In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

About

Colorful People of Burma / Myanmar Memorial Place

In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

315 (3rd Fl.) Hledan Center, Kamayut, Yangon, Myanmar

Open by appointment every Sunday, 10 AM to 8 PM. (Free Admission)

Contact: MoeMaKa Media, @ Phone - 0925-4200-606 (Atten: Ko Yan Naung (Botahtaung))

Colorful People အမှတ်တရအခန်း

ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် (၁၉၁၅-၂၀၁၅) ရာပြည့် အထိမ်းအမှတ် ခေတ်ပြိုင်စာပေမိတ်ဆွေများ ရုပ်ပုံလွှာ ပြခန်း

၃၁၅ (၃ထပ်) လှည်းတန်းစင်တာ၊ ကမာရွတ်၊ ရန်ကုန်၊ မြန်မာပြည်

တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှ ည ၈ နာရီအတွင်း ကြိုတင်ချိန်းဆိုပြီး ကြည့်ရှုနိုင်သည်၊ ၀င်ကြေးမရှိ။

ဆက်သွယ်ရန် - မိုးမခမီဒီယာ၊ ဖုံး - ၀၉၂၅-၄၂၀၀-၆၀၆၀ (ရန်နောင်(ဗိုလ်တထောင်))


ထူထောင်သူများ

 ဒေါက်တာခင်မောင်ဝင်း၊ တက္ကသိုလ်ရွှေရီဝင်း၊ မောင်ရစ်၊ ဂျူနီယာဝင်း

နာယက - မောင်မိုးသူ၊ မောင်စွမ်းရည်

အကြံပေး - နောင်ကျော်၊ မောင်ရစ်

စီမံ - ကိုမြင့်ကျော်၊ ကိုအောင်အောင်ဝင်း

အထောက်အကူ - ကိုမိုးကြီး၊ ဘိုတင်

အလုပ်အဖွဲ့ - ရန်နောင်(ဗိုလ်တထောင်)၊ ဟန်သစ်နိုင်၊ ကိုဖြိုး

ဝက်ဆိုက် - colorfulpeople.moemaka.net , https://www.facebook.com/colorfulpeopleBurma

 ရည်ရွယ်ချက်

(၁) ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် (၁၉၁၅-၂၀၁၅) ရာပြည့်နှစ် အထိမ်းအမှတ်ပြူ၍ ၎င်းတို့နှင့်အတူ ရာပြည့်ကြသည့် အမျိုးသားခေါင်းဆောင်ကြီး သခင်အောင်ဆန်း၊ စာရေးဆရာမကြီး လူထုဒေါ်အမာတို့နှင့်တကွ သမိုင်းဝင် ခေတ်ပြိုင် စာပေမိတ်ဆွေများကို အမှတ်တရ ရုပ်ပုံလွှာများ စုစည်း ပြသနိုင်ရန်

(၂) မြန်မာ စာပေနှင့် သမိုင်းဝင် ရာပြည့်ကြို ၊ရာပြည့်၊ ရာပြည့်ကျော် ခေတ်ပြိုင်မိတ်ဆွေများ၏ ရုပ်ပုံ၊ ပန်းချီ၊ ဘ၀အကျဉ်း၊ ထင်ရှားသည့် မှတ်တိုင် နှင့် လက်လှမ်းမီရာ မှတ်စုတို့ အတူတကွ စုဆောင်း ပြသထားသဖြင့် စိတ်ဝင်စားသူတို့ လာရောက် ကြည့်ရှု လေ့လာနိုင်ရန်

(၃) ၎င်းတို့၏ ဘ၀ ဖြတ်သန်းမှု ရုပ်ပုံလွှာများကို နောက်ခံကားချပ်ပြုပြီး မြန်မာစာပေနှင့် သမိုင်း လေ့လာ သင်ယူ သုံးသပ် ဆွေးနွေးရာတွင် တထောင့်တနေရာက အကူအညီ ဖြစ်စေရန်

တို့ကို ရည်ရွယ်ပြီး ပြခန်းကို ဖွင့်လှစ် ထူထောင်ရခြင်း ဖြစ်ပါသည်။




0 comments