဆုးုံရောက်တာက ဒေါ်သန်းမြင့်အောင်  ဖြစ်ပြီး နောက်ဆုံး ကတော့  ဖြူဖြူ  သင်း    ဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံး  အလုပ်စလုံး အလုပ်တွေ  ကိုယ် စီနဲ့မအာားကြရာက      လာကြတာဖြစ်ပါတယ်။  လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ထမနဲပွဲကို တက်ရောက်ဖူးတဲ့     ဒေါ်သန်းမြင့်အောင်ကို  ပြည်ရိပ်သာခြံ မှာ ပြန်တွေ့  ရတာဖြစ်ပါတယ်။      ကိုမင်းကိုနိုင်က    စာရေးသူတို့ မိ သားစုလေးယောက်  အမှာစကါးပြောနေတုန်းရောက်လာပါတယ်။               

မိသားစုလေးယောက်ဟာ  စာပဲရေးပြီး လူပရိသတ်ကို စကါးမပြောဖူးတာက    ရွှေ ရီဝင်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြောဖြစ်သွားပါတယ်။  မိသားစုလေးယောက်  စကါးပြောပြီးတော့  ဦးတင်ဦး နဲ့ ဘကြီးမိုး   (ဦးမိုးသူ) တို့ က စကါးပြောကြပါတယ်။        ဦးတင်ဦးပြောတဲ့  မေမေ့အကြောင်း  တွေက စာရေးသူတို့ မိသားစုက မေမေဆုံးပြီးမှ     ကြားဖူးတဲ့  စကါးတွေဖြစ်ပါတယ်။   မေမေ စစ်ယူနီဖောင်း ၀တ်တယ်ဆိုတာ  မေမေ မရှိတော့    မှ ကြားဖူးတာပါ။  ဦးတင်ဦးကိုယ်တိုင်  မြင်ခဲ့တွေ့  ခဲ့ တာ ဖြစ်ပါတယ်။    မေမေရှိစဉ်က        အချို့  တွေက မေမေ ယူနီဖောင်း ၀တ် တဲ ကိစ္စ ကိုဲု   ၀တ်စရာမရှိ လို့           စသည်ဖြင့် ပြော ကြပါတယ်။မေမေကိုယ်တိုင်ြ့ပန်ပြောတာက ဗိုလ်ချုပ်အောင်ဆန်း         ကိုယ်တိုင်က  “ခင်ဗျားလုပ်နေရတာစစ်ရုံးမှာစစ်တပ်ကကိစ္စ တွေကြီး ဘဲ ဆိုတော့ ယူနီဖေါင်း           ၀တ်လိုက်ပါ။”  လို့  ပြောလို့ ၀တ် တာ  လို့ ပြောသလို  သူများတွေပြောသလို   ၀တ်စရာ    မရှိလို့  ၀တ်တာလို့  လည်း ပြောပါတယ်။အချို့   တွေဆီမှုာ  မေမေယူနီဖောင်း          ၀တ်တဲ့ပုံရှိတယ်လို့  ပြောသံ ကြားပေမယ့်  ၊ စါရေးသူတိုမိသားစုက  မမြင်  ဖူးပါ ဘူး ။   မေမေ         စစ်ယူနီဖောင်း  ၀တ်ခဲ့တာကို  သင်္ချာဆရာကြီးကလည်း  မမှတ်မိကြောင်းကို    ၀န်ခံပြော        ဆိုပါတယ်။ သင်္ချာဆရာကြီးက မေမေ နဲ့ ဘဘ ရဲ့  နှစ် တစ်ရာပြည့်    မွေးနေ့   မှာတော့     အခု လိုပြောပါတယ်။

      “မေမေကသူ့ဘ၀မှာ  -- အတော်ဘဲ-- ဆိုတဲ့စကါးကိုအလွန်ကြောက်ခဲ့ပါတယ်တဲ့။        ဖြစ်ပုံကဒီလိုပါ။တစ်နေ့ တော့ဗိုလ်ချုပ်အောင်ဆန်းက မေမေ့ ကိုတွေ့  တော့  --သြော့့်  မခင်မြ့     အတော်ဘဲ   ၊  ဒီ စာလေးပို့   ပေး ပါ။့  ဆိုပြီး ခိုင်းတယ်။သူပြောလိုက်            တဲ့လေသံက ဘါမှ မဟုတ် သလိုဘဲ။တကယ်က အဲဒီစာထဲမှာ  လျှို့   ၀ှက်တဲ့       အကြောင်းအရာတွေပါတယ်။မေမေ့ ကိုဒီစာနဲ့ အတူ ဂျပန်တွေသာတွေ့  သွားရင်          တော့မလွယ်ဘူး။နှိပ်စက်ခံရမယ်။အသက်ကိုတောင် ရန်ရှာနိုင်ပါတယ်။အဲဒီလိုပဲ            ဗိုလ်ချုပ်က  မကြာခဏ “အတော်ဘဲ”  လို့ ပြောတိုင်း  ရင်တုန်ရတဲ့ အကြောင်း  ပြောပါတယ်။”

ဒါကသင်္ချာဆရာကြီးက  သူမှတ်မိသရွေ့  ကိုပြန်ပြောတာဖြစ်ပါတယ်။         တစ်ခါမှမပြောဖူးသေးတဲ့  စကါး ဖြစ်ပါတယ်။မေမေပြောလို့  စာရေးသူ မှတ်မိတဲ့   အဖြစ်အပျက်ကလေးက  အခုလိုဖြစ်ပါတယ်။  မေမေဈေးဝယ်ပြီး  ဆိုက္ကား နဲ့  စစ်ရုံး   ထဲဝင်လာတယ်။(မေမေတိုအိမ်က  စစ်ရုံးနောက်မှာဖြစ်ပါတယ်။)    အဲဒီအခါမှာ           ဗိုလ်ချုပ်   အောင်ဆန်းက  ရုံးထဲကထွက်လာပြီး  “ဟာ……မခင်မြရောက်  လာတာနဲ့ အတော်ဘဲ။ဒီစာလေးယူပြီး   ပို့ပေးပါ။ရုံးမှာခိုင်းစ၇ာလူ မရှိလို့ပါ။”   လို့ ပြောတယ်။     ဒီတော့    မေမေလည်း ဈေးခြင်းတောင်း  ချပြီး  ဗိုလ်ချုပ်  ပေးတဲ့ စာလေးကို   ကိုင်ပြီး  ထွက်ခဲ့ရတယ်။

မေမေကဒီလို  သက်စွန့်  ဆံဖြားလုပ်ခဲ့ရတာကို   ဂုဏ်ယူပြီးပြောတာ   မဟုတ်ဘဲ   ရယ်မောပြီး  ဟာသဆန်ဆန်လေး  ပြောတာပါ။သူ့ စိတ်ထဲမှာ    တော်လှန်ရေး   အတွက်အသက်စွန့်  သွားကြတဲ့  ရဲဘော် ရဲ ဘက် ၊လုပ်ဖော်ကိုင်ဖက်တွေ    မိတ်ဆွေတွေ    အသက်မသေပဲ ကျန်ခဲ့တဲ့လူတွေ  နဲ့  စာရင် မေမေတို့  ဘဘတို့  လုပ်ခဲ့တာက  ၊ မဆိုသလောက် ပါလို့  ၊ တွေး မိသလား မသိ ပါဘူး ။

ဘကြီးမိုး(ဦးမိုးသူ)  ကလည်း စကါးပြောကေါင်းသူတစ်ယောက်  ဖြစ်ပါတယ်။    သူက သူရေးနေတဲ့ဆောင်ပါး လို ရှေးကတော့အလွန်ချစ် ကြတယ်  ဆိုတဲ့  စကါး  အတိုင်း    စည်းစည်းလုံးလုံး လုပ်ခဲ့  ကိုင်ခဲ့  ကြတာတွေ   ၊ အားကျစရာ ပြောပါတယ်။နောက်တော့       မေမေတို့ ဘဘ တို့ နဲ့ မွေးနှစ်  တူတဲ့ လူထုဦးလှ နဲ့  ဒေါ် အမာ အကြောင်းလည်း      ပြောပါတယ်။ဘကြီးမိုးဆိုပေမယ့်   သူ့ အသက်က ၇၈ နှစ်ပဲရှိပါသေးတယ်။   

          မေမေ နဲ့ ဘဘ တိုရဲ့  နှစ် တစ်ရာပြည့်  နဲ့  ခေတ်ပြိုင်ပုဂ္ဂုလ် တွေရဲ့    ဓါတ်ပုံ  ပြပွဲကတော့ ၊ မိုးလွတ် လေလွတ်  ကျင်းပ ပြီးစီး ခဲ့  ပါတယ်။ဓါတ်ပုံ ကြည့်  တဲ့ ပရိသတ်က၊      သူတို့  မတွေဖူးတဲ့ ဓါတ်        ပုံတွေကို ကြည့်  ပြီး ၊ အံ့ သြ၀မ်းသာ  ကြသလို၊  ဓါတ်ပုံရှင်   တွေရဲ့    သား သမီး ဆွေ မျိုးတွေ ရဲ့  ၀မ်းသာဝမ်းနည်း ခံစါးချက်လေး တွေ ကိုလည်း   ကိုချင်း စါမိပါတယ်။အချို့ ဓါတ်ပုံမပြနိုင်တဲ့  လူပုဂ္ဂိုလ်တွေရဲ့   ဓါတ်ပုံတွေကို သူတို့   ရဲ့ သားသမီး    မြေးမြစ် တွေဆီက  သားမောင်ရစ်က  တောင်းခံပါတယ်။သူ့ ရဲ့ စုဆောင်းမှု  ကွက်လပ်     ကလေး ပြည့်   စုံသွားမှာ ဖြစ် သလို   နောင်လာနောက်သား  တွေအတွက်   အမှတ်  တရနေရာလေး  ဖြစ်သွားမှာ  ဖြစ်ပါတယ် ။

               မေမေနဲ့ ဘဘ တို့ ရဲ့ နှစ် တစ်ရာ ပြည့်  အထိန်းအမှတ်နေ့  ကျင်းပဖြစ်   ခဲ့ တဲ့အတွက်  ၀ိုင်းဝန်းကူညီ တဲ့ လူတွေအားလုံး  နဲ့ ကြိုးစား  ပြီးလာရောက် ကြ တဲ့     ဘဘနဲ့မေမေ တို့ရဲ့ ဆွေမျိုးတွေ၊ တပည့်  တွေ အားလုံးကို  ကျေးဇူးတင်ကြောင်း  မှတ်တမ်းတင် ပါတယ်။ အကြောင်း အမျိုး မျိုး ကြောင့်  မလာနိုင် ကြ သူတွေ အတွက် တော့   စိတ်  မကေါင်း ဖြစ် မိပါတယ် ။

            အဲဒီထဲမှာ မေမေ ရဲ့ မောင် အရင်း ဦးလေးမောင် ( ဦးသိန်းမောင် ) မိသားစု   အကြောင်းလည် ပါလာ ပါတယ် ။ မေမေ့ မောင် အရင်း  ဦးလေးအောင် ရဲ့ ဓါတ်ပုံ    ကိုစါအုပ်ထဲ မှာရောပြ ပွဲ မှာပါ ပြ သ နိုင်ပေမယ့် ၊ ဦးလေးမောင် ရဲ့ ပုံ ကိုတော့   မပြသ နိုင်ခဲ့ပါ။ ဂျူနီယာဝင်းရဲ့ စါအုပ်  ကြော် ငြာ ကိုတွေ့  တဲ့ ဦးလေးမောင် က  စါအုပ်   ၀ယ်ခိုင်း ပြီးဖုန်း ဆက် တော့မှ  တစ်မြိုထဲ နေ ပြီး ၊အနှစ် ၂၀  နီးပါး  ကွဲနေတဲ့  ဦးလေးမောင်    မိသားစုနဲ့  ပြန်ဆုံ ကြပါ တယ် ။ ဦးလေးမောင် ရဲ့  အသက်က   ၉ ၆  နှစ်ပါ။ ကျန်းကျန်း  မာမာ ရှိပါတယ် ။

Thursday, July 23, 2015

သခင်ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄) ။ Thakhin Kodaw Hmine (1876 - 1964)

သန်းဝင်းလှိုင် - သမိုင်းတကွေ့မှ ဆရာကြီး သခင်ကိုယ်တော်မှိုင်း
(မိုးမခ) မေ ၂၂၊ ၂၀၁၁
 
လူထု၏ ချစ်ခင်လေးစားခြင်းကို ခံယူရရှိသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ရာစုခေတ်တခေတ်နီးပါးမျှ ကလောင်ဖြင့် တိုက်ပွဲခဲ့သည်သာမက ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ‘သခင်ကိုယ်တော်မှိုင်းဋီကာ’ စာအုပ်ကိုပြုစုခဲ့သော ဆရာဇော်ဂျီက “အိန္ဒိယ လွတ်လပ်ရေးကို ‘နေရူး’ သည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို ‘တဂိုး’ က စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ တရုတ်ပြည်သစ် ထူထောင်ရေးကို ‘မော်စီတုန်း’ သည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို ‘လူရွှန်း’ က စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာ့လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်ဟု ယူဆပါသတည်း” ဟူ၍ ရေးသားဖော်ပြထားလေသည်။
ဤအထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာပေတို့သည် အစွမ်းထက်ခဲ့သည်။ ကျေးဇူးကြီးမားခဲ့သည်။ မှန်ပေသည်။ လောကအမြင်အကြားတို့ဖြင့်ပြီးသော အနုပညာလက်ရာ မှန်သမျှသည် နှစ်သက်ခြင်းပီတိနှင့်တကွ လောကအမြင်တို့ကိုပါ ပေးတတ်သည်ဟု ဆိုကြလေသည်။ ဆရာကြီး၏စာများကို ဖတ်ရှုသူတိုင်းသည် နှစ်သက်ခြင်းပီတိကိုဖြစ်ခဲ့သည်သာမက ပတ်ဝန်းကျင် လောကကို မြင်တတ်၊ ကြားတတ်ချင်သောဆန္ဒ တိုးလာသည်ကို သတိပြုမိသည်။ 


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဆရာကြီး၏စာများသည် မြန်မာစာပေဘက်မှနေ၍ ကြီးစွာသော အထောက်အပံ့ကို ပေးခဲ့သည်။ ဆရာကြီး၏ ဇာတိမာန်ကဗျာများသည် များသောအားဖြင့် လေးချိုးရှည်ကြီးများဖြစ်၍ ထိုကဗျာများကို ဆရာကြီး၏ မှာတော်ပုံများ၌လည်းကောင်း၊ ဆောင်းပါး ပေါင်းချုပ်၌လည်းကောင်း၊ ဒေါင်းဋီကာ၊ မျောက်ဋီကာ၊ မျောက်ဂဏ္ဌိ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ ခွေးဂဏ္ဌိများ၌လည်းကောင်း ဖတ်ရှုနိုင်ပေသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ထိုစဉ်က ထိုကဗျာများမှတဆင့် မြန်မာရာဇဝင်နှင့် မြန်မာစာပေယဉ်ကျေးမှုတို့ကို မေ့လုမတတ် စည်းကမ်းပျက်နေကြသော မြန်မာတို့၏စိတ်ဓာတ် အညံ့အဖျင်းများကို ပကတိ အဆင်းအရောင်နှင့် ပြည့်စုံလာစေရန် မြန်မာမင်းကောင်းမင်းမြတ်တို့၏ အကြောင်းကိုလည်းကောင်း၊ မြန်မာရာဇဝင် အဖြစ်အပျက်များကိုလည်းကောင်း၊ မြန်မာစာပေ ယဉ်ကျေးမှုအကြောင်းကိုလည်းကောင်း၊ လွတ်ဆွတ်ဖွယ်၊ ကြည်ညိုဖွယ်၊ အားတက်ဖွယ်ဖြစ်အောင် မြန်မာလူထု နားလည်နိုင်သော နည်းပရိယာယ်ဖြင့် ကြံဆောင်နှိုးဆော်ပေးခဲ့သည်။ ဆရာကြီး၏ ကဗျာများသည် ပညာဂုဏ်ကိုဖော်လို၍ ဟိတ်တလုံးဟန်တလုံးနှင့် ဖွဲ့ဆိုသောကဗျာမျိုး မဟုတ်။ ကြည်လင်သောစေတနာဖြင့် သက်သက်သာသာ နာစချင့်ဖွယ်ဖြစ်အောင် ဖွဲ့ဆိုသောကဗျာမျိုးဖြစ်သည်။

ဆရာကြီး၏ စာပေနှင့်ဘဝခရီးစဉ်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၏ ခရီးစဉ်နှင့် တပြေးတည်းဖြစ်ခဲ့သည်။ သို့ကလို လူထုအား ဝံသာနုစိတ်ဓာတ် မြင့်မားစေရေးအတွက် ရှေ့ဆောင်လမ်းပြခဲ့သော မျိုးချစ်စာဆိုတော်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးလည်ရွာ၌ အမိ ဒေါ်အုန်း၊ အဖ ဦးစံဒွန်းတို့မှ ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးယောက်အနက် ဒုတိယမြောက် ဖြစ်သည်။ အမည်ရင်းမှာ မောင်လွမ်းမောင် ဖြစ်သည်။ ငယ်စဉ်ကပင် ဉာဏ်ထက်မြက်သည်ဟု ဆိုလေသည်။ ဆရာကြီး၏ ကံ့ကူလက်လှည့်ဆရာမှာ မြန်မာစာပေသမိုင်းတွင် နေလပမာ ထင်ရှားလှသော ရွှေတောင် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး (မြန်မာသက္ကရာဇ် ၁၁၇၈-၁၂၅၆) ဖြစ်သည်။

ထို့နောက် သီပေါမင်းလက်ထက် မန္တလေးနေပြည်တော် မြတောင်ကျောင်းတိုက်၌ ပညာ ဆက်လက်သင်ယူသည်။ ဆရာကြီး၏ အသက် ၁၀ နှစ်၊ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ထူးခြားလှသော အခြင်းအရာတခုကို သိမြင်ခဲ့ရလေသည်။ ထိုအခြင်းအရာကား အင်္ဂလိပ်လက်သို့ အရှင် နှစ်ပါး လိုက်ပါသွားရသည့် ပါတော်မူမြင်ကွင်းပင်တည်း။ ပါတော်မူမြင်ကွင်းကြောင့် ပြည်သူတရပ်လုံး ယူကျုံးမရဖြစ်ခဲ့ရသည်ကို တွေ့မြင်မိကာ ထိတ်လန့်ပူပန်၍ မခံချင်စိတ်၊ ဇာတိမာန်စိတ်တို့ ဆရာကြီးရင်ထဲ၌ ဖြစ်ပေါ်လာခဲ့လေသည်။ ယင်းနှင့်ပတ်သတ်၍ ဆရာသိန်းဖေမြင့် က ၁၉၃၇ ခုနှစ်က ရေးသားထုတ်ဝေသော သူ၏ “သခင်ကိုယ်တော်မှိုင်း အမည်ခံ ဆရာလွန်း၏ အတ္ထုပ္ပတ္တိ” ၌ _

“မြတောင်တိုက်ကျောင်းကြီးတကျောင်းရှိ ကပြင်၏လက်ရန်းပေါ်တွင် လူချောချောဆယ် နှစ်သားအရွယ်တယောက် ထိုင်နေလေ၏။ သူသည် သျှောင်ပေစူးကလေးကို ကျစ်နေအောင် ထုံးလျက်ထား၏။ တရုတ်တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုးကလေး ဝတ်ထား၏။ ထိုသူကလေးသည် သီပေါမင်းပါသွားသည်ကိုမြင်လျှင် ငိုရှာလေသည်။ ဝမ်းထဲ၌ လှိုက်လှိုက်နှင့် ပူနေတော့၏။ အဖိုးများစွာ ထိုက်တန်သော အရာကလေးတခု ပျောက်သွားသည်ဟု ထင်ရှာလေ၏။ ထိုသူငယ်သည် အသက်ငယ်သေးသော်လည်း (အင်း … ငါတို့တမျိုးလုံး လူမျိုးခြားကျွန်ဖြစ်ပြီ) ဟုသိကာ မချိမဆံ့ ဖြစ်နေလေ၏။ နောက် ဘုရင်သည် ဂေါဝိန်ဆိပ်ဆင်းသောအခါ ကျောင်းဦးဘုရားသို့ ထိုသူငယ်သည် သွားလေ၏။ ဘုရားကို ရိုသေစွာကန်တော့ပြီး (တပည့်တော်ကား ကမ္ဘာပျက်ခါနီးမှ လူဖြစ်ရပါသည်။ ယခုတပည့်တော်တို့လူမျိုးသည် ကျွန်ဖြစ်ခဲ့ပါပြီ။ နောက် ဖြစ်လေရာဘဝ၌ ဘုရာ့ တပည့်တော်သည် ကျွန်လူမျိုး၌ မဖြစ်ရပါစေနှင့် ဘုရား) ဟု ဆုတောင်းလေ၏” ဟု ဆိုခဲ့လေသည်။

`မန္တလေးတွင် ထီးနန်းကွယ်ပျောက်သည့်အခါမှစ၍ ဆရာကြီးသည် မြတောင်ကျောင်း၌ အတည်တကျမနေတော့ဘဲ ချောင်းဦး၊ အလုံ၊ မုံရွာ၊ ကြေးမုံ၊ ဘုတလင် စသောအရပ်များသို့ ကိုရင်ဘဝဖြင့် လှည့်လည်၍ စာသင်ပြန်လေသည်။ ထိုအခါကပင် မေတ္တာစာ၊ မှတ်တမ်းတို့ကို ရေးစပြုသည်ဟု ဆိုလေသည်။ ဤသို့ အလုံ၊ မုံရွာ စသည်တို့၌တလှည့်၊ မန္တလေး၌တလှည့် စာသင်ရင်း ခရီးလှည့်လည်ရင်းပင် ဆရာကြီး အသက် ၁၉ နှစ်အရွယ်သို့ရောက်လာရာ အဖ ဦးစံဒွန်းသည် ၁၈၉၄ ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။

ဤတွင် ဆရာကြီးသည် ရန်ကုန်သို့ ခြေဦးလှည့်ရလေတော့သည်။ ဆရာကြီးသည် တသက်လုံး ရဟန်းပြုနေထိုင်ရန် ရည်မှန်းထားသော်လည်း ခိုကိုးရာမဲ့ဖြစ်သော မိခင်ကြီးကို လုပ်ကျွေးသမှုပြုရန် လူထွက်ခဲ့လေသည်။ ထို့နောက် မော်လမြိုင်ဆင်း၌ အလုပ်ရှာခဲ့လေသည်။ ထိုအခါမှစ၍ အသက် ၁၉ နှစ်အရွယ်အထိ သင်ကြားခဲ့သော ပညာနှင့်တကွ မန္တလေး၊ အလုံ၊ မုံရွာတို့၌ ကြားမြင်တွေ့ကြုံခဲ့သော သုတ၊ ဒိဌ၊ မုတ တို့ကို ပြန်လည်သုံးသပ်၍ ကလောင်ကိုင်ခဲ့လေသည်။ နောင် ရေးလတ္တံ့သော စာပေ အစုစုသည် ဆရာကြီး အသက် ၁၉ နှစ်အရွယ်အထိ အညာဒေသ၌ စုဆောင်းသိမ်းဆည်းခဲ့သော ပညာနှင့်တကွ အကြားအမြင်ဗဟုသုတ၊ ကိုယ်တွေ့မုတတို့၏ ကြေးမုံပင်ဖြစ်လေသည်။ မော်လမြိုင်မြို့ရှိ ‘မြန်မာတိုင်း’ သတင်းစာတွင် ပဏ္ဍိတလေး အမည်ဖြင့် ကဗျာများ၊ ဆောင်းပါးများ ရေးသားခဲ့သည်။

မော်လမြိုင်မှတဖန် ၁၉၀၀ ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ ရောက်ခဲ့သည်။ ဆရာကြီးသည် ရှေးဦးစွာ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းအနီး ၃၁ လမ်းရှိ ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်၌ အလုပ်ရသည်။ အလုပ်မှာ ပထမ စာစီအလုပ်ဖြစ်သည်။ ထိုမှတစတစ စာပြင်အယ်ဒီတာ ဖြစ်လာသည်။ ဇမ္ဗူ့ကျက်သရေ၌ အလုပ်လုပ်နေစဉ် ဆရာကြီးသည် တဖက်မှကြိုးစား၍ ကလောင်စမ်းစပြုနေသည် ဟုဆိုလေသည်။ 

ထိုခေတ်မှာ ဇာတ်ပွဲများခေတ်စားသော ခေတ်ဖြစ်သည်။ ဇာတ်ပွဲများကို အကြောင်းပြု၍ ဇာတ်ကရန်ပြဇာတ်များ ခေတ်စားနေသည်။ ၂ ပဲတန် ပြဇာတ်စာအုပ်များ ပလူပျံသကဲ့သို့ ပေါ်ထွက်နေ၏။ ပြဇာတ်များကိုလည်း ထုတ်ဝေသူတို့က သွက်လက်စွာ ရိုက်နှိပ် ရောင်းချနေသလို၊ ပြဇာတ်ရေးဆရာတို့လည်း ဝင်ငွေလမ်းဖြောင့်နေသည်။ ဉာဏ်ပူဇော်ခမှာ စာမျက်နှာ ၈၀ ကျော်သာရှိသည့် ပြဇာတ်တထုပ်အတွက် ၁၅ ကျပ်၊ ၂၀ ကျပ်သာ ဖြစ်သည်။ ဆရာကြီးသည် မောင်လွမ်း ကလောင်အမည်ဖြင့် ပြဇာတ်များရေးခဲ့ရာ စုစုပေါင်းပုဒ်ရေ ၈၀ ကျော်ရှိသည်ဟု သိရသည်။ ဆရာကြီးအဖို့ ပြဇာတ်တထုပ်ကို နှစ်ညခန့်သာရေးရသဖြင့် ပြဇာတ်အများအပြား ရေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆရာကြီး၏ ပြဇာတ်များကို ရုပ်သေးဦးဖူးညို၊ ဇာတ်မင်းသားကြီး စိန်ကတုံး၊ ယောက်ျားမင်းသမီး မယ်အောင်ဗလ၊ ဂရိတ်ဦးဖိုးစိန်တို့က ခင်းကျင်းပြသကြသည်ဟု ဆိုသည်။ ဆရာကြီးရေးခဲ့သော ပြဇာတ်များအနက် “ရွှေတိဂုံဘုရား အထူးကျားဖူးရောက်ခြင်း” ပြဇာတ်သည် အရောင်းရဆုံး ဖြစ်သည်။ အမှန်တကယ်ပင် ၁၉၀၃ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ရွှေတိဂုံစေတီတော် အင်္ဂါထောင့်သို့ ကျားတကောင် တက်ရောက်ခဲ့သဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။

သို့သော် ပြဇာတ်ရေးရာတွင် ဆရာသမားများ၏ ဂုဏ်သိက္ခာကိုထိခိုက်မှာစိုး၍ နာမည်ရင်းဖြင့် မရေးဘဲ ‘ရွှေတောင် မောင်လွမ်း’ ဟူသောအမည်ဖြင့် ရေးသားလေသည်။

ဦးမောင်မောင်စ၊ ဒေါ်မမလေးတို့ပိုင် ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်၌ စာပြင်ဆရာ လုပ်နေစဉ်မှာပင် တိုက်ရှင်များက ၁၉၀၃ ခုနှစ်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန်စပါးပွဲစား ဦးနု၊ ဒေါ်နှင်းတို့၏သမီး ဒေါ်ရှင်နှင့် အိမ်ထောင်ချ၍ပေးလေသည်။

ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်ကို အစုစပ်လီမိတက် သတင်းစာလုပ်လိုက်ပြီးနောက်မကြာမီ ပုဏ္ဏားဦးဘဘေ ဆိုသူပိုင် ဖြစ်သွားလေသည်။ လုပ်ငန်းတိုးတက်မှုလည်း မရှိ၊ လခလည်း မမှန်၊ ဆရင်းများလည်း မရှိတော့သဖြင့် ထိုတိုက်မှထွက်ကာ ‘ရန်ကုန်တိုင်း သတင်းစာ’ သို့ ပြောင်းရွှေ့ လုပ်ကိုင်သည်။ ထိုတိုက်တွင် ဆရာလွန်းက မြန်မာစာအယ်ဒီတာ လုပ်ရသည်။ ထိုစဉ်က ဆရာကြီးသည် စာတော်ပြန် အလုပ်ရသော်လည်း ငြင်းပယ်ခဲ့လေသည်။ ရန်ကုန်တိုင်း သတင်းစာလုပ်ငန်းလည်း အခြေအနေ မဟန်ဖြစ်လာသောအခါ မော်လမြိုင်သို့ ပြန်လည် ပြောင်းရွှေ့ကာ ‘မြန်မာတိုင်း သတင်းစာ’ အယ်ဒီတာလုပ်သည်။ တဖက်မှလည်း ‘ပဏ္ဍိတကလေး’၊ ‘မောင်သမာဓိ’ ကလောင်ခွဲများဖြင့် ဆောင်းပါးများ ရေးသည်။ ထိုအချိန်အထိ ဆရာကြီး၏ ကလောင်သည် နိုင်ငံရေးဘက်သို့ မျက်နှာမမူသေးချေ။

မြန်မာတိုင်းသတင်းစာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေရင်းမှ ၁၉၀၅ ခုနှစ်တွင် ‘မော်လမြိုင် ရာဇဝင်’ ဝတ္ထုကို ရွှေတောင်မောင်လွမ်း အမည်ဖြင့် ရေးသားထုတ်ဝေခဲ့လေသည်။ ၁၉၀၆ ခုနှစ်တွင် ‘ကဗျာသာရမဉ္ဇူကျမ်း’နှင့် ‘ပရမတ္ထသံစိပ်အဖြေကျမ်း’ ဒုတိယတွဲကို ဆရာလွမ်း အမည်ဖြင့် ရေးသားသည်။ ၁၉၀၇ ခုနှစ်တွင် ‘မော်လမြိုင်နတ်လမ်းညွှန်’ ကို ထူးထူးခြားခြား မိန်းမ နာမည် ‘မစောညွန့်’ ဟူသော ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ မြန်မာတိုင်းသတင်းစာ ရပ်နားသွားသောအခါ ဟင်္သာတမြို့ အမရဝတီ ပုံနှိပ်တိုက်သို့ပြောင်းရွှေ့၍ စာပြု၊ စာပြင်၊ အယ်ဒီတာ အဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်သည်။ ထို့နောက် ဇနီး မမာသဖြင့် ရွှေတောင်မြို့သို့ ခေတ္တပြန်နေသည်။

၁၉၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဦးဘဘေ၊ ဦးလှဖေ၊ ဦးဘကလေးတို့ သူရိယ သတင်းစာကို စတင်တည်ထောင်ထုတ်ဝေကြရာ ဆရာကြီးကို ခေါ်ယူသဖြင့် ဝင်ရောက် လုပ်ကိုင်လေသည်။ ဆရာကြီးသည် သူရိယ သတင်းစာတိုက်တွင် ၁၉၂၁ ခုနှစ်လောက်အထိ မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ်ဖြင့် ဆောင်ရွက်ခဲ့သေးသည်။ ထိုအခါမှစ၍ ဆရာကြီး၏ ကိန်းအောင်းနေခဲ့သော ဇာတိမာန်များ ရှင်သန်ကြီးထွားလာကာ နယ်ချဲ့ဆန့်ကျင်ရေး ဝံသာနု စာပေများ ရေးသားခဲ့လေသည်။ ထိုသို့ရေးသားနေစဉ် နိုင်ငံရေးလောကသို့ ရောက်မှန်းမသိ ရောက်သွားလေသည်။ 

ဆရာကြီးသည် သူရိယမဂ္ဂဇင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အစရှိသည့် အရေးများနှင့်စပ်လျဉ်း၍ နိုင်ငံရေးရုပ်ပြောင် ဆုံးမခန်း၌ လေးချိုးများ ရေးလေသည်။ ဗြိတိသျှအင်ပါယာအတွင်း ‘ဟုမ္မရူး’ (Home Rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရမှု၌ စိတ်ဝင်စားလာ၍ မြန်မာပြည်အတွက် အလွန်ဝမ်းမြောက်ခဲ့လေသည်။ ဗြိတိသျှတို့သည် မြန်မာပြည်အား ‘ဟုမ္မရူး’ ပေးလိမ့်မည်ဟုလည်း ယုံကြည်ခဲ့လေသည်။ ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ နိုင်ငံကိုယ်စားလှယ်အဖြစ် ‘ဟုမ္မရူး’ ရမှုအတွက် ဘိလပ်သို့သွားကြသောအခါ ဆရာကြီးသည် ဒေါင်းဋီကာကို ဝမ်းသာအားရ အောက်ပါအတိုင်း ရေးဖွဲ့ခဲ့လေသည်။

“ဩော် … ပြေအမှုပေမို့၊ ငွေခရုငယ်နှင့် ဇေယျတုပါကွဲ့၊ သပြေနုချိန်တင်ရန်ပန်းတွေကလည်း များလိုက်ပါဘိသနှင့်၊ ဖေ-ပု-ရှိန် အင်္ဂလန်နန်းမြေသွား၊ တို့မှာဖြင့်အားမြောက်ဖွယ်၊ ကြံလွယ်ဖန်လွယ်နှင့်၊ အန္တရာယ်ရန်စွယ်မောင်းတဲ့ပြင်၊ မြန်နယ်ကိုပြန်လွယ်ကြောင်းဘွေ၊ ဆုတောင်းကာ ပတ္ထနာဆင်တဲ့ပြင်” ဟူ၍ ရေးသားခဲ့လေသည်။

ထိုအခါက ဆရာကြီး၏စိတ်တွင် ဇာတိမာန်များလည်း တက်ကြွနေသည်။ ဗြိတိသျှအစိုးရကိုလည်း ကိုးစားလျက်ပင် ရှိသေးသည်။ သို့ရာတွင် ဗြိတိသျှတို့က မြန်မာပြည်အား ဟုမ္မရူး မပေးသေးဘဲ လက်လီစိတ်ကာ ဒိုင်အာခီအုပ်ချုပ်ရေးကို ၁၉၂၃ တွင် အတင်းထိုးပေးလိုက်သောအခါ ဗြိတိသျှအစိုးရကို ဆရာကြီးသည် အကြည်ညိုပျက်ကာ ဇာတိမာန်လည်း ပြင်းထန်လာလေသည်။

ဆရာကြီး၏စိတ်ထဲ၌ ဇာတိမာန်ပြင်းထန်လာခြင်း၏ အခြားအကြောင်းရင်းတခုမှာလည်း ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့ကဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ပထမသပိတ်ဖြစ်လေသည်။ ထိုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသာမက နယ်ရှိ အထက်တန်း၊ အလယ်တန်း ကျောင်းသားများပါ ဗြိတိသျှအစိုးရ ရေးဆွဲသော ယူနီဗာစီတီ အက်ဥပဒေကို တော်လှန်ကာ ကျောင်းသားများက သပိတ်မှောက်ကြလေသည်။ ဆရာကြီးသည် ကျောင်းသားသပိတ်အား ယူနီဗာစီတီ ဘွိုင်းကောက်လေးချိုးကြီးဖြင့် ထောက်ခံအားပေး ရေးသားခဲ့သည်။

ထို့နောက် အမျိုးသားပညာရေးကောင်စီကိုဖွဲ့စည်းကာ ရန်ကုန် ဗဟန်းရပ်တွင် စင်ပြိုင် နေရှင်နယ် ခေါ် အမျိုးသားကောလိပ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ အနယ်နယ်တွင်လည်း စင်ပြိုင် အမျိုးသားကျောင်းများကို ဖွင့်လှစ်ခဲ့လေသည်။ ကျောင်းသားများ စိတ်ဓာတ်တက်ကြွသည်ကို မြင်ရသောအခါ ဆရာကြီးသည် မြန်မာပြည်၏နောင်ရေးအတွက် အားတက်၍ လူငယ်များ၏ သတ္တိဗျတ္တိကို ယုံကြည်ကိုးစားလာလေသည်။

ထိုအခါက ဗြိတိသျှအစိုးရ၏ ကျောင်းများ၌ မင်းတိုင်းကြေသာ သင်ကြားပေးသော မြန်မာစာပေနှင့် မြန်မာရာဇဝင်တို့ကို နေရှင်နယ်ကောလိပ်နှင့် နေရှင်နယ်ကျောင်းများတွင် ထိထိရောက်ရောက် သင်ပြစပြုလေသည်။ ၁၉၂၁ ခုနှစ်တွင် နေရှင်နယ်ကောလိပ်ကျောင်း၌ မြန်မာစာပေနှင့် မြန်မာရာဇဝင်ကို ပို့ချပေးရန် ဆရာကြီးအား တောင်းပန်ခေါ်ပင့်သောအခါ ဆရာကြီးသည် လစာပုံမှန်ရနေသော သူရိယမှအလုပ်ထွက်၍ ငွေကြေးအားဖြင့် မရေရာသော အမျိုးသားကောလိပ် ဆရာဘဝသို့လုပ်ကိုင်ရန် ကျောင်းသားများနောက်သို့ ကောက်ကောက်ပါ လိုက်သွားလေသည်။ ဤသည်ကား ဆရာကြီး၏ အနစ်နာခံ ကိုယ်ကျိုးစွန့်မှုပင်ဖြစ်သည်။

ထိုအချိန်တွင် ဆရာကြီး ရေးသားခဲ့သော ကေသာသီရိ နန်းတွင်းဇာတ်တော်ကြီး၊ ဓမ္မစေတီမင်း ဝတ္တု၊ ဒေါင်းဋီကာတို့သည် တနိုင်ငံလုံး ပဲ့တင်ထပ်လာသည်။ ဆရာကြီး၏အမည်သည်လည်း အကျော်ဇေယျ ဖြစ်လာသည်။

ဤတွင် နယ်ချဲ့အစိုးရက ဆရာကြီးအား ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာနည်းပြရာထူးကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်။ ဆရာကြီးက နယ်ချဲ့၏အစေအပါးအလုပ်ကို မလုပ်လိုဟုပြောကာ ငြင်းပယ်ခဲ့သည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့မှာ ထိုခေတ်က အလွန်ရနိုင်ခဲသောဘွဲ့ဖြစ်သည်။ သို့သော် ဆရာကြီးသည် နယ်ချဲ့ပေးသောဘွဲ့ကို လက်မခံခဲ့ပေ။ “ပကာသနတွေ ဆရာ မလိုချင်ပါဘူး၊ ကိုယ့်အရှင် ကိုယ့်ဘုရင် မဟုတ်ဘဲ နိုင်ငံခြားသားတွေ မြှောက်စားခြင်း၊ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းကို ဂုဏ်အစစ်လို့ သဘောမပိုက်ဘူး။ ဆရာ ဒီလိုဂုဏ်မျိုးကို မလိုချင်ပါဘူးကွယ်” ဟု ဖြေဆိုကာငြင်းဆန်ခဲ့ကြောင်း ဆရာသိန်းဖေမြင့်က သူ၏ “ဆရာလွန်း အတ္ထုပ္ပတ္တိ” ၌ ရေးသားထားလေသည်။

ထို့ပြင် ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဗြိတိသျှအိမ်ရှေ့စံ ဝေလမင်းသား (နောင် နန်းစွန့်ဘုရင် အဌမမြောက် အက်ဒဝပ်ဘုရင်ဖြစ်လာသူ) မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာ မြန်မာအစိုးရအရာရှိ ဦးမေအောင်က ဝေလမင်းသားအား ချီးကျူးဂုဏ်ပြုသည့် ရတု ရေးပေးပါက ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ်ပေးမည့်အကြောင်း ပြောကြားရာ “မြန်မာနိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ်ဘုရင်မ၏မြေးကို ချီးကျူးသည့်စာ မရေးလို” ဟုပြောကာ ငြင်းပယ်ခဲ့လေသည်။

၁၉၂၂ တွင် ပရော်ဖက်ဆာ ဆရာလွန်းအမည်ဖြင့် ရေးသားသော ‘မှန်နန်းရာဇဝင်တော်ချုပ်’ နှင့် ‘မှန်နန်းရာဇဝင်တော်သစ်’ ကို ရေးသားထုတ်ဝေလေသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် တပည့်ရင်း ဒီးဒုတ်ဦးဘချိုနှင့်အတူ ဗဟန်းအမျိုးသား ကောလိပ်ပျက်သည့် ၁၉၂၂ ခုနှစ်အထိ ဆင်းရဲချို့တဲ့စွာ ထမ်းရွက်ခဲ့လေသည်။ ထို့နောက် ဗဟန်း ကောလိပ်ပျက်သောအခါ ဒဂုံမဂ္ဂဇင်း၊ ဓူဝံမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးခေတ် (၁၉၂၃-၃၇) တွင် ပြည်သူအများစု၏ဆန္ဒနှင့် ဆန့်ကျင်သော တပည့် မိတ်ဆွေရင်း ဦးဘဘေ ဦးဆောင်သည့် ၂၁ ဦး ပါတီဝင်များကိုရည်ရွယ်ကာ ‘ခွေးဋီကာ’ ဆောင်းပါးများ ကို ရေးသားခဲ့သည်။

ဆရာကြီး အသက် ၅၉ နှစ်အရွယ် ၁၉၃၄ ခုနှစ်တွင် ရေနံချောင်း၌ကျင်းပသော ပထမဆုံးသော တို့ဗမာအစည်းအရုံး ညီလာခံသဘင်ကြီး ပေါ်ပေါက်လာသည်။ ထိုညီလာခံကြီးတွင် ရှေ့တန်းမှ မားမားမတ်မတ်ရပ်ကာ ကိုယ်ထိလက်ရောက် ပါဝင်ပါတော့သည်။ ထိုညီလာခံကြီးမှာပင် ဆရာကြီးသည် သခင်ကိုယ်တော်မှိုင်း ဘွဲ့အမည်ခံကာ မြန်မာပြည်တဝန်း နိုင်ငံရေးတရားဟောခဲ့သည်။ ယင်းသို့လုပ်ဆောင်မှုကြောင့် နယ်ချဲ့အစိုးရက ဆရာကြီးအား ရန်သူတော်နံပါတ်တစ် အဖြစ် သတ်မှတ်ခဲ့သည်။ နယ်ချဲ့အစိုးရ၏ ရန်သူတော်စာရင်းအရ နံပါတ်နှစ်မှာ သခင်ဗဟိန်း၊ လေးမှာ သခင် ကျော်စိတ်၊ ငါးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ကိုးမှာ သခင်စိုး၊ ၁၂ မှာ သခင်သန်းထွန်း၊ ၁၇ မှာ သခင်နုဖြစ် သည်။

ဆရာကြီးသည် ယင်းသို့ စာပေရေးသားပြုစုရင်း တဖက်မှ နိုင်ငံရေးကိုဝင်ရောက် ဆောင်ရွက်ခဲ့သည်မှာ ဒုတိယကမ္ဘာစစ်အထိ ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဂျပန်တို့က ဗြိတိသျှကို စစ်ကြေညာသောအခါ ဆရာကြီးသည် အညာသား အဘိုးအို လူမမာဟန်ဆောင်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထိုစဉ်က ဆရာကြီးအသက်မှာ ၆၆ နှစ်ရှိပြီဖြစ်သည်။ ဂျပန်ခေတ်တွင် ဆရာကြီးသည် တို့ဗမာအစည်းအရုံးခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြန်သည်။ ၁၉၄၅ ခုနှစ် မတ်လတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေး ဖြစ်ပွားလာသောအခါ ဆရာကြီးအား ဂျပန်တို့က ဖမ်းဆီးမည်ပြုရာ အင်းစိန်မြို့ တဖက်ကမ်း ထိန်ကုန်းရွာသို့ သွားရောက်တိမ်းရှောင်ခဲ့ရပြန်သည်။ 

လွတ်လပ်ရေးရခါနီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင်ကြီးများ ရေတိမ်နစ်ခဲ့ရာ ဆရာကြီးသည် ဝမ်းနည်းကြေကွဲစွာ ‘အာဇာနည်ဗိမာန် ဋီကာ’ ကိုရေး၍ အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်-

“ဩော်အဆောင်ဆောင်နန်းတွေ ကြငှာန်းတွေနှင့်နှော၊
အခေါင်မပြန်ခင်၊
အောင်စာတမ်းချို့ဝေဘို့၊
အောင်ပန်းညှိုးရရှာတဲ့၊
တောင်သမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်၊
အောင်ဆန်း မသာမယာဟာ
၎င်းကံကြမ္မာအလုပ်ပေထင့်၊
သောင်းမြန်မရဏာ စမုတ်မှာတော့၊
ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းလံပဝါအုပ်ပါလို့ ကျုပ်ဖြင့်သင်္ဂြိုဟ်ချင်။
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီအဓိဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊
မြန်မာမတော့ ပူစရာဘို့၊
တဗျူဟာ အောင်ခမန်းတွင်မှ၊
လူမသမာအမှောင်သန်းချိန်မို့၊
သောင်ကမ်းမို့မို့ဆီက၊
ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော
ရေစုန်မျောလေရဲ့၊
ဩော် … တောင်နန်းမြောက်နန်း
အဆောင်ဆောင် ကြငှာန်းနဲ့၊
အခေါင်မမြန်းရခင်က အောင်ပန်းညှိုးရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော”။

နောက်ပိုင်းတွင် ဆရာကြီးသည် အသက်အရွယ် အိုမင်းမစွမ်းဖြစ်လာ၍လားမသိ၊ စာပေ ရေးသားမှု၊ ကဗျာဖွဲ့မှုများ နည်းပါးလာခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ဩဂုတ်လတွင် ရေးသားထုတ်ဝေသော ‘အိပ်မက်ဒိဌုံ ဋီကာ’ သည် ဆရာကြီး၏ နောက်ဆုံးစာအုပ်ပင် ဖြစ်သည်။ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်းကောင်း အသက်အရွယ်နှင့်မမျှ အပင်ပန်းခံကာ ဆောင်ရွက်ခဲ့သည်။

၁၉၅၀ ပြည့်နှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်နေ့တွင် ဆရာကြီးအား နိုင်ငံတော်အစိုးရက အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သည်။

၁၉၅၂ ခု မေလ ၁၀ မှ ၁၄ ရက်အထိ ဂျူဗလီဟော၌ ကျင်းပခဲ့သော ကမ္ဘာငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)က ဆရာကြီးအား ကွန်ဂရက်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် တရုတ်၊ မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက်ယူနီယမ် နိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။

၁၉၅၅ မတ်လ ၂၂ တွင် မြို့တော်ခန်းမရှေ့တွင်ကျင်းပခဲ့သော စတာလင် ငြိမ်းချမ်းရေးဆုပေးပွဲ သဘင်တွင် အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ နီကိုလေတီခိုနော့ဗ် က ဆရာကြီးအား ငြိမ်းချမ်းရေးဂုဏ်ပြုလက်မှတ်နှင့် ရွှေတံဆိပ်ဆုကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ငြိမ်းချမ်းရေးဆုအတွက် ရုရှား ရူဘယ်လ်ငွေ တစ်သိန်း (မြန်မာငွေ တစ်သိန်း လေးသောင်း ငါးထောင်ခန့်) လက်ခံရရှိသည်။ ယင်းငွေတို့အနက် ရှစ်သောင်းကျော်ကို အဖွဲ့အစည်းအသီးသီးသို့ ပြန်လည် လှူဒါန်းခဲ့သည်။

ဆရာကြီးအား ၁၉၆၀ ဩဂုတ် ၁၀ တွင် အရှေ့ဂျာမနီနိုင်ငံ ဟမ်းဘို့တ် (Hunboldt) တက္ကသိုလ်က ပညာရေးပါရဂူဘွဲ့ (Ph.D) အပ်နှင်းခဲ့သည်။

မြန်မာနိုင်ငံတွင် စာပေပညာရှင်ကြီး ဟူ၍လည်းကောင်း၊ ကဗျာဆရာကြီး ဟူ၍လည်းကောင်း ရာဇဝင် (သမိုင်း) ပညာရှင်ကြီး ဟူ၍လည်းကောင်း၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်စာရေးဆရာကြီး ဟူ၍လည်းကောင်း၊ ငြိမ်းချမ်းရေးဗိသုကာကြီး ဟူ၍လည်းကောင်း ထင်ရှား ကျော်ဇောခဲ့၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အသက် ၈၉ နှစ်အရွယ် ၁၉၆၄ ခု ဇူလိုင် ၂၃ ရက် ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် အမှတ် ၅ ချမ်းသာလမ်း နေအိမ်၌ ကွယ်လွန်သွားခဲ့လေသည်။

ထို့နောက် ဩဂုတ်လ ၈ ရက်နေ့လယ်တွင် ဆရာကြီးကြွင်းကျန်သော ရုပ်ကလာပ်ကို စမ်းချောင်းမဏ္ဍပ်မှ ရွှေတိဂုံဘုရားလမ်း ကန်တော်မင်္ဂလာပန်းခြံသို့ ပို့ဆောင်ကာ ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။

ကွယ်လွန်ချိန်၌ သားသမီး ၄ ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။

ကျမ်းကိုးစာရင်း

(၁) မူမူသန်း(ဝိဇ္ဇာဘွဲ့) - သခင်ကိုယ်တော်မှိုင်းစာစု စာရင်းအမှတ် (၁)၊ ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စာကြည့်တိုက်ဌာန၊ ၁၉၇၃။

(၂) မာဃ - သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိအကျဉ်း၊ ရန်ကုန်မာဃစာပေ၊ ၁၉၇၅။

(၃) သိန်းဖေမြင့် - သခင်ကိုယ်တော်မှိုင်း၊ ဦးလွန်းအတ္ထုပ္ပတ္တိ၊ ရန်ကုန်၊ ကျုံပျော်စာပေ၊ ၁၉၆၄။

(၄) စိုးရှိန် - သခင်ကိုယ်တော်မှိုင်း၏ ဘဝဖြစ်စဉ်နေ့စွဲ၊ ငွေတာရီမဂ္ဂဇင်း အမှတ် ၅၂ (၁၉၆၄၊ အောက်တိုဘာ) စာ၃၁-၃၇။

(၅) သန်းဝင်းလှိုင် - နယ်ချဲ့ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးဖခင်ကြီး၊ မျိုးချစ်စာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ရန်ကုန်၊ အားမာန်စာပေ၊ ပကြိမ်၊ ၂၀၀၉။

Saturday, July 18, 2015


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုအပေါ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော၏ သုံးသပ်ချက်
(BBC 1997 July 19th Program)

မေးခွန်းအမှတ်(၁)

မေး။   ။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန် သတ်သူဟာ ဘယ်သူလဲလို့ ခင်ဗျား ထင်မြင်ပါသလဲ။
ဖြေ။    ။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန် သတ်သူဟာ ဗြိတိသျှအစိုးရ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့
လုပ်ကြံမှုကြီး ဖြစ်ပါတယ်။

မေးခွန်းအမှတ် (၂)

မေး။    ။ သင် … ဘာကြောင့် ဒီလို ပြောသလဲ။
ဖြေ။     ။ ဘာကြောင့်လဲဆိုရင် …… သူ အသတ်ခံရတာမှာ အကြောင်းရင်း (၃)ခု ရှိတယ်လို့ ကျနော်
ထင်မြင်ပါတယ်။
(က) ပထမတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်တပြည်လုံးကို စည်းလုံးညီညွတ်အောင်လုပ်နိုင်သူ
ခေါင်းဆောင်ဖြစ်တယ်။ ထို့ကြောင့် သူတို့ဟာ မြန်မာပြည် တပြည်လုံး စည်းလုံး ညီညွတ်သွားမှာကို
ကြောက်ကြတယ်။
ဒါဟာ အဓိက အကြောင်းရင်းဖြစ်ပါတယ်။

(ခ) ဒုတိယကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြန်ပြီး စည်းလုံးညီညွတ်
သွားနိုင်တယ်။ သူတို့ဟာ ဒီအချက်ကို ပူပန် စိုးရိမ်နေတယ်။

(ဂ) တတိယကတော့ သူတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်ရှားနိုင်လိုက်ရင် ဗမာပြည်ကို လွယ်ကူစွာ
ကိုင်တွယ်သွားနိုင်လိမ့်မယ်လို့ ယူဆကြလို့ ဘဲ။ ဒီအဖြေအတွက်တော့ အထောက်အထား
အချက်အလက်များ ထင်မြင်ချက်များပေးရန်လိုတဲ့အတွက် အောက်ပါအတိုင်း အချက်တချို့ကို
တင်ပြလိုက်ပါတယ်။

၁။     ပထမ အထောက်အထား 
ဦးစောဟာ လက်နက်ကိုင် ရာဇဝတ်မှုကြီးတခုအတွက် လှုပ်ရှားနေတာတွေကို ဗြိတိသျှအစိုးရက
ကြိုတင်သိရှိနေတယ်။ ဒီလှုပ်ရှားမှုဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဦးတည်တယ်ဆိုတာလည်း ၎င်းတို့
နားလည်နိုင်တယ်။ ဒီကိစ္စ ကျနော်မှတ်မိတာ (၂)ချက်လောက်ရှိတယ်။

 ပထမအစိုးရပုလိပ်အဖွဲ့က ဗိုလ်ချုပ်တို့ လုပ်ကြံမှုအရေးအခင်း မဖြစ်ခင်ကတည်းက ဦးစောရဲ့အိမ်ကို
အိမ်နီးချင်းခြံတခြံအတွင်းက သစ်ပင်၊ ပန်းပင်တွေကြားက အမြဲစောင့်ကြည့်ဖို့ အလှည့်ကျ တာဝန်ချပြီး
စောင့်ကြည့်ရတဲ့အထဲမှာ ကျနော့်ဆွေမျိုးနီးစပ်တော်သူ ပုလိပ်ကလေးမောင်မောင် (နောင် စစ်တပ်တွင်
ကူးပြောင်းလာသူ)ဆိုတာက ကျွန်တော့်ကိုပြောပြဖူးတာရှိပါတယ်။ ဦးစောအိမ်နှင့် ခြံအတွင်း လှုပ်ရှား
နေပုံတွေကို အခင်းမဖြစ်မီ တပတ်လောက်က သူ စောင့်ကြည့်တာဝန်ကျစဉ် သစ်ပင်တွေကြားက
သူတို့ အလှည့်ကျကြည့်ပြီး အထက်ကို အစီရင်ခံရဖူးကြောင်း၊ ဒီလိုစောင့်ကြည့်တာ
သူ့အရင်ကတည်းက စောင့်ကြည့်နေတာဖြစ်လို့ တပတ်မက ကတည်းက စောင့်ကြည့်နေပုံရတယ်လို့
ဆိုပါတယ်။

ဒုတိယ ကျနော်မှတ်မိတာက ၁၉၆ဝကျော်နဲ့ (၇ဝ)ကျော် ခုနှစ်များအတွင်း ဗိုလ်ချုပ်တို့ ကျဆုံးတဲ့
အာဇာနည်နေ့မှာ မြန်မာသတင်းစာ တစောင်တည်း ၊ ထိုနေ့အတွက် ဆောင်းပါးတစောင်
ပါလာတယ်။ ဦးစော နေထိုင်တဲ့ အေဒီလမ်းနဲ့ဆိုင်တဲ့ မရမ်းကုန်းပုလိပ်ဌာနမှ ထိုစဉ်က ထိုပုလိပ်ဌာနမှ
ဌာနအုပ် ထင်တယ်။ ထိုဆောင်းပါးရေးစဉ်က ပင်စင်စား ပုလိပ်အရာရှိကြီး တစ်ဦးဖြစ်လာပြီး သူရေးတဲ့
ဆောင်းပါးမှာ ဖွင့်ချထားတယ်။ ဗိုလ်ချုပ်တို့ အရေးအခင်းမဖြစ်မီ ဦးစောအိမ်၊ ခြံအတွင်း လှုပ်ရှားဖြစ်ပျက်
နေမှုတွေကို သူတို့ ပုလိပ်ဌာနက ထောက်လှမ်းသိရှိပြီး အထက်သို့ အစီရင်ခံစာတွေကို ရေးနေတာ
အတော်ကြာတယ်။ သူတို့ လှုပ်ရှားသွားလာနေတာတွေ တွေ့ပြီး တခုခု ရာဇဝတ်မှုကြီး လုပ်တော့မယ်
ဆိုတာ သိနိုင်သော်လည်း ဘာကြောင့် အရေးယူဖမ်းဆီးမှုတွေလုပ်ရန် အမိန့်မပေးသလဲ၊ နားမလည်တဲ့
သဘော ရေးထားပါတယ်။ ဒီကိစ္စမှာ ဦးစောလှုပ်ရှားမှုတွေက ရာဇဝတ်မှုကြီးတခုခု လုပ်တော့မယ်ဆိုတာ
ဗြိတိသျှအစိုးရက တော်တော်စောစောကြီးကတည်းက သိနေပြီ။ ၎င်းဟာလည်း ဘာကို ရည်ရွယ်တယ်
ဆိုတာလည်း သိနားလည်နိုင်ပါလျက် ထိထိရောက်ရောက် ကြိုတင်အရေးယူမှု ဘာမှ မလုပ်ကြခြင်းဟာ
ထင်ရှားပါတယ်။

၂။     ဒုတိယ အထောက်အထား
(က) ထိုအရေးအခင်းကာလထုတ် သတင်းစာ ၊ စာနယ်ဇင်းနှင့် စာအုပ်များအရ သိရှိချက်များ
ဖြစ်ပါတယ်။ အင်္ဂလိပ်လူမျိုး ကပ္ပတိန် ဗီဗီယန်းနှင့် ဘရင်းဂန်း(၂ဝဝ) လက်နက်မှုကြီး ဖြစ်ပါတယ်။
သူဟာ စစ်ဘက်က ပုလိပ်ဘက် မကြာခင်ကမှ ပြောင်းလာသူဖြစ်ပါတယ်။ ပုလိပ်လက်နက်
ပစ္စည်းထောက်ပံ့ရေးဌာန ရာဇဝတ်ဝန်ကလေး ဖြစ်တယ်။ ဗီဗီယန်းက ဦးစောကို ဘရင်းဂန်း (၂ဝဝ)
ထုတ်ပေးခဲ့တယ်။ ၂၄.၆.၄၇ နေ့မှာ ဦးစောရဲ့ လူရင်း ဖော်ကောင် ဘညွန့်နှင့်အဖွဲ့က ပုလိပ်ယောင်
ဆောင်ပြီး ဗိုလ်တထောင် အမှတ်-၂၂၆ (BOD) အခြေစိုက် လက်နက်တိုက်မှ ဗီဗီယန်းနှင့်
ဦးစောတို့ အစီအစဉ်အရ လာရောက် ထုတ်ယူသွားတယ်။ ထိုစဉ်က ထုတ်ယူသွားတဲ့ လက်နက်များမှ
ဘရင်းဂန်းသေနတ် (၂ဝဝ)၊ ယင်းပြောင်းပို (၂ဝဝ)နှင့် ယင်းမဂ္ဂဇင်းကျည်ကပ် (၈ဝဝ)တို့ကို
အလွယ်တကူ ထုတ်ယူသွားကြတယ်။

(ခ) ဒုတိယအကြိမ် ဗီဗီယန်းမှ ဦးစောအား ခဲယမ်းကျည်ဆန်များ နောက်ထပ်ထုပ်ပေးပြန်ရာ
အရင်အတိုင်း ဦးစောရဲ့လူရင်း ဖော်ကောင် ဘညွန့်နဲ့ အဖွဲ့က ၁ဝ.၇.၄၇ နေ့က (၁၆)မိုင်ရှိ မင်္ဂလာဒုံ
အခြေစိုက် ခဲယမ်းမီးကျောက်တပ်မှ သွားထုတ်ယူခဲ့တယ်။ ထုတ်ယူသွားတဲ့ပစ္စည်းများမှာ ပွိုင့်(၃ဝ၃)
ရိုင်ဖယ်နှင့် ဘရင်းသေနတ်ကျည်ဆန် (၁ဝဝဝဝဝ)၊ စတင်းကျည်ဆန် (၂၅၆ဝဝဝ) (စစ်တပ်ထုတ်
တပ်မတော် သမိုင်းတတိယတွဲ - စာမျက်နှာ (၁၄၉)တွင် ၎င်းကျည်ဆန် (၂၅၆ဝဝဝ)လို့ သာဆို။
ထိုဂဏန်း ပိုမှန်နိုင်) လက်ပစ်ဗုံး(၂ဝဝ)တို့ဖြစ်ပါတယ်။ ထိုစာရင်းတွင် စတင်းဂန်းမည်မျှဟု
မပါပေမယ့် အရေးအခင်းပြီးစ (၂၁.၇.၄၇)နေ့တွင် ဦးစောအိမ်အနီးရှိ ရေကန်ထဲတွင် သတင်းအရ
ရှာဖွေရာတွင် ရေကန်အတွင်း ရေအောက် လေလုံ သေတ္တာတွေအတွင်း ထည့်ထားသော ဘရင်းဂန်း
(၁၇ဝ)နှင့် စတင်းဂန်း (၁ဝဝ)တို့ကိုတွေ့ရှိရမိသည်ဟု ထိုကာလ စာနယ်ဇင်းတို့က ဖော်ပြထားတယ်။

(ဂ) ဒီဘရင်းဂန်း (၂ဝဝ)နှင့် ကျည်ဆန်များကိစ္စမှာ လုပ်ကြံမှုကြီးမှာ ဗြိတိသျှ အစိုးရ ပါဝင်ကြောင်း
ကြီးမားသော အထောက်အထားကြီးဖြစ်တယ်။ ဒါလောက် များပြားသော (အစိုးရခြေလျင်တပ်ရင်း
ခြောက်ရင်းခန့်စာဖြစ်ပြီး၊ ထိုကာလ ဗမာ့တပ်မတော် တပ်ရင်းများရဲ့ တဝက်စာဖြစ်တယ်။)
လက်နက်များ ကို ဦးစော ဝယ်ယူတာလည်း မဟုတ်၊ ဗီဗီယန်းက ထုတ်ပေးတာဖြစ်တယ်။
ဒီလောက်များတဲ့ လက်နက်ခဲယမ်းများကို အထက်အာဏာပိုင်တို့ရဲ့ သဘောထားမပါဘဲ ထုတ်ပေးတာ
မဖြစ်နိုင်။ ဗီဗီယန်းအတွက် ကိုယ်ကျိုးငွေကြေးရတာလည်း မဟုတ်ပေ။ အလွန်ထင်ရှားတဲ့
အချက်ကြီး ဖြစ်တယ်။

(ဃ) ဒီလက်နက်များကို ထုတ်ပေးတာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံသတ်ဖြတ်ရေး
တွန်းအားပေးတာ သာမက ယင်းနောက်တွင် ကြီးမားသော ကြံစည်မှုကြီးတခုလည်း ရှိနေသေးသည်ကို
ကျနော်တို့ မြင်နိုင်ပေသည်။ ဤမျှ များပြားသော လက်နက်ခဲယမ်းများကြောင့် ဦးစောက ဗိုလ်ချုပ်တို့ကို
လုပ်ကြံ သတ်ဖြတ်ရုံမျှမက နောက်ထပ်ဆက်ပြီး မြန်မာပြည်တွင် သူ အာဏာရရေးအတွက် ၊ ပုန်ကန်
ထကြွမှုကြီး ဖြစ်သွားနိုင်ရန်အတွက်ပါ  ရည်ရွယ်ချက်နှင့်ပေးသည်ဟုလည်း ကောင်းစွာ ထင်ရှား
သိရှိနိုင်သည်။ သို့ဖြင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ပြည်တွင်းစစ်ကြီးဖြင့် ပြိုကွဲ အားနည်း
သွားစေရန် ကြံစည် အားထုတ်ခဲ့ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။

၃။     တတိယအထောက်အထား
(က) ဦးစောသည် လုပ်ကြံမှုကြီးအတွက် ၁၉၄၆ ခုနှစ်ကစပြီး လက်နက်ခဲယမ်းများ စုဆောင်းနေရာ
ကုက္ကိုင်းအမှတ် (၁) ဘီအီးအမ်အီးတပ်မှ တပ်မှူး အင်္ဂလိပ်လူမျိုး မေဂျာစီအိပ်ခ်ျရန်းနှင့် ရင်းနှီးကြပြီး
၎င်းထံမှ ဆပ်မရှင်းဂန်း တစ်လက် ၊ အမေရိကန် ကာဘိုင် (၃)လက် ၊ စတင်းသေနတ် (၁)လက်၊
တော်မီ သေနတ် (၂)လက် ၊ လူဂါပစ္စတိုသေနတ်(၁)လက် ၊ ခြောက်လုံးပြူးသေနတ် (၂)လက်နှင့်
ယမ်းတောင့်များကို ရယူခဲ့သည်။

(ခ) ထို့ပြင် အင်္ဂလိပ်လူမျိုး ဗိုလ်မှူးလန်းစ်ဒိန်း ထံမှလည်း စပရင်းဖီးရိုင်ဖယ် သေနတ် (၁)လက်၊
တော်မီသေနတ် (၂)လက်၊ ကာဘိုင်သေနတ် (၁)လက်နှင့် ယမ်းတောင့်များကို ရရှိခဲ့သည်။
ယင်းလက်နက်များမှ အချို့ကို ငွေပေး ဝယ်ယူရရှိပုံရသည်။

(ဂ) ထို့ပြင် သတင်းစာများအရ ဗိုလ်ချုပ်ကိုပစ်သတ်သောကျည်ဆံမှာ (ဒန်ဒန်)ခေါ် အလွန်ပြင်းထန်ပြီး
အဆိပ်ပါသော ကျည်ဆံဟု ဆိုကြသည်။ မိုင်းပွန် စော်ဘွားကြီး ဒဏ်ရာမပြင်းဘဲ သေဆုံးရသည်ဟု
ဆိုကြသည်။

(ဃ) ၎င်းလက်နက်များမှာ လုပ်ကြံမှုကြီးအတွက် အင်္ဂလိပ်ဗိုလ်မှူး နှစ်ဦးထံမှ ဦးစော အခိုင်အမာ
ကြိုတင်ရရှိတာ ဖြစ်သည်။ အထက်ပါ ဒုတိယနှင့် တတိယ အထောက်အထားကြီး နှစ်ခုသည်
လုပ်ကြံမှုတွင် ဗြိတိသျှအစိုးရ ပါဝင်ကြောင်း အလွန်ထင်ရှားသော အထောက်အထားများဖြစ်သည်။

၎။     နောက်အထောက်အထား အချို့ကတော့
ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ စုံစမ်းစစ်ဆေးရာတွင် ပါဝင်တဲ့ ထိုစဉ်က ပုလိပ်မင်းကြီး ဖြစ်တဲ့
ကွယ်လွန်သူ ဦးထွန်းလှအောင်ရဲ့ သား ဦးခင်အောင် က ၁၉၉၃ ခုနှစ်လောက်က ရေးတဲ့
“အောင်ဆန်းကို ဘယ်သူ သတ်သလဲ” စာအုပ်မှ လိုရင်းကို ဘီဘီစီက ၁၉၉၃ ခုနှစ် အသံလွှင့်ချက်
တချို့ကို ကျနော်ရရှိခဲ့ရာ အဓိက အထဲမှာပါဝင်တဲ့ အထောက်အထား တချို့ကို ဆက်လက် တင်ပြ
သွားပါမယ်။

၅။     စတုတ္ထ အထောက်အထားက
(က) ဦးခင်အောင် စာအုပ်ဖော်ပြချက်အရ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး တပတ်လောက်တွင် ဇူလိုင်၊
၂၅ ရက်နေ့လောက်မှာဘဲ ဗြိတိသျှအစိုးရဟာ ဒီလုပ်ကြံမှုကြီးမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့
ကောလာဟလ သတင်းတွေ ပြန့်နှံ့နေခဲ့တာကြောင့် ဦးနု အစိုးရဟာ ဗြိတိသျှတို့ရဲ့ ဆန္ဒနဲ့လည်း
ကိုက်ညီအောင် အောက်ပါ ကြေညာချက်တခု ထုတ်ပြန်ဖို့ စီစဉ်တယ်။ ၎င်းမှာ “ ဒီလုပ်ကြံမှုကြီးမှာ
အင်္ဂလိပ်ကိုလိုနီ အစိုးရတို့ မပါဝင်ကြောင်း ၊ အင်္ဂလိပ်အစိုးရနှင့်အတူ တရားခံအစစ်ကို ရဖို့အတွက်
ကြိုးစား ရှာဖွေလျက်ရှိကြောင်း ” ဆိုတဲ့ တရားဝင် ကြေညာချက် ထုတ်ဖို့ပင် စီစဉ်ထားတဲ့အထိ
ဖြစ်တယ်။

(ခ) ဒါပေမယ့် (၂၈.၇.၄၇)နေ့ထုတ် ရန်ကုန်လမ်းညွှန် သတင်းစာကြီးတွင်ပါ သတင်းတပုဒ်ကြောင့်
အခြေအနေ ပိုဆိုးဝါးလာခဲ့တယ်။ ယင်းသတင်းဖော်ပြချက်ကတော့ “ဗိုလ်ချုပ်အောင်ဆန်း တို့အဖွဲ့
၁၉၄၇ ခုနှစ် ၊ ဇန်နဝါရီလ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုဖို့အတွက် အင်္ဂလန်ရောက်ခဲ့စဉ်က
ဦးစော နှင့် သခင်ဗစိန်တို့က လက်မှတ်ထိုးဖို့ ငြင်းပယ်ခဲ့ကြတယ်။ ဦးစောဟာ ဖဆပလ အဖွဲ့ကြီး
ပြိုကွဲရန် ရည်ရွယ်ချက် ဖြင့် အင်္ဂလန်မှာ နေရစ်ခဲ့ကြောင်း။ ထို့အပြင် လူဖြူများရဲ့ အကူအညီနဲ့
ဦးစော ငွေ (၅)သိန်း လက်ခံရရှိခဲ့ကြောင်း၊ အင်္ဂလန်မှ အရင်းရှင်အချို့က ဦးစောအား
ငွေအမြောက်အမြား ပေးခဲ့ကြောင်း စသဖြင့် ရေးသားထားသည်။ ဒီသတင်းကြောင့် ဦးနုအစိုးရက
အထက်ပါ ကြေညာချက်ထုတ်ရေး အစီအစဉ်ကို မပြုလုပ်ဘဲ ရုပ်သိမ်းလိုက်ရတယ်။

(ဂ) ဒီကိစ္စမှာ ဗြိတိသျှ အစိုးရနဲ့ ပဋိပက္ခ မဖြစ်လိုတဲ့အပြင် ဗြိတိသျှတို့အပေါ် ကောလာဟာလ
ဖြစ်မှုတွေကို ကာကွယ်ပေးလိုတဲ့ ဦးနု အစိုးရပင် ထိုကာလက ဗြိတိသျှတို့နဲ့ ပတ်သက်နေတဲ့
အထက်ပါလို သတင်းအမျိုးမျိုးတို့ကြောင့် ကာကွယ်တဲ့ ကြေညာချက်မျိုးတောင် မထုတ်ရဲအောင်
ဖြစ်ခဲ့သည်မှာလည်း ထင်ရှားတဲ့အချက်တခု ဖြစ်ပါတယ်။

၆။     ပဉ္စမ အထောက်အထား
ဒီမှာ အချက်(၂)ချက် ပါဝင်နေတယ်။

(က) ပထမက ဦးစောဟာ လက်စားချေရေး သက်သက်သာ ရည်ရွယ်ပါက ဗိုလ်ချုပ်အောင်ဆန်း
တဦးသာ သတ်ဖြတ်ဖို့ ဖြစ်နိုင်တယ်။ အခုမူ ဗိုလ်ချုပ်သာမက အစိုးရတစ်ဖွဲ့လုံးနှင့် ဦးနုကိုပါ
လုပ်ကြံသတ်ဖြတ်တာဖြစ်တယ်။ (ဗိုလ်ချုပ်ပါ ဝန်ကြီးခုနစ်ဦးနှင့် အတွင်းဝန် (၁)ဦး၊ သက်တော်စောင့်
(၁)ဦး တို့ ကျဆုံးရပြီး ကျန်ဝန်ကြီးအချို့ ကျယ်ဆံမထိလို့ လွတ်မြောက်ရတယ်)ဒါကြောင့် ဒါဟာ
လက်စားချေရေး သက်သက် မဟုတ်နိုင်။ ဒါပြီးရင် အစိုးရအသစ် ရာထူးအတွက်ပါ ရည်ရွယ်တာ
ထင်ရှားပါတယ်။

(ခ) ဒီလုပ်ကြံမှုကြီး ပြီးရင် ဘုရင်ခံက ဦးစောကို အစိုးရအသစ်ဖွဲ့ဖို့ ဖိတ်ခေါ်လိမ့်မယ်လို့ ဦးစောက
မျှော်လင့်ချက်ရှိနေတယ်။ ဦးစောကို ဖမ်းရာမှာ သူ့အိမ်မှာ “ဦးစော-ဝန်ကြီးချုပ်” ဟု လုပ်ထားတဲ့
တံဆိပ်တုံး ကိုပင် တွေ့ရကြောင်း ဦးခင်အောင် စာအုပ်အရ သိရတယ်။ ထိုကိစ္စသတင်းစာများနှင့်
အသံလွှင့်ချက်များ မှာလည်း ဖော်ပြကြသည်။ ဒါဖြင့် ဒီမျှော်လင့်ချက်ရှိအောင် ဘယ်သူတွေက
လမ်းခင်းပေးထားသလဲ။ ဒါဟာ ဦးစောက လုပ်ကြံဖို့ လှုံ့ဆော်တိုက်တွန်းပေးတဲ့ အချက်ကြီး
မဟုတ်လား ။ ဒါဟာ လုပ်ကြံမှုကြီးဖြစ်အောင် မြှောက်ပင့်လှုံ့ဆော်ပေးတဲ့ မက်လုံးကြီး မဟုတ်လား။
အထက်ပါ အချက်နှစ်ချက်ကြောင့် ဒီလုပ်ကြံမှုကြီးမှာ ဗြိတိသျှအစိုးရတို့ ပါဝင်နိုင်ပုံကို သိရှိနိုင်တယ်။

၇။     ဆဌမ အထောက်အထား
ဦးခင်အောင် စာအုပ်အရ အချက်နှစ်ခုကို တွေ့ရပြန်တယ်။

(က) ပထမက ဦးစောရဲ့ ရှေ့နေဖြစ်သူ အင်္ဂလန်မှ အင်္ဂလိပ်လူမျိုး ရှေ့နေ “ဖရက်ဒရစ်ဟင်နရီ” ဟာ
အင်္ဂလန်ရှိ သူ့အခန်းတွင်
ရုတ်တရက် လုပ်ကြံ သတ်ဖြတ်ခံရတယ်။


(ခ) နောက် ဒုတိယက ဗိုလ်ချုပ်တို့ လုပ်ကြံမှုကြီးကို အလွတ်စုံထောက်နေသူ အင်္ဂလိပ်လူမျိုး
“အက်ဖ်ကိုလင်” ဟာလည်း သူ့စာရွက်စာတမ်းများ ပျောက်ဆုံးနေပြီး သူလည်း ရုတ်တရက် သေဆုံး
သွားတယ်။ ထိုနှစ်ဦး သေဆုံးကြောင်း ယခင်က ကျနော်တို့မသိရ။ ဦးခင်အောင်စာအုပ်အရသာ
သိရတယ်။ ယင်းကိစ္စများစွာ စဉ်းစားစရာတွေဖြစ်ခဲ့တယ်။ အမှုကြီးရဲ့ အရင်းခံအဖြစ်အပျက်တချို့ကို
သူတို့ သိနေတာ နောင်ပေါက်ကြားလာမှာစိုးလို့ ယခုလို အဆုံးစီရင်လိုက်ပုံရတယ်။
ဤကိစ္စလည်း လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ပါဝင်နေပုံကို များစွာသံသယဖြစ်ဖွယ် ဖြစ်တယ်။

၈။     သတ္တမ အထောက်အထား
ဦးခင်အောင်စာအုပ်အရ သိရသည်မှာ ဦးစော သေဒဏ်စီရင်ချက်ခံရပြီး နောက် ကြိုးမိန့်ပေး
ခံရသူများ၏ အကျဉ်းထောင်အခန်းအတွင်း နေရစဉ် သူလွတ်မြောက်ထွက်ပြေးရေးအတွက် ဗြိတိသျှ
အရာရှိများထံ အကူအညီတောင်းခံမှုဖြစ်တယ်။ ဦးစောဟာ ထိုစဉ်ကာလတွင် ထောင်မင်းကြီး
ဦးစံတင်ကို သူ လွတ်မြောက်မှုအတွင် ငွေအမြောက်အမြား ပေးမယ်လို့ ချဉ်းကပ်ခဲ့တယ်။ ဦးစံတင်က
ဦးထွန်းလှအောင်နဲ့ တိုင်ပင်ပြီး စီမံချက်တခုလုပ်ကာ ငွေပေးရန် လုပ်ပေးမယ်ပြောရာ ထိုမှစပြီး
ဦးစော ငွေရှာပုံတော်ကြောင့် ဦးစောနှင့် ဆက်စပ်သူ အင်္ဂလိပ်များအကြောင်း အံ့သြဖွယ် တွေ့ရတော့
သည်ဟု ဆိုထားသည်။ ၎င်း ငွေတောင်းစာများတွင် နာမည်ဝှက်များနှင့် စကားလုံးတွေပါ
ရေးထားတယ်။

(က) ပထမဆုံး ဦးစော ငွေတောင်းသူကတော့ ကပ္ပတိန် ဗီဗီယန်း ဖြစ်တယ်။ (အထက်ဖော်ပြပါ
ဦးစောကို ဘရင်းဂန်း (၂ဝဝ) နှင့် ခဲယမ်းများ ထုတ်ပေးသူ ဖြစ်တယ်) ဦးစောဟာ ၎င်းဗီဗီယန်း
သူ့ကို ဘရင်းဂန်းများ ထုတ်ပေးမှုနှင့် ထောင်ထဲရောနေမှန်း မသိပေ။ ၎င်းဗီဗီယမ်းက ဦးစောထံ
ပြန်ပေးစာတွင် “ငါတို့ အားလုံး စီစဉ်ပေးနိုင်တယ် မင်းဘာလို့ လူရှည်ကြီး မဆက်သွယ်သလဲ” ဟု
ရေးခဲ့၊ ဆိုထားသည်။

(ခ) ဦးစော ဒုတိယအရေးတကြီးထား ဆက်သွယ်သူကတော့ ရန်ကုန်မြို့ ဗြိတိသျှကောင်ဆယ်က
“မစ္စတာ ဂျွန်စတီးဝပ်ဘင်ကလင်” ထံ ငွေတောင်းခံစာ ရေးပြီး ဆက်သွယ်တာဖြစ်တယ်။ (၎င်းဟာ
ဗြိတိသျှသံတမန်ဖြစ်လို့ နိုင်ငံရေးအရ ပိုအရေးကြီးသူဖြစ်)ဘင်ကလင်က ထိုစာကို ဖတ်လိုက်ရတော့
သိပ်ချောက်ချားပြီး စာကိုဖျက်ဆီး၊ စာလာပို့သူ ပုလိပ်အရာရှိကို မောင်းထုတ်လိုက်တယ်။
နောက် ဦးစောက ၎င်းဘင်ကလင်ထံ သြဂုတ်လ ၂၂-၂၃ ရက်နေ့နဲ့ စာတွေပို့တယ်။
ငွေတောင်းတာမက ခြိမ်းခြောက်တဲ့ စာမျိုးပါ ရေးခဲ့တယ်လို့ ဆိုပါတယ်။ သို့ရာတွင် ဘင်ကလင်က
ဒီစာတွေ မရတော့ဘူး။ အကြောင်းက ဦးစော ရဲ့ပထမစာ ရပြီးကတည်းက သူ ဗမာပြည်မှ
ထွက်ခွာဖို့ ပြင်ဆင်ပြီး နေအိမ်ကနေ ကမ်းနားလမ်းဟိုတယ်ကို ပြောင်းနေခဲ့တယ်။ သူထွက်ဖို့ 
စီစဉ်နေတုန်း သူ့ကို ဖမ်းဖို့  ဦးထွန်းလှအောင်က ထိုစဉ် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံ
အကြောင်းကြားခဲ့ ၊ ဦးကျော်ငြိမ်းက ဘုရင်ခံထံ တင်ပြ၊ ဘုရင်ခံက သက်သေ အထောက်အထား
တွေ ထပ်မံ တောင်းဆိုဟု ဆိုထားသည်။ နောက်တနေ့ ဦးထွန်းလှအောင်က သူမထွက်ခွာမီ
ရုတ်တရက် ထပ်သွားပြီး ဦးစောရဲ့ နောက်ဆုံးစာကို ပြသည်။ ဘင်ကလင်က ထိတ်လန့်
ကြောက်ရွံ့သွားပြီး သူ့ကို ဖမ်းလို့မရကြောင်း၊ သူ့အနေဖြင့် သံတမန်ရေးရာ အကာအကွယ်များ
ရှိထားကြောင်း ပြောတယ်။ ဒီအပေါ် ဦးခင်အောင် ရေးသားထားတာက “အမှန်တော့ မစ္စတာ
ဘင်ကလင်အနေနဲ့ ဗိုလ်ချုပ်တို့ လုပ်ကြံမှုမှာ ၎င်းဘယ်လို ပတ်သက်သလဲ ဆိုတာ အသေအချာ
သိလို့ဘဲ ဖြစ်တယ်” လို့ ဆိုထားသည်။ ဦးထွန်းလှအောင်က သူ့ကို မြန်မာနိုင်ငံမှ အပြီးအပိုင်
ထွက်သွားရန် ပြောခဲ့ဟု ဆိုသည်။ ထိုနေ့  ၄.၉.၄၇ နေ့က စပြီး ၎င်း ဘယ်ရောက်သည် အစ
မပေါ်တော့ဟု ဆိုသည်။

(ဂ) ဗီဗီယန်းသည် ဘရင်းဂန်း  (၂ဝဝ) နှင့် ကျည်ဆန်များစွာ ဦးစောကို ထုတ်ပေးခဲ့သူ ဖြစ်၍
ဒီလုပ်ကြံမှုနှင့် ပတ်သက်မှုတွင် အရေးပါဆုံးသူဖြစ်သည်။ နောက် ဘင်ကလင်မှာလည်း
ဗြိတိသျှသံတမန်ဖြစ်၍ အရေးပါသူ ဖြစ်သည်။ ဗိုလ်မှူးရန်း ဖမ်းမိပြီး စစ်ဆေးသောအခါလည်း
၎င်း၏ ဖြောင့်ချက်အရ ဦးစောနှင့် ဗြိတိသျှကောင်ဆယ်မှ ဘင်ကလင်တို့၏ ဆက်သွယ်မှုဟာ
သာမန်ထက် ပိုဆက်သွယ်မှုရှိကြောင်း ဆိုထားသည်။ ဗြိတိသျှအစိုးရမှ ထိုအရေးပါသူ (၂)ဦးထံသို့
ဦးစော အရေးကြုံတော့ ငွေတွေအတင်းတောင်းယူပုံတွေ ကို ထောက်ရှု၍ ထိုလုပ်ကြံမှုတွင်
ဗြိတိသျှအစိုးရတို့ ပါဝင်နိုင်ပုံကို သိမြင်ယူဆနိုင်ပေသည်။

၉။     နောက်ဆုံး အဌမ အထောက်အထားကတော့ …
ဦးခင်အောင် စာအုပ်အရ အထက်ပါ ဗီဗီယန်း၏ နောက်ဆုံးအဖြစ်အပျက် ဖြစ်သည်။
ဖော်ပြထားပုံအရ ၎င်းဗီဗီယန်းသည် ၁၉၄၉ ခုနှစ် ၊ မေလ အင်းစိန်တိုက်ပွဲမှ ကရင်များ
ဆုတ်သွားရာတွင် အင်းစိန်ထောင်မှ လိုက်ပါသွားပြီး ၁၉၅ဝ ခုနှစ်အထိ ကော့ကရိတ်မြို့အနီး
စောဘဦးကြီးနှင့် ရှိနေခဲ့တယ်။ မြန်မာအာဏာပိုင်တွေက သူ့ကို သတ်လိုက်ပြီဆိုကြပေမယ့်
သူ (ဗီဗီယန်း)ဟာ ၁၉၅ဝ ခုနှစ် အလယ်ပိုင်း လောက်မှာ ထိုင်းနိုင်ငံမှ တစ်ဆင့် အင်္ဂလန်နိုင်ငံသို့ 
ပြန်သွားပြီး ၁၉၈ဝ ခုနှစ်လောက်ကျမှ ကွယ်လွန်သွားတယ်ဟုဆိုထားသည်။ အမှုကြီးအတွက်
အရေးကြီးပုဂ္ဂိုလ် လွတ်မြောက်သွားပုံ ဖြစ်သည်။ ဤတွင်လည်း ဗြိတိသျှ အစိုးရတို့ ပါဝင်နိုင်ပုံကို
ထင်ဟပ်နိုင်သည်။

၁ဝ။    အထက်ဖော်ပြပါ အထောက်အထားများကြောင့် ဗိုလ်ချုပ်တို့ လုပ်ကြံမှုကြီးတွင်
ဗြိတိသျှအစိုးရတို့ ပါဝင်ကြောင်း ကျနော်ကောင်းစွာ ထင်မြင်ယူဆပါသည်။ အထက်ဖော်ပြပါ
အထောက် အထားများအနက် နံပါတ် (၂)ကပ္ပတိန် ဗီဗီယန်းက ဦးစောအား ဘရင်းဂန်း (၂ဝဝ)နှင့်
ကျည်ဆန်များ ထုတ်ပေးမှုဟာ ဗြိတိသျှအစိုးရ ပါဝင်နိုင်ကြောင်း အထင်ရှားဆုံးအချက်ကြီးဖြစ်တယ်။
ဒုတိယ ထင်ရှားတဲ့ အချက်ကတော့ နံပါတ်(၃)အရ လုပ်ကြံရေးအတွက် လက်နက်များ၊
ကျည်ဆန်များရောင်းတဲ့ ဗိုလ်မှူးရန်းနှင့် လန့်စဒိန်းတို့အမှု ဖြစ်တယ်။ ဗီဗီယန်း၏ ဘရင်းဂန်း
(၂ဝဝ)နှင့် ကျည်ဆန်များ ဦးစောအား ထုတ်ပေးမှုဟာ လုပ်ကြံမှုကြီးဖြစ်ရန် တွန်းဆော်ပေးလိုက်
ရုံမျှမက နောက်ပိုင်း ဦးစော အာဏာရရေး၊ ပုန်ကန်ထကြွရေး အတွက်ပါ ရည်ရွယ်သည်ဖြစ်သဖြင့်
ထိုစဉ် ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပတ တပ်ပေါင်းစုကြီးအောက်တွင်စည်းလုံးညီညွတ်လာနေသော
မြန်မာပြည်ကြီးကိုလည်း ပြည်တွင်းစစ်ဖြင့် ဖြိုခွဲအားနည်းပစ်ရန် လုပ်ကြံမှုကြီးတခုလည်း ဖြစ်သည်။
ယင်းမှ ဆက်၍ တွေးခေါ်နိုင်သည်မှာ ဦးစော လုပ်မသွားနိုင်သည့်နောက်ပိုင်း ဖြစ်လာသော
ဗမာပြည်တွင်းစစ်များ ဖြစ်လာအောင် လုပ်ရာတွင်လည်း ဗြိတိသျှအစိုးရတို့ တနည်းတဖုံ
ပါဝင်ကြမည်ကို မျှော်မှန်း သိမြင်နိုင်ပေသည်။

၁၁။    အထက်ပါ အကြောင်းတို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်ကြီးများ လုပ်ကြံ
သတ်ဖြတ်မှုတွင် ဗြိတိသျှ အစိုးရတို့ ပါဝင်သည်ကို ကျနော် ထင်မြင်ယုံကြည်ရုံမက ယခု နှစ်(၄ဝ)
ကျော်ကြာ ဗမာပြည် ပြည်တွင်းစစ်ကြီး ဖြစ်လာအောင် ဖန်တီးကြရာတွင် ဗြိတိသျှအစိုးရတို့
တနည်းတဖုံ ပါဝင်နိုင်ကြောင်းကိုလည်း ကျနော် ထင်မြင်ယူဆပါသည်။



(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ "တရားခံအစစ်ဘယ်သူလဲ" စာအုပ်တွင် ပါရှိသည့်
"၁၉၉၇ ခုနှစ်၊ အာဇာနည်နေ့  အနှစ် ၅၀ ပြည့် အထိမ်းအမှတ် BBC နှင့် တွေ့ ဆုံမေးမြန်းမှု" မှ

ကူးယူဖော်ပြပါသည်)
လှမြင့် (ရန်ကုန်တက္ကသိုလ်) - ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ

ဇူလိုင် ၁၅၊ ၂၀၀၉

လှမြင့် (ရန်ကုန်တက္ကသိုလ်) ရဲ့ "ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ" ပြန်ပြောင်း ရှာဖွေ ဖော်ထုတ်မှုကို ချင်းတွင်း၊ မဂ္ဂဇင်း အမှတ် (၄ဝ)၊ ဇူလိုင်လ၊ ၂ဝဝ၉ ခု ထုတ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အာဇာနည် ခေါင်းဆောင်ကြီးများသည် နယ်ချဲ့တို့၏ သွေးခွဲ သပ်လျှိုမှု၊ အသားထဲမှ လောက်တွယ်မှု ဖြစ်ရပ်ဆိုးတို့ကို အရင်းခံလျက် ရေတိမ် နစ်ခဲ့ကြရသည့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသော ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ သမိုင်းဖြစ်ရပ်ဆိုး အခြေအနေများကို ထိုအချိန်က ထုတ်ဝေခဲ့သော စာနယ်ဇင်းများတွင် သမိုင်းမှတ်တမ်းတင် ရေးသား ဖော်ပြခဲ့ကြ၏။ ထိုသမိုင်းဝင် မှတ်တမ်းသဖွယ် ဖြစ်သော စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများကို လက်လှမ်းမီသမျှ ရှာဖွေဖော်ထုတ် ကောက်နှုတ် တင်ပြလိုပါသည်။
          ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ပြီးနောက် တပတ် အကြာတွင် ထုတ်ဝေသော ဂျာနယ်ကျော် (အုပ်တွဲသစ် ၉၊ အမှတ် ၆) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် စာစောင်တွင် ဂျာနယ်ကျော် မမလေးသည် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသည့် နေ့ရက်နှင့် သူ၏ ခံစားရမှု အထွေထွေကို နှိုင်းယှဉ်၍ 'လဆန်း ၂ ရက်နေ့' ဆောင်းပါးကို ဝမ်းနည်း ကြေကွဲစွာ ရေးသား မှတ်တမ်းတင်ခဲ့သည်။
'လဆန်း ၂ ရက်နေ့' ဆောင်းပါးတွင်၊ လဆန်း ၂ ရက်နေ့တိုင်း ကျမ တသက်ပန် အဖို့ စိတ်နှလုံး ထိခိုက်သော နေ့ဖြစ်၍ ဤလဆန်း ၂ ရက်နေ့ထက် ဗျာပါမီး တောက်ရသည့်နေ့ကား ကျမ တသက်လုံး မရှိနိုင်။ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဗိုလ်အောင်ကျော်တို့သည် လဆန်း ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ကြသည် ဟူ၍ အစချီလျက် ၁၉၃ဝ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဗိုလ်ချုပ်တို့ ကျဆုံးမှုအတွက် ဝမ်းနည်းမဆုံး ဖြစ်ရမှုကို …

"မြန်မာပြည် လွတ်လပ်ရေး မရမီ သူ့တို့တတွေ ကွယ်လွန်သည်မှာ အသည်းနာဖို့ အလွန်ကောင်းလေသည်။ သူတို့သည် သူ့တို့ မသေခင် ကျမတို့အား လွတ်လပ်သော လူမျိုးတမျိုး မဖြစ်ကြသေးကြောင်းကို လည်းကောင်း၊ မြန်မာပြည်တွင် ကိုယ်တယောက်တည်း အတွက် သုခရှာ၍ မဖြစ်နိုင်ဘဲ လွတ်လပ်ရေး သုခကြီးကို တမျိုးလုံး တညီတညွတ်တည်း ရှာယူကြဖို့ရာ လည်ကောင်း နှိုးဆော်သင်ကြား လမ်းပြ ပေးသွားကြသည်။"

၁၉၄၉ ခုနှစ်၊ သြဂုတ်လ ၉ ရက် ( ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၈ ရက်)နေ့ထုတ် ဂျာနယ်ကျော်အုပ်တွဲသစ် ၉ အမှတ် ၈ တွင် ဆောင်းပါးရှင် ဂျာနယ်ကျော်အဖွဲ့ဝင် ဦးအုန်းမြင့်သည် 'သူ့အကြောင်း ကျနော် မှတ်မိ သိရှိရသမျှ' ဟူသော အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ စတင်ကာ ကျဆုံး အချိန်အထိ ဖြစ်ရပ်များကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။
ဆောင်းပါးရှင် ဦးအုန်းမြင့်သည် သခင် ဘဝကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြောမနာ၊ ဆိုမနာ မိတ်ဆွေရင်း ဖြစ်သည်။ ဗိုလ်ချုပ် ကိုယ်တိုင်ပင် "ကျုပ်အကြောင်းကို သူတို့ နှစ်ယောက် (ဦးအုန်းမြင့်နှင့် သခင်တင်ဦး) သာ ကောင်းကောင်းသိတယ်" ဟု ပြောဆိုခဲ့ဖူးသည်။ ဦးအုန်းမြင့်၏ ဆောင်းပါးတွင်၊ …

"ဗိုလ်ချုပ် ကွယ်လွန်ပြီဟု ပြောသံကြားရသည်နှင့် တပြိုင်နက် ကျနော်၏ အနီးတွင် ကပ်၍ ဗုံးကျပြီး ပြင်းထန်စွာ မြည်ဟိန်း ပေါက်ကွဲကာ မီးခိုးလုံးတွေ ပိတ်ဖုံး မှောင်မည်း သွားသကဲ့သို့ ထင်မှတ် လိုက်မိတော့သည်။ လျှပ်တပြက်ခန့် လုံးလုံးသတိလစ်ကာ လေဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြည်းဖြည်းပင် တရေးရေး ထင်မြင် ပေါ်ပေါက်လာသည်မှာကား ယခင် နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့် အတူ နေထိုင် လုပ်ကိုင် စားသောက် သွားလာ ပြောဆိုရပုံများပင် ဖြစ်ပေသည်" စသည်ဖြင့် ရေးသား ဖော်ပြထားသည်။

၁၉၄၇ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့ထုတ် ဂျာနယ်ကျော် အုပ်တွဲသစ် (၉)၊ အမှတ် (၁ဝ) တွင် သခင်ဗအေး (သူရဲ) သည် 'ကျနော် သိသော ဗိုလ်ချုပ်' ဆောင်းပါးကို ရေးသားခဲ့သည်။ သခင်ဗအေးသည် ဗိုလ်ချုပ်နှင့် ကျောင်းသား ဘဝကပင် သိခဲ့သည်။ သခင် ဘဝနှင့် အင်္ဂလိပ်ကို တော်လှန်စဉ် အခါက လည်ကောင်း၊ ဂျပန်ကို တော်လှန်စဉ် အခါက လည်းကောင်း ဗိုလ်ချုပ်ထံ အပါးတော်မြဲ အဖြစ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူ၏ ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ရောင့်ရဲတတ်မှု၊ အာရုံဝင်စား ပြင်းထန်မှုတို့ကို …

"စာအလွန်ဖတ်သူ ဖြစ်သည်။ တခါတရံ နောက်ဖေးသွားစဉ် နောက်ဖေးသွားရင်း စာဖတ်နေရာ နာရီဝက်ကျော်ကြာ သဖြင့် ခေါ်ယူရ၏။ ထမင်းကိုလည်း အမှတ်တရ မရှိ၊ စားချိန်တွင် ခေါ်ယူ ကွေ္ဆးရ၏။ မုန့်ပဲသရေစာကို စားရန် ကောင်းစွာ ဂရုမစိုက်။ ရေကိုလည်း အတွင် ချိုးစေရ၏" ဟူ၍ ဖော်ပြထားသည်။

ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ရှုမဝ ရုပ်စုံမဂ္ဂဇင်း စတင် ပေါ်ထွက်စ အချိန် ဖြစ်သည်။ ရှုမဝ ရုပ်စုံ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၃)၊ ၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ်တွင် ဝမ်းနည်းသည့် သဝဏ်လွှာနှင့် ကဗျာများကို ထည့်သွင်း ဖော်ပြခဲ့သည်။ 'သဝဏ်လွှာ' တွင် ဝမ်းနည်းသည့် အထိမ်းအမှတ် အဖြစ် အတွဲ (၁)၊ အမှတ် (၃)၊ သြဂုတ်လထုတ် မဂ္ဂဇင်းကို မထုတ်ဝေသင့်ကြောင်းကို၊

"တကယ်ဆိုလျှင် ယခုလ ရှုမဝ မဂ္ဂဇင်း ထုတ်ဝေခြင်းငှာ မသင့်ပါပေ။ အကယ်တည့် လွန်ခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့တွင် ရှုမဝ စာမျက်နှာ ၇ မှ ၁ဝဝ အထိ ရိုက်ပြီးသား မဖြစ်ခဲ့မိလျှင် လည်းကောင်း၊ တတိုင်းပြည်လုံး ယူကျုံးမရ တသဝမ်းနည်း အဖြစ်ကြီး ဖြစ်ရသော နိုင်ငံရေး လုပ်ကြံမှုသည် ဇူလိုင် ၁၉ ရက်ထက် စောလျက် လဆန်းစ ၃၊ ၄ ရက် အတွင်း ဖြစ်ပွားခဲ့ပါလျှင် လည်းကောင်း ရှုမဝ အမှတ် (၃) သည် မည်သည့်နည်းနှင့်မျှ ထုတ်လာနိုင်မည် မဟုတ်ချေ" ဟူ၍ ဖော်ပြခဲ့သည်။

ဆက်လက်၍ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားသိရသော အခါ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှု ခံစားရချက်တို့ကိုလည်း၊


"ဤအချိန်မှာ က္ဆွန်ုပ်တို့ နံနက် ထမင်း စားနေဆဲ ဖြစ်ကြသည်။ ဤသတင်းကို ကြားလျှင်ကြားချင်း အလျဉ်းပင် မယုံကြည်ကြ၊ မယုံနိုင်ကြ၊ ယုံလည်း မယုံချင်ကြ၊ မယုံကြဘူး ဟူ၍သာ ဆိုရသည်။ တဝိုင်းလုံး တုန်လှုပ် ချောက်ချား နေကြသည်။ အံ့သြ ဝမ်းနည်း ယူကျုံးမရကြီး ဖြစ်နေကြသည်။ ထမင်းပင် ဆက်မစားနိုင်ကြ။ ဆေးရုံ ပြေးသူပြေး၊ သတင်းစာတိုက် သွားသူသွား၊ တတိုက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။
ညနေ သတင်းစာများ ထွက်လာသော အခါ၌ကား ကျွန်ုပ်တို့ လက်ခံနိုင်၍လည်း မရ။ မယုံနိုင်၍လည်း မဖြစ်။ ဝမ်းနည်း ဝမ်းနည်း ယူကျုံးမရ ကြီးစွာဖြင့်သာ လက်ခံ ယုံကြည် လိုက်ကြရတော့သည်။ ဗမာတိုင်းလိုလိုပင် ဤနည်းနှင်နှင် ဖြစ်ပျက်ကြမည်ကား မလွဲ။"

၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ် ဒဂုန်မဂ္ဂဇင်း အုပ်တွဲ (၂၁)၊ အမှတ် (၈) တွင် ဒဂုန်ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူး ဆပ်မည်နည်း'၊ မောင်မောင်ကြွက်၏ 'ကလောင်စက်'၊ ရန်ကုန်ခင်ဆွေ၏ 'ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများနှင့်'၊ 'ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများအတွက် ကုသိုလ်ဆွမ်းသွတ် လွမ်းဆွတ် ကြေကွဲခြင်း လေးချိုးလတ် ငိုချင်း' စသည်တို့ဖြင့် အမှတ်တရ ထုတ်ဝေခဲ့သည်။

ဒဂုန် ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူးဆပ်မည်နည်း' ဆောင်းပါးတွင်

"မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဟူသော ဂဏန်းကွက်သည် မြန်မာ တိုင်းရင်းသားတို့ အတွက် စိတ်လက်ညစ်နွမ်း ဝမ်းနည်းမဆုံး ကြိမ်မီးအုံးသကဲ့သို့ ယူကျုံးမရ ဖြစ်စေသော အမင်္ဂလာနေ့ကြီး ဖြစ်ပေသည်။
လူတို့ မည်သည်မှာ မိမိတို့ အားကိုးပြုရာ မေရုမြင်းမိုရ်တောင်ကြီး ပြိုကွဲ ယိုင်လဲရှာခြင်း အတွက် ပွက်ပွက်ဆူမျှ ပူလောင်ကြမြဲ ဖြစ်သော်လည်း ဤသို့ ပူဆွေးလောင်ကျွမ်း ဝမ်းနည်းမပြေ ဖြစ်နေရုံမျှဖြင့် ကွယ်လွန်ရှာသူတို့အား လွမ်းရာကျမည် မဟုတ်။ သူတို့၏ လုပ်ငန်းများကို ဆက်လက် အမွေခံကာ လုပ်ကိုင် ကျင့်ကြံခြင်းသည်သာလျှင် စစ်စစ် လွမ်းရာရောက်မည် ဖြစ်လေသည်။
သို့ဖြစ်၍ ဗိုလ်ချုပ် အမှူးရှိသော ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းမဆုံး စိတ်နှလုံး ပူဆွေး နေကြရရုံမျှနှင့် အချိန်မကုန်စေကြကုန်ဘဲ ခေါင်းဆောင်ကြီးများအား တကယ်တမ်း လွမ်းဆွတ်ရာ ရောက်ကြလေအောင် လမ်းပြခဲ့သည့် ခရီးစဉ်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ကြခြင်းဖြင့် ကွယ်လွန်သူ ခေါင်းဆောင်ကြီးများ၏ ကြီးမားလှသော ကျေးဇူးတရားများကို အသီးသီး ပေးဆပ်တော်မူ နိုင်ကြပါစေသတည်း" ဟူ၍ သတိပေး နှိုးဆော် ရေးသားခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် သတင်းစုံဂျာနယ် အုပ်တွဲ (၂)၊ အမှတ် (၂၃) ၏ ခေါင်းကြီးပိုင်းတွင် 'မိခင်မျက်မှောက်၊ မြန်ပြည်အောက်မှ၊ ကွယ်ပျောက်ခဲ့ပြီ၊ အာဇာနည်' ဟူသော ခေါင်းစီးဖြင့် ဗိုလ်ချုပ်တို့၏ ကျဆုံးမှုနှင့် ပြည်သူတို့၏ ခံစားရမှုများကို မှတ်တမ်းတင်ခဲ့သည်။ 'ဂျူဗလီဟောတွင် ဤသို့ပင်' ဆောင်းပါးတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များ ပြင်ဆင်ထားမှုကို


"ဗိုလ်ချုပ် အလောင်းနှင့် ခုတင်ကား ရှေ့ဆုံးတွင် ရှိနေ၏။ စင်မြင့်ပေါ်မှ မြင်ရသည်မှာ လက်ဝဲမှ လက်ယာသို့ ၁) အိုင်စီအက် ဦးအုန်းမောင် (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၂) မိုင်းပွန်စော်ဘွား (အဖြူ၊ အစိမ်း၊ အဝါ၊ အလယ် အဖြူလုံး အမှတ်အသား အလံ လွှမ်းထားသည်)၊ ၃) ဦးဘချို (တောင်လှန်ရေးအလံ လွှမ်းထားသည်)၊ ၄) ဦးဘဝင်း (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၅) သခင်မြ (ဥဒေါင်းရုပ်ပါသည့် ဆိုရှယ်လစ်အလံ)၊ ၆) မန်းဘခိုင် (အဖြူ၊ အပြာရင့်နှင့် အနီပါသောထောင့်၌ ဖားစည်တံဆိပ်နှင့် အလံ)၊ ၇) ဆရာကြီး ဦးရာဇတ် (ခေါင်းအလွတ် စတိသာ ပြင်ထားသည်)၊ ၈) ကိုထွေး (အလောင်းနှင့် ခေါင်းမရှိ ခုတင်သာ ရှိသည်) အားလုံးသော ခေါင်းများပေါ်တွင် ပန်းခွေနှင့် အမည် စာကဒ်ကလေးများရှိလျက် ပန်းရောင် ခေါင်းအုံး တလုံးစီနှင့် သစ္စာပန်းများ တင်ထားသည်" ဟူ၍ မှတ်တမ်းတင်ခဲ့သည်။

အယ်ဒီတာ အာဘော် အခန်းတွင် ခေါင်းဆောင်ကြီးများ မကျဆုံးမီ တရက်အလို ဇူလိုင်လ ၁၈ ရက် သောကြာနေ့တွင် မြန်မာ့အလင်း၊ စီးပွားရေး၊ ဟံသာဝတီရှေ့ဆောင် သတင်းစာတိုက်များမှ အယ်ဒီတာတို့ကို ဒီဒုတ် ဦးဘချို ပြောကြားခဲ့သည့်

"ပထမ ဘရင်းဂန်း ၂ဝဝ၊ ဒုတိယ စတင်းဂန်း ၁,ဝဝဝ၊ ပျောက်ဆုံးတဲ့ လက်နက်တွေဟာ တကယ်တော့ ဖဆပလကို တိုက်ဖျက်ပြီး ကျုပ်တို့တတွေကို သတ်ဖို့ပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် ရိုးရိုးသားသား လုပ်နေတဲ့ ကျုပ်တို့တတွေဟာ အကာအကွယ်တော့ ယူဖို့ မလိုပါဘူး။ သတ်ရင်လည်း သေရုံပေါ့။ ခင်ဗျားတို့ကသာ တိုင်းပြည်ကြီး မမှောက်မှားရအောင် ထိန်းထိန်းအုပ်အုပ် ရေးကြပါ" ဟူသော နောက်ဆုံး စကားဖြင့် လွမ်းဆွတ်ဖွယ် ရေးသားထားသည်။

၁၉၄၇ ခုနှစ်၊ သတင်းစုံဂျာနယ် အတွဲ (၂)၊ အမှတ် (၂၆)၊ အထူးထုတ် သတင်းစုံ အချပ်ပိုတွင် ဗိုလ်ချုပ်အောင်ဆန်းအား တိုင်းရင်းသား တောင်တန်းသားများ၏ ချစ်ခင်မှု၊ လေးစားမှု၊ အားကိုးမှု၊ စေတနာထားမှုများကို 'လွမ်းစချင့်ဖွယ်၊ တောင်တန်းနယ်က၊ ဘယ်ဝယ်ရော်ရမ်း၊ ဦးအောင်ဆန်း၊ မျှော်မှန်းချင့်တွေး၊ သွေးနှင့်ရေးသည့် သူတို့ပေးစာ၊ သဝဏ်လွှာကား' ဟူသော ခေါင်းစဉ်ရှည်နှင့် ဝင်းလဲ့ကြည် နတ်မောက်မြို့၏

"တောင်တန်းနယ်သူ၊ နယ်သားများသည် ကျွန်သက်ရှည်ရေး အဖြစ်မှ ကယ်တင်ခဲ့သော ဗိုလ်ချုပ်အား ၎င်း၏ လုပ်ငန်းစဉ်ကို လိုက်ရုံမျှမက ပုဂ္ဂိုလ်စွဲ အားဖြင့်လည်း ခင်မင် နေကြလေ၏။ ယခု ရက်တာရှည်စွာ မနေနိုင်သေးသော်လည်း ဗိုလ်ချုပ်က လွတ်လပ်ရေး ရပြီးနောက် တောင်တန်းနယ်တွင် စိတ်အေးလက်အေး လာ၍ နေပါမည် အကြောင်းနှင့် ပြုံးပြုံးရယ်ရယ် ပြန်ပြောသည့် အခါ ဗိုလ်ချုပ် ပြောသည့် စကားများကို တောင်တန်း နယ်သားများသည် ယခုတိုင် ကြားယောင်လျက် ရှိကြောင်း" စသည်ဖြင့် မှတ်တမ်းတင် ရေးသားခဲ့သည်။

ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ထုတ်ဝေခဲ့သော စာနယ်ဇင်းများမှာ အရေအတွက်အားဖြင့် အမြောက်အမြား ရှိနေသည်။ စာ-နယ်-ဇင်း အားလုံးတွင် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းကို ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ခေါင်းကြီးတို့ဖြင့် ကြေကွဲ ဝမ်းနည်းစွာ မှတ်တမ်းတင် ဖော်ပြခဲ့ကြသည်။ စာ-နယ်-ဇင်းတိုင်း ခေတ်သမိုင်း ဟူသော ဆိုရိုးနှင့် အညီ နယ်ချဲ့တို့၏ ပယောဂ သွေးထိုး သပ်လျှို လှုံ့ဆော်မှုကို နားယောင်၊ နာခံ ဆောင်ရွက်မှုကြောင့် မြန်မာ့ အာဇာနည်များနှင့် မြန်မာနိုင်ငံ၏ ရေတိမ်နစ်ခဲ့ရသော သမိုင်း သင်ခန်းစာ ပေးနေသည့် ဖြစ်ရပ်ကို အသိနှင့် သတိ ယှဉ်နိုင်စေရန် ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က စာ-နယ်-ဇင်း မှတ်တမ်းတင်ခဲ့မှုများမှ လက်လှမ်းမီသမျှ၊ ကြိုးစားရှာဖွေ တင်ပြခြင်း ဖြစ်ပါသည်။

          ပုံစာ - ၁၉၄၇ ခု၊ ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားကို ဂျူဘလီဟော၌ ပြင်ဆင်ထားပုံနှင့် ယနေ့ အာဇာနည်ဗိမာန် (ပေါ်)၊ ၁၉၄၈ မေ ၈ အရုဏ်တက်ချိန်၊ အင်းစိန်ထောင်၌ ယုတ်မာ ညစ်ထေးသည့် အမျိုးသား သစ္စာဖောက် ဂဠုန်စောအား ကြိုးပေးရန် ပြင်နေစဉ်နှင့် မိုက်ရူးရဲ နောက်လိုက်များ (အောက်)။

        စာကြွင်း - အီး စာမူအဖြစ် မြန်မာအိုင်အက်စ်ပီက ယူပါတယ်။

Friday, July 17, 2015






သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀) Thakhin Htein Win (1912 - 2010)

ဘဘ ဦးထိန်ဝင်း - သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀)၏ အတ္ထုပ္ပတ္တိအကျဉ်း

ဈာပနမှတ်တမ်းမှ ကူးယူတင်ပြပါသည် - မိုးမခ - ဇွန် ၂၊ ၂၀၁၀

သာသနာ့ ဒါယကာကြီး ဘဘ ဦးထိန်ဝင်းကို သာသနာသက္ကရာဇ် ၂၄၅၆ မြန်မာသက္ကရာဇ် ၁၂၇၄ တော်သလင်း လဆန်း ၄ ရက် 
စနေနေ့ ၁၄-၉-၁၉၁၂ ညဥ့် ၇ နာရီခွဲတွင် မြောင်းမြမြို့ခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျိုက်ပိရွာတဖက်ကမ်းရှိ သောင်တန်းကျေးရွာ၌ ဖွားမြင်သည်။

         မိဘများမှာ အဖ မြေတိုင်းစာရေးကြီး ဦးကျော်ဟန် အမိ ဒေါ်မေသန်းဖြစ်ပြီး မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ၇ တန်းအထိ ပညာသင်ခဲ့သည်။  
ပဉ္စမတန်းစာမေးပွဲမဖြေဆိုရသေးမီ လပွတ္တာမြို့သို့ ဖခင်ပြောင်းရွေ့ရသဖြင့် လပွတ္တာမြို့ မြန်မာစာသင်ကျောင်းတွင် စာပေများဆက်လက်သင်ကြားရင်း လပွတ္တာမြို့တွင် တကြိမ်တခါမျှ မထူထောင်ဖူးသေးသော ‘သုသုဗောဓက’  စာဖတ်အသင်းကို ကူလီအခစားလုပ်၍ ကြိုးစားထူထောင်ခဲ့သည်။ ထို့ပြင် လပွတ္တာမြို့၌ အင်္ဂလိပ်စာသင်ကျောင်း တခုကိုလည်း ဖြစ်မြောက်အောင်ကူညီဆောင်ရွက်ခဲ့သည်။ ယင်းနောက် လပွတ္တာမြို့နယ် ကံဘက်ရွာ၌လည်း
‘ကုသလဝသီ’ စာဖတ်အသင်းကို တည်ထောင်ခဲ့သည်။ ဆင်းရဲသူများနှင့် အသိမိတ်ဆွေမရှိသော ဧည့်သည်များ၏ နာရေးကိစ္စများကို တွင်းတူးမြေမြုပ်သည်အထိ ကူညီခဲ့သည်။
၁၉၃၄ တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ဆရာဒဂုန်နတ်ရှင်၏ ကူညီမူဖြင့် ဦးဗဂျီငို စတင်တည်ထောင်ထုတ်ဝေသော တိုးတက်ရေး မဂ္ဂဇင်းတိုက်တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၃၉ တွင် ရာဇဓမ္မသင်္ဂဟကျမ်းကို ရိုက်နှိပ်ပြီးစီးခဲ့သည်။ စွန်းလွန်းဆရာတော်ဘုရား၏ အမေးအဖြေစာအုပ်များလည်း ရိုက်နှိပ်နိုင်ခဲ့ပြီးနောက် လောကုတ္တရာအတွက် ထူးခြားသော အတွေ့အကြုံများရရှိခဲ့သည်။
၁၉၅၄ တွင် ကုသလဝသီ စာပုံနှိပ်တိုက်ကို တည်ထောင်ခဲ့ပြီး ၁၉၅၀ ပြည့်မှစ၍ ၁၉၆၃ ဒီဇင်ဘာလအတွင်း ရိုက်ကူးဖြန့်ချိပြီးသော ကျမ်းစာများမှာ -
၁။ စွန်းလွန်းဆရာတော် အမေးအဖြေ ၁၃၁၁ (၁၉၄၉ ပထမအကြိမ်၊ ၎င်းနောက် အကြိမ်ကြိမ်ရိုက်နှိပ်လှူဒါန်းခဲ့) 
၂။ အရှင်ဇနကာဘိဝံသဆရာတော်၏ ဗြဟ္မလသုတ် မြန်မာပြန် 
၃။ ပိဠိကတ်တော်သင်ရိုးအုပ်၂၀ ကို သန့်ရှင်းအောင် တည်းဖြတ်သုတ်သင်ပြီး သင်္ဂါယနာတင်အဖွဲ့သို့ ဝန်ကြီးချုပ် ဟောင်း ဦးနုမှတဆင့် လှူဒါန်းခဲ့ 
၎။ ပိဠိကတ်တော်များကို ဆရာဦးအောင်မိုး အကူအညီဖြင့် မြန်မာပြန်ဆိုခဲ့ရာ ဒိဃနိကာယ်၊ မဇ္စိုမနိကာယ်အထိပြီး
၅။ အတုမဲ့ချမ်းသာ 
၆။ မဟာဂန္ခာရုံဆရာတော်၏ သဂြိုလ်ဘာသာဌီကာ 
၇။ တရားဥပဒေတော်ကြီး 
၈။ သမညဖလသုတ် မြန်မာပြန် 
၉။ ဟိတောပဒေသ ပုံပြင် 
၁၀။ ဇနီးမောင်နှံ ရာသက်ပန် 
၁၁။ ရာဇဓမ္မသင်္ဂဟကျမ်း 
၁၂။ မင်္ဂလာပုံပြင် 
၁၃။ ကလေး ဗုဒ္ဓဝင် 
၁၄။ ကမ္မဌာန်းဘာသာဋီကာ 
၁၅။ ဘာသာသွေး 
၁၆။ မြန်မာ့မျက်ပွင့် ရွာဓလေ့ လူ့ဓလေ့ 
၁၇။ စာဓလေ့ 
၁၈။ ရုပ်စုံ ဗုဒ္ဓသာသနာဝင် 
၁၉။ ဓမ္မဝိနယပြန်တမ်း 
၂၀။ မနောမယိဒ္ဓိကြေးမုံ 
၂၁။ ရတနာ့ဂုဏ်ရည် 
၂၂။ ကိုယ်ကျင့်အဘိဓမ္မာ 
၂၃။ အနာဂတ်သာသနာ 
၂၄။ မူလတန်းဘာသာရေး 
၂၅။ ဗုဒ္ဓနည်းဖြင့်ထူထောင်ကြစို့ စာတမ်းများ 
၂၆။ ရွှေကျင်နိကာယသာသနာဝင် 
၂၇။ ယောကီပါရဂူကျမ်း တို့ဖြစ်ကြပါသည်။
၁၉၅၈-၅၉ တွင် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆောင်ရွက်ခဲ့ရာ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားသဖြင့် အောင်မြင်ရန် ဝင်ရောက်ကူညီရင်း “မြန်မာပြည်ကို ဗုဒ္ဓသာသနာတော်၏အဆုံးအမဖြင့် ထူထောင်ခြင်းသာလျှင် အသင့်တော်ဆုံးဖြစ်ကြောင်း” စာရွက်စာတမ်းများ ရိုက်နှိပ်လှူဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာတည်ရှိနေခြင်းအတွက် အလွန်ဝမ်းမြောက်ဖွယ်ဖြစ်ပြီး ရှေးဆရာတော် သံဃာတော် များနှင့် ပုဂံခေတ် ရှင်အရဟံ အနော်ရထာ စသည် တိုင်းပြည်အတွင်း ဗုဒ္ဓဘာသာကို စနစ်တကျ ထူထောင်ပေးသွား ကြသော ပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ဝမ်းမြောက်မိသည်။ 
(ဆဌသင်္ဂါရတနာတင် စတင်ကျင်းပစဉ်က ဝိုင်အမ်ဘီအေ အမည်ဖြင့် ဓမ္မဝိနယပြန်တန်း ရိုက်နှိပ်လှူဒါန်းခဲ့သည်။)
၁၉၆၀ (၁၂-၃-၆၀) စနေနေ့တွင် မနောမယိဒ္ဓိပညာကို လက်ခံယူခဲ့သည်။
၁၉၆၁ (၁၉-၈-၆၁) တွင် ရန်ကုန်မြို့ ဝိုင်အမ်ဘီအေအသင်းတိုက်၌ မနောမယိဒ္ဓိပညာပြပွဲကြီး ကျင်းပခဲ့သည်။ 
ယင်းနောက် ကျုံမငေးမြို့ အထက်ပိုင်း စေတီတော်ကို ထီးတင်ခြင်း၊ ဘုရားကြီးတိုက်အတွင်း မိဘများ၏ သိမ်ကို ဘုရားနှင့်တကွ အဆောက်အဦပါ ပြုပြင်လှူဒါန်းသည်။
၅-၇-၆၃ တွင် ယောကီပါရကူကျမ်းကို ရိုက်နှိပ်လှူဒါန်းသည်။ မနောမယိဒ္ဓိကြေးမုံအမည်ဖြင့် စာတအုပ် ရေးသားနိုင်ခဲ့သည်။ 
၁၉၆၂-၆၃ တွင် ရွှေကျင်ဂိုဏ်း ဒသမအကြိမ်မြောက် အစည်းအဝေးအမီ ရွှေကျင်နိကာယသာသနာဝင် ကျမ်းစာကြီးကို ရွှေဟင်္သာ ဆရာတော်ဘုရားကြီး၏ကောင်းမူဖြင့် ရိုက်နှိပ်လှူဒါန်းခဲ့သည်။ 
၁၉၆၃ တွင် ရန်ကုန် ၁၀၇ စိန်ဂျွန်းလမ်းနေအိမ်၌ တော်လှန်ရေးအစိုးရ၏ အထိန်းသိမ်းခံခဲ့ရသည်။ 
၁၉၆၄-၆၅-၆၆-၆၇ ခု၊ အောက်တိုဘာလအထိ ၄ နှစ်မျှ ထောင်အတွင်းနေခဲ့ရသဖြင့် ဗုဒ္ဓ၏ အဆုံးအမ သာသနာ တော်၏တန်ဖိုးကို ပိုမိုနားလည်သိရှိကာ ကံ ကံ၏ အကျိုးကို ပိုမိုသဘောပေါက်လာခဲ့သည်။ 
“ဗုဒ္ဓအလိုတော်ကျ မြန်မာပြည်ကို ထူထောင်ခြင်းသာလျှင် အချမ်းသာဆုံးလူမျိုး၊ အချမ်းသာဆုံး နိုင်ငံတော်ဖြစ်နိုင်မည်။ ဗုဒ္ဓအလိုတော်ကျ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာတော်ကို စနစ်ကျကျ နားလည်ကျင့်သုံးလျှင် မုချတကမ္ဘာလုံးတွင် ချမ်းသာစွာ ရှိလိမ့်မည်ဟု ပိုမိုခိုင်မြဲစွာ ယုံကြည်လာခဲ့ပါသည်။” 
၁၉၇၃ တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော်အား ပဌာန်းတရားတော်ဟောကြားပေးရန် လျှောက်ထားခဲ့ရာ ၁၇ ရက်တိတိ ပဌာန်းတရား တော်ဟောကြားပေးတော်မူခဲ့သဖြင့် သာသနာတော်အတွက် အလွန်ကြီးကျယ်သော ကျေးဇူးတခု ဖြစ်ခဲ့ပါသည်။ 
၁၉၇၃ တွင် သရိုက်ရွာ ဘုရားနှင့်ရဟန္တာသိမ်ကို ပြုပြင်ရန် ဆရာတော်နှင့် တိုင်ပင်လျှောက်ထားခဲ့ပြီး ကျုံမငေး အိမ်ကို ရောင်းချကာ ပြုပြင်ပြီးစီးခဲ့သည်။ 
၁၉၈၀ တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကို ရရှိခဲ့သည်။ 
၁၉၈၃ တွင် တစ်ဘဝသာသနာ အမည်ဖြင့် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ သာသနာပြုပုံ အပြည့်အစုံ ပါဝင် သောကျမ်းစာအုပ်ကြီးကို စိတ်တိုင်းကျ ပြီးစီးထုတ် အောင်မြင်ခဲ့သည်။ 
၂၃-၉-၈၅ (၁၃၄၇ တောင်သလင်းလဆန်း ၉ ရက်) တနင်္လာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် တည်ထောင်ရန် မြေ စတင်ဝယ်သည်။ 
၂၃-၅-၈၆ ကဆုန်လပြည့်၊ သောကြာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် ဖွင့်လှစ်သည်။ 
၁၉၈၈ တွင် မင်္ဂလာဗျူဟာအသင်းတိုက်၌ သမဏကျော် စာတော်ပြန်ပွဲအတွက် သြဝါဒခံယူကျင်းပပြီး ၉-၁၂-၈၈ တွင် စာဆိုတော်နေ့တွင် မဟာဗျူဟာ သာမဏေကျော်စာတော်ပြန်ပွဲကို ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်၌ စတင် ကျင်းပနိုင်ခဲ့သည်။ 
၉-၂-၉၀၊ ၁၃၅၁ တပို့တွဲလပြည့် မနောမယိဒ္ဓိပညာ စတင်တည်ထောင်သူ ဂိုဏ်းချုပ်ကြီး၏ အသက် နှစ် ၁၀၀ ပြည့်နှစ်တွင် ပုဂံတွင် မနောမယိဒ္ဓိ ဓမ္မာရုံတခု ဖြစ်မြောက်အောင် စတင်တည်ဆောက်ခဲ့သည်။ 
ဆရာကြီးဦးရွှေအောင်၏ ဗုဒ္ဓ (သို့) အနှိုင်းမဲ့ ကျေးဇူးရှင် ကျမ်းစာကို တနှစ်တည်း ၄ ကြိမ်တိုင်တိုင် ရိုက်နှိပ်ပြီးစီး  အောင်မြင်ခဲ့သည်။ 
ဘဘ ဦးထိန်ဝင်းသည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စများကို တစိုက်မက်မက် ဆောင်ရွက်ခဲ့သည်။
(ဘဘ ဦးထိန်ဝင်းသည် ၂၀-၅-၂၀၁၀ ကြာသပတေး ည ၁၀:၃၀ တွင် ရန်ကုန်မြို့ Asia Royal ဆေးခန်းတွင် ကွယ်လွန်ခဲ့ပါသည်)
      ဘဘ ဦးထိန်ဝင်း၏ ဆုံးမခဲ့သော စကားများ … …
      အားလုံး စကားကိုရှင်းအောင်ပြောကြ၊ စည်းစည်းလုံးလုံးနေ။
      သရဏဂုံကို အသက်နှင့် ထပ်တူဆောက်တည်ပါ။
      ဗုဒ္ဓသာသနံစိရံတိဠတု အနာဂတေသာသနံလဇ္ဇီရက္ခိဿတိ
      တစတစ စွန့်ဝံ့မှသာလျှင် ဘဝနှောင်းနှောင်း ဆက်တိုင်းကောင်း၏