In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Sunday, September 27, 2015





၂၀၁၅ မေလမှာ ပြခန်းကို အကြို ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၅ စက်တင်ဘာလမှာ ပြခန်းရှိ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံ ၈၀ ကျော်မှာ နံမယ်ကဒ်ပြားများ ကပ်ခဲ့ပါတယ်။ ရာပြည့်အမည်ကဒ်ပြားမှာ အမည်၊ မွေးသက္ကရာဇ်၊ နဲ့ ထင်ရှားသော စာအုပ်အမည်သို့မဟုတ် အလုပ်အကိုင်ကို ရေးသားထားပါတယ်။ နံမယ်ကဒ်ပြားများကို ဂျုနီယာဝင်းနဲ့ သူငယ်ချင်းမိတ်ဆွေများ၊ မိုးမခဟန်သစ်နိုင်၊ ရန်အောင်စာပေက ကိုပြည့်ကျော်တို့က ၀ိုင်းဝန်း ကူညီ စီစဉ်ပေးခဲ့ကြပါတယ်။ နာမည်ကဒ်ပြားတွေ ကပ်တဲ့ဆီမှာ အချို့ပုဂ္ဂိုလ်တွေတချို့ကို အမည်နဲ့ ဓာတ်ပုံ မတွဲမိတာ မရင်းနှီးတာတွေရှိပါတယ်။





















Wednesday, September 2, 2015


 ဂျာနယ်ကျော် ဦးချစ်မောင် (၁၉၁၂ - ၁၉၄၆) - 
Journal Kyaw U Chit Maung (1912 - 1946)

U Chit Maung was born in 1912 in Oke Po, central Myanmar, to U Mya and Daw Saw Yu. When U Chit Maung finished high school, he was three years too young to be eligible for college. During the wait to attend college, he worked as a teacher at his own school and read all he could independently. While in his late teens, he moved to Yangon, applied for an opening at Nawrahta newspaper, and was hired as soon as he applied, even at such a tender age. When this paper folded, he went to work for Myanmar Alin, where he became chief editor, a post he held for many years without using the title. However, in 1940 he fell out with the publishers, who he felt were infringing on his rights as a journalist, and he left the paper, although he would still speak out on its behalf when necessary.

Thereafter, along with his wife, Daw Tin Hlaing (also called Ma Ma Lay), whom he had married in 1938, he published a weekly paper called Journal Kyaw, or The Weekly Thunderer. The paper became highly popular, as it was strongly supportive of the nationalistic movement and the right of the poor. From that time, he became known as Journal Kyaw U Chit Maung and his wife as Journal Kyaw Ma Ma Lay.

U Chit Maung wrote several novels and a few nonfiction political works. His novel Thu (He) became an instant bestseller and is regarded as a classic of Myanmar literature. It was made into a feature movie that enjoyed box-office success.

During the Japanese Occupation, his intelligence work was unknown to others apart from a very few. He later joined the executive committee of the Anti-Fascist People's Freedom League party (AFPFL), formed under General Aung San, and was active in the fight for independence. Many of his suggestions were used in the demands submitted to the British. All his life, his goal was to serve his country without any wish for a political role or recognition. His diary entries and his last satirical poem were testaments, among many other works, of his lifelong disgust with the corruption that so often results from power.

He passed away on April 3, 1946, at the age of thirty-four after a short illness, one year and nine months before Myanmar gained independence. He remains a highly respected figure and role model for generations of men and women of Myanmar.


Ref - https://www.facebook.com/pages/Journal-Kyaw-U-Chit-Maung/345484208822226?sk=info&tab=page_info
မောင်သန်းဆွေ (ထားဝယ်) – စာရေးဆရာပြဇာတ်နှင့် ဒေါ်ခင်မျိုးချစ်တို့မောင်နှံ (မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၅ အတွေးအမြင်၊အမှတ် ၂၀၉၊ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လတွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။
၂၀၀၉ ခုနှစ်၊ မတ်လတွင်ကျင်းပသော ဒုတိယအကြိမ် ထေရဝါဒတက္ကသိုလ်များအသင်းကြီး၏ ညီလာခံသို့ သီတဂူဆရာ တော်ကြီး၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှ စာရေးဆရာ (၃၀) ကျော်တို့သည် မှန်လုံကားကြီးဖြင့် သွားရောက်ကြသည်။ ကားပေါ်တွင် ဆရာမောင်စိုးထိုက် (သုံးဆယ်) နှင့် ရှေးကပြုလုပ်ခဲ့သည့် စာရေးဆရာများ၏ ပြဇာတ်များအကြောင်းကို စကားစပ်မိသည်။ နတ်သျှင်နောင်၊ မြဝတီမင်းကြီး ဦးစ၊ ဦးပုညနှင့် တောင်သမန်လယ်စား မောင်ဖေငယ် ပြဇာတ်တို့အကြောင်း ဖြစ်၏။ အဓိကဇာတ်ဆောင်များမှာ ဆရာသုခနှင့် ဆရာရွှေညာမောင်တို့ဖြစ်ကြောင်း၊ သူတို့နှစ်ဦးသာ အဓိကဇာတ်ဆောင် နေရာမှ တစ်လှည့်စီ ပါဝင်ကပြခဲ့ရကြောင်း၊ ထိုစဉ်က စာရေးဆရာမရှားသဖြင့် မင်းသမီးမေနွဲ့၊ သီတာခင်ထွေး စသည်တို့ကို အကူအညီတောင်း၍ ကခဲ့ကြရကြောင်း၊ တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်တွင် ဒိုင်းခင်ခင်နေရာ၌ နောင်အခါ ပထမဆုံး မြန်မာအမျိုးသမီးလေတပ်ဗိုလ်ဖြစ်လာမည့် မလှသန်း (တက္ကသိုလ်သက်နှံ)  ကို အကူအညီတောင်း၍ ကခဲ့ရ ကြောင်း၊ ယခုခေတ် စာရေးဆရာများ ပြဇာတ်ကမည်ဆိုလျှင် မင်းသမီးတမျှလှပသည့် စာရေးဆရာမများပေါလွန်း၍ အလွန် အဆင်ပြေမည်ဟု ရောက်တတ်ရာရာများကို စကားလက်ဆုံကျခဲ့ကြပါသည်။
တလောက ဖိုင်တွဲအဟောင်းများတွင် စာရေးဆရာစိန်ခင်မောင်ရီရေးထားသည့် “တောင်သမန်လယ်စား မောင်ဖေငယ်ပြ ဇာတ်”  ဆောင်းပါးကိုပြန်ဖတ်ရင်း စာရေးသူကြည့်ဖူးခဲ့သည့် တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်အကြောင်းကို ပြန်တွေးမိ၏။ ၁၉၅၂ – ၅၃ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် “ တောင်သ မန်လယ်စားမောင်ဖေငယ်” ပြဇာတ်ကခဲ့ကြသည်။ ပန်းဆိုးတန်း ဝင်းဝင်းရုံတွင်ဖြစ်၏။ ဦးလေဖြစ်သူ ဒဂုံပဦးဘတင်ကြောင့် သွားရောက်ကြည့်ရှုခဲ့ရခြင်း ဖြစ်သည်။
တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်မှာ စာရေးဆရာမကြီး ဒဂုံခင်ခင်လေး၏  “ စာဆိုတော် ” နန်းတွင်းဝတ္ထုတော်ကြီးကို အဓိကကျောရိုးယူ၍ ကပြခြင်းဖြစ်သည်။ ဇာတ်လမ်းမှာ အများသိကြပြီးဖြစ်သည့် မောင်ဖေငယ်နှင့် ဒိုင်းခင်ခင်တို့၏ ဇာတ် လမ်းပင် ဖြစ်သည်။ မန္တလေးနေပြည်တော်ဝယ်မောင်ဖေငယ်သည် ဒိုင်းအတွင်းဝန်နှင့် ဝန်ကတော်တို့၏ မွေးစားသားအဖြစ် နေထိုင်လျက်ရှိရာ ဒိုင်းဝန်၏အိမ်တွင်ပင်ရှိသော အခြားမွေးစားသမီးဖြစ်သည့် ခင်ခင်ကြီးခေါ် ဒိုင်းခင်ခင်အား မေတ္တာ သက်ဝင်၍ ချစ်ခင်နေပုံ၊ ခင်ခင်ကြီးမှာ ငယ်လွန်းလှသေးသဖြင့် မောင်ဖေငယ်ကမပြောရက်ဘဲ အလိုလိုက်ကာ အကြိုက် ဆောင်ထားပုံ၊ ထိုအတွင်း မင်းတုန်းမင်းတရား မကျန်းမာဖြစ်ရာမှ ဆင်ဖြူရှင်မိဖုရားက မင်းတရားကြီး၏သားတော်များအား ဖမ်းဆီးချုပ်နှောင်ထားပုံ၊ သီပေါမင်းသားလေးကို လူပျိုတော် မောင်မောင်တုတ်က ကြေးတိုက်အတွင်းမှ ထမ်းထုတ်ခဲ့ပုံ၊ နောင်မင်းတရားကြီး နတ်ပြည်စံပြီး သီပေါမင်းသား ဘုရင်ဖြစ်လာပုံ၊ မောင်မောင်တုတ် တန်ခိုးထွားလာပုံ၊ မင်းညီမင်းသားများ အသတ်ခံရ၍ နန်းတွင်းရေးရှုပ်ထွေးလာပုံများ ပထမပိုင်းတွင်ကပြ၍ ဇာတ်ကိုပျိုးပြီး နောက်ထိုအချိန်တွင် အရှင် (၂) ပါး၏ အပျိုတော်ဖြစ်လာသော ဒိုင်းခင်ခင်အား သီပေါမင်း မျက်စိကျပုံ၊ မောင်မောင်တုတ်၊ မောင်ဖေငယ်တို့နှင့် တိုင်ပင်ပုံ၊ မောင်ဖေ ငယ်သည် မိမိချစ်နေသူဖြစ်သော်လည်း သူကောင်းစားလို၍တစ်ကြောင်း၊ အရှင်အပေါ်တွင် သစ္စာရှိစွာ အမှုထမ်းလို၍ တစ် ကြောင်း သီပေါမင်းစံရာ ပန်းခုံတော်အတွင်း၌ ဒိုင်းခင်ခင်အား ယောက်ျားလေးလိုဝတ်ဆင်စေကာ သီပေါမင်းထံ မကြာခဏ ပို့ပေးခဲ့ရပုံ။
ထိုအတွင်း မိဖုရားကြီးစုဖုရားလတ်က အကြောင်းစုံသိ၍ လက်ဦးမှုယူကာ မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့အား အ ကြောင်းရှာကာ ဖမ်းဆီးခဲ့ပုံ၊ ဒိုင်းဝန်နှင့် ဒိုင်းဝန်ကတော်ကြီးတို့ပါ သမီးဒိုင်းခင်ခင်နှင့်အတူ ဖမ်းဆီးခံရပုံ၊ ထောင်ထဲတွင် ရနောင်မောင်မောင်တုတ် သတ်သေသွားသည်ကို သတင်းပေါ်လာပုံ၊ မောင်ဖေငယ်အား မိုးကောင်းသို့ပို့လိုက်ပုံ၊ ဒိုင်းခင်ခင် အားလည်း သန္ဓေရှိလေသဖြင့် မင်းဆက်ပြတ်မည်ဟုဆိုကာ မသတ်သေးဘဲထားကြပုံ၊ နောက်ဆုံးတွင် ဒိုင်းခင်ခင်အား သတ်လိုက်ကြပုံ၊ မောင်ဖေငယ်အားလည်း ဗန်းမော်သို့ခေါ်သွားပြီး သတ်လိုက်ပုံ၊ မောင်ဖေငယ်သည် ချစ်သူနှမ ဒိုင်းခင် ခင်ကြီး သေသည်ကိုမသိရှာဘဲ “ချစ်ရသူ ခင်ခင်ငဲ့” ချီတေးထပ်ကိုရေးကာ သေပွဲဝင်သွားပုံ စသည်ဖြင့် ဇာတ်ကို အဆုံး သတ်ထားပါသည်။ အလွမ်းဖြင့် ဇာတ်သိမ်းထား၏ ။
စာရေးသူ မှတ်မိနေသည်မှာ နောက်ဆုံးဇာတ်သိမ်းခန်းဖြစ်သည်။ ဗန်းမော်ဝန်၏ တောင်စွယ်နေကွယ်လျှင် သတ်စေဟူသော အမိန့်အရ မောင်ဖေငယ်ကို မြို့ပြင်ထုတ်လာကြပုံ၊ တောင်စွယ်နေကွယ်မည့်အချိန်ကို စောင့်နေကြခိုက် မောင်ဖေငယ်အဖြစ် သရုပ်ဆောင်သူ ဆရာသုခက ပြောငိုအဖြစ် စကားပြောလိုက်၊ တေးထပ်များကိုဆိုလိုက်ဖြင့် သရုပ်ဆောင်ပုံ၊ တေးထပ်များ တွင် …
“မင်းဆိုသမျှ ကွင်းရှောင်မယ်၊ ထမင်းတောင် စားချင်ဘူးကွယ့်လေး” ဟူသည့် သီပေါမင်းအား စိတ်နာပုံတေးထပ်ကို ပြော လိုက်၊ ဆိုလိုက်ပြီး တောင်စွယ်တွင် နေကွယ်ပြီဖြစ်သောကြောင့် သေအံ့ဆဲဆဲတွင် သီချင်းတစ်ပုဒ်ကို နောက်ဆုံးဇာတ်သိမ်း အဖြစ် သီဆိုရသေးပုံ၊ ထိုသီချင်းမှာ “သက်လျာခင် ” ဟုဖြစ်ပြီး ရေးသူမှာ စာရေးဆရာအောင်လင်းဟု နောင်မှာသိရပါသည်။ တောင်စွယ်နေကွယ်သည့်အခန်း၌ တောင်စောင်းဝယ် နေလုံးနီနီရဲရဲကြီး တဖြည်းဖြည်းချင်းကျလာပုံဖြင့် ဆရာသုခ၏ သီ ချင်းသံကို မှိုင်းမှိုင်းညို့ညို့ လွမ်းဆွတ်ကြေကွဲဖြစ်အောင် ပြုလုပ်ထားသည်။ ယခုတိုင် မှတ်မိနေပါသေးသည်။
ဒိုင်းခင်ခင် မလှသန်းသီဆိုသော အလွမ်းသီချင်းတစ်ပုဒ်လည်းရှိသေးသည်။ စာရေးဆရာသန်းဆွေ ရေးသားပြီး စာဆိုမောင် မောင်လတ်က အသံသွင်းပေးသည်ဟု ဆိုသည်။ သီချင်းအမည်မှာ “တစ်ညချမ်းဝယ်” ဖြစ်သည်။ ဤပြဇာတ်တွင် စုဖုရား လတ်အား  တစ်လင် တစ်မယားဝါဒ လက်ကိုင်ပြုသူအနေဖြင့် ဖော်ပြဖူးသည်။ ထိုအတွက် “စုဖုရားဝါဒ” ဟူသောအမည်ဖြင့် သီချင်းကို စာရေးဆရာ တက္ကသိုလ်ကြည်မာရေးပြီး မေနွဲ့က စုဖုရားလတ်အဖြစ်သရုပ်ဆောင်ရင်း သီဆိုရသည်။ နောင်အခါ ရုပ်ရှင်မင်းသားဖြစ်လာသည့် ဗိုလ်ဗကိုနှင့် မေနွဲ့တို့ နှစ်ပါးသွားဟန်သီဆိုသော “တစ်လင်တစ်မယားဝါဒ” သီချင်းကိုမူ စာ ရေးဆရာ သောတမောင်ကရေးသည်ဟု ဆိုပါသည်။ ဒဂုံခင်ခင်လေးကသမိုင်းမှ တကယ့်အဖြစ်အပျက်မှာ မူလပင်ကိုဇာတ် လမ်းအနေဖြင့် ဇာတ်နာသောဇာတ်လမ်းဖြစ်ရာ စာရေးဆရာများက ပြဇာတ်အသွင် တင်ဆက်ကပြကြသောအခါ လူကြိုက်များလှသည်။ဆက်တင်အခမ်းအနားကို ဆရာဒဂုံ၊ ဆရာတင်က ဝင်းဝင်းရုံ ဝိုင်းတော်သားများဖြင့် ပြင်ဆင်ပေးသည်ဟု ဆိုပါသည်။ သီပေါမင်းနှင့် ဒိုင်းခင်ခင်တို့တွေ့ကြသည့် ပန်းခုံတော်အခန်းမှာ ယခုတွေးကြည့်မိသောအခါ အလွန်သဘာဝကျ သည်ကို မှတ်မိနေပါသည်။
ဆရာစိန်ခင်မောင်ရီ ရေးထားသည့်ဆောင်းပါးတွင် ၁၉၅၂-၅၃ ခုနှစ်ခန့်က စာရေးဆရာအသင်းအမှုဆောင်အဖွဲ့တွင် နာ ယကအဖြစ်ဖြင့် သခင်ကိုယ်တော်မှိုင်း၊ ဆရာလင်း၊ ဦးဖေမောင်တင်၊ ဦးနု (ထိုစဉ်က ဝန်ကြီးချုပ်)၊ ဦးသိန်းဟန်နှင့် ဦးဝန်  တို့ဖြစ်ကြောင်း၊  ဥက္ကဋ္ဌဇဝန၊ ဒု-ဥက္ကဋ္ဌ လှသမိန်၊ ရေနံမြေ ဒေါ်ခင်စု၊ အတွင်းရေးမှူး အောင်လင်း၊ တွဲဘက် စိန်ခင်မောင်ရီ၊ ငွေထိန်း လင်းယုန်နီ၊ စာရင်းစစ် တင်စိုး၊ အမှုဆောင်လူကြီးများမှာ တက္ကသိုလ်နေဝင်း၊ မင်းအောင်၊ မြင့်ဆွေ၊ ဒေါင်းနွယ်ဆွေ၊ သော်တာဆွေ၊ မြသန်းတင့်၊ ကြည်ကြည်ဝင်းနှင့် ရွှေပိန်သောင်း(ဥက္ကဋ္ဌဟောင်း ) တို့ဖြစ်ကြကြောင်း  စာဆိုတောိဗဟိုကောင်စီ မှာ လက်မှတ်ရောင်းအဖွဲ့၌ ရေနံမြေ ဒေါ်ခင်စု၊ နတ်နွယ်၊ ခင်နွယ်တင်၊ ယုဝတီခင်ဦးတို့ဖြစ်ကြောင်း၊ ဟောပြောပွဲအဖွဲ့တွင် လှသမိန်၊ မြသန်းတင့်၊ အောင်လင်း၊ လင်းယုန်နီ၊ မျိုးမြင့်၊ ညိုညိုလေး၊ ခေတ္တရာဦးညွန့်ရွှေတို့ဖြစ်ကြောင်း၊ ပြန်ကြားရေးအဖွဲ့မှာ မြသွင်၊ သာဂဒိုး၊ ဝင်းမြင့်တို့ဖြစ်ကြောင်း တွေ့ရပါသည်။
ပြဇာတ်အဖွဲ့အတွက် ပြဇာတ်တာဝန်ခံမှာ ဥက္ကဋ္ဌ ဇဝန၊ ဇာတ်ညွှန်း မဟာဆွေ၊ သုခ၊ အောင်ဗလ၊ စိန်ခင်မောင်ရီ၊ ဒါရိုက်တာ သုခ၊ တွဲဘက် စိန်ခင်မောင်ရီ၊ ဇာတ်ခုံမှူး တက္ကသိုလ်နေဝင်း၊ တူရီယာတာဝန်ခံ အောင်လင်း၊ အဝတ်အစားတာဝန်ခံ ဝင်း မြင့်၊ အိုးဝေတင်အောင်၊ သယ်ယူပို့ဆောင်ရေးတာဝန်ခံ ဣန္ဒာနွယ်၊ ဝိုင်းတော်တီး စိန်နွဲ့အဖွဲ့၊ ကာလပေါ်တူရိယာအဖွဲ့ အေဝမ်းခင်မောင်အဖွဲ့၊ သန်းဆွေ (တက္ကသိုလ်)၊ သိန်းလွင်နှင့် ဆန်းအဖွဲ့သားများက ကူညီကြသည်ဟုဆိုသည်။ ပြင်ပအကူ အညီအတွက် အခမ်းအနားကို ဒဂုံဆရာတင်နှင့် ပန်းချီဘိတ်ကြည်၊ တင်လှတို့က ကူညီ၍ အဝတ်အစားအကူအညီအတွက် သက်နှင်းဘရားသား ရုပ်ရှင်ကုမ္ပဏီနှင့် တန်းမြင့်ရုပ်ရှင်ကုမ္ပဏီတို့က အကူအညီပေးကြသည်ဟု ဆိုပါသည်။
တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်တွင် ပါဝင်သူများစာရင်း၌ တောင်သမန်လယ်စားမောင်ဖေငယ်အဖြစ် သုခ၊ မောင်မောင်နွဲ့အဖြစ် ဇဝန၊ရနောင်မောင်မောင်တုတ်အဖြစ် ဝဇီရာ၊ သီပေါမင်းအဖြစ် ဗိုလ်ဗကို၊ ကင်းဝန်မင်းကြီးအဖြစ် ဒဂုံ ဦးစန်းငွေ၊ ခန်းပတ်မင်းကြီးအဖြစ် စိန်မင်းသား၊ ရွှေပြည်ဝန်ကြီးအဖြစ် ဣန္ဒာနွယ်၊ တိုင်တားမင်းကြီးအဖြစ် ငွေဥဒေါင်း၊ ဗန်းမော်ဝန်အဖြစ် ဦးစံလှထွန်း၊ ဒိုင်းအတွင်းဝန်အဖြစ် ဦးခင်မောင်လတ်၊ ဗိုလ်မှူးများအဖြစ် ဒဂုံငမောက်နှင့် ညိုညိုလေး၊ နန်းတွင်းစစ်သည်တော်များအဖြစ် တက္ကသိုလ်စန်း၊ ပေတိုး၊ တက္ကသိုလ်မြင့်မောင်နှင့် နန်းငွေ၊ အရပ်သားများအဖြစ် လင်း ယုန်နီ၊ အောင်လင်း၊ ကြည်မျိုးလွင်၊ ဝင်းမြင့်၊ နေဝင်း၊ တက္ကသိုလ်ချစ်ဆွေတို့က သရုပ်ဆောင်ကြသည်။ ဒိုင်းခင်ခင်အဖြစ် မလှသန်း (တက္ကသိုလ်သက်နှင်း)၊  ဒိုင်းဝန်ကတော်အဖြစ် ဒေါ်ခင်မျိုးချစ်။ ဆင်ဖြူမရှင်အဖြစ် သီတာခင်ထွေး၊ စုဖုရားလတ် အဖြစ် မေနွဲ့၊ စုဖုရားလေးအဖြစ် တက္ကသိုလ်ကြည်မာတို့က ပါဝင်သရုပ်ဆောင်ကြသည်။
စာရေးဆရာပြဇာတ်တွင် ပါဝင်ကပြကြသူ စာရေးဆရာများသည် ဇာတ်ခုံကိုစိမ်းမနေဘဲ မိမိတို့ကျရာအခန်းကို နိုင်နိုင်နင်း နင်း ကပြကြသူများဖြစ်သည်။ ပြဇာတ်တိုင်း ဝန်ကြီးနေရာကို ကန်ထရိုက်ယူထားသကဲ့သို့ နှစ်စဉ်ပင် ဝန်ကြီးလုပ်ရသူ ဒဂုံ ဦးစန်းငွေ၊ ငွေဥဒေါင်းနှင့် ဒဂုံရွှေမျှား၊ စိန်မင်းသား၊ ဣန္ဒာနွယ်တို့သည် ဝန်အထာကျအောင် ကပြနိုင်သူများဖြစ်သည်ဟု ဦး လေးတင် (ဒဂုံပဦးဘတင်) က ပြောပြပါသည်။ ကပြကြရသည်မှာ ရာဇဝင်ဇာတ်ဖြစ်သော်လည်း ပြဇာတ်အဖြစ်ကရခြင်း ဖြစ်၏။ ဇာတ်ဟန်လည်းမပါစေဘဲ သဘာဝထက် အနည်းငယ်သာသာကဲကဲကလေး သရုပ်ဆောင်ကြရလေရာ စာရေးဆရာ များသည် တတ်နိုင်ကြပါပေသည်။ စာပေဟောပြောနေကျဖြစ်သဖြင့် စကားပြောအခန်းများတွင် စာရေးဆရာများသည် ပီပီသသ၊ ခန့်ခန့်ညားညား ပြောနိုင်ကြလေသည်။ မောင်ဖေငယ်အဖြစ်သရုပ်ဆောင်သော သုခအနေဖြင့် နဂိုက ရုပ်ရှင်မင်း သားဖြစ်ရာ အထူးပြောဖွယ်ရာ မရှိတော့ချေ။ ရုပ်ရည်အားဖြင့် အားနည်းနေသည်ကိုသာ (မင်းသားရုပ်မပေါက်သည်ကို ဆိုလိုခြင်း ဖြစ်သည်) ပြောစရာ ရှိသည်။ မင်းသား၏လက်စွဲ လူရွှင်တော်အဖြစ် သရုပ်ဆောင်ရသောဇဝနသည် မောင်ဖေငယ် ပြဇာတ်တွင် သူငယ်ချင်းမောင်မောင်နွဲ့အဖြစ် ကပြရလေရာ ဆရာ၏ ခေတ်နှင့်ယှဉ်သော ဟာသသောလုံးများကြောင့် ပရိ သတ်မှာ တဝါးဝါးရယ်နေကြရသည်။ ရနောင်မောင်မောင်တုတ်အဖြစ်သရုပ်ဆောင်သော ဝဇီရာသည်  အသားဖြူဖြူ၊ အရပ် ထောင်ထောင်မောင်းမောင်း ၊ ရုပ်ရည်ချောမောသူဖြစ်၍ နန်းဝတ်နန်းစားနှင့် အလွန်လိုက်ဖက်၍ ကြည့်ကောင်းလှသူဖြစ်သည်။ ရနောင်မောင်မောင်တုတ်၏ စရိုက်အတိုင်း ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း သရုပ်ဆောင်ရသည်။ ဆရာဇဝနက နိုင်ငံရေးပြက်လုံး၊ ခေတ်ပြက်လုံး၊ ဟိုဆော် သည်ဆော်ပြက်လုံးများဖြင့် ပရိတ်သတ်ပွဲကျအောင် သရုပ်ဆောင်သွားသည်။ သီပေါမင်းအဖြစ် သရုပ်ဆောင်သူမှာ ဗိုလ်ဗကို ဖြစ်သည်။ နဂိုက စကားပြောကောင်းလှသူဖြစ်သဖြင့် လူထုအောင်သံ ရုပ်ရှင်မင်းသား ဖြစ်ရာမှ နောက်ပိုင်းတွင် တကယ့်ရုပ်ရှင်မင်းသား ဖြစ်သွားလေသည်။
စာရေးသူအနေနှင့် ဤပြဇာတ်နှင့်ပတ်သက်၍ အထူးပြောချင်သည်မှာ ဦးခင်မောင်လတ်နှင့်ဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံ ပါဝင်သရုပ်ဆောင်ထားကြခြင်းဖြစ်သည်။ သူတို့အနေဖြင့် ပြဇာတ်သရုပ်ဆောင်ခြင်းနှင့် ပြဒါးတလမ်း၊ သံတလမ်း ဖြစ်ကြသည်။ သို့သော် တတ်သည့်ပညာမနေသာဆိုသည့်အတိုင်း ကူညီကြရလေရာ ဒေါ်ခင်မျိုးချစ်တို့မောင်နှံ၏ သရုပ်ဆောင်မှုများကို ယခုအထိ မျက်စိထဲတွင် မြင်ယောင်နေပါသည်။ ဒိုင်းဝန်ကတော်ကြီးမှာ မီးယပ်ကျိုးကျိုးနေသူဖြစ်ရာ လမ်းလျှောက်လျှင် ထော့နင်းထော့နင်းဖြင့် အတွဲဖြင့် လျှောက်ရပါသည်။ ဒေါ်ခင်မျိုးချစ်ကလည်း ဤပုံစံဖြင့် သရုပ်ဆောင်သွားလေရာ လူတိုင်း သဘောကျကြသည်။ ဦးခင်မောင်လတ်ကလည်း ဤပြဇာတ်တွင် ငိုချင်းတပုဒ်ပင် သီဆိုပြသွားသေးသည်။ ဒိုင်းဝန်က တော်၊ သမီး ဒိုင်းခင်ခင်နှင့် မောင်ဖေငယ်တို့ အဖမ်းခံရစဉ် သီဆိုရခြင်းဖြစ်ရာ…
“ … သက်ရွယ်တော်ကြီး၊ စိတ်ပုတီးနဲ့…စံရိပ်ကြီးပျော်မယ်၊ ကြံစည်ရည်မှန်း ကြမ္မာနွယ်ပြီး… ”
စသည်ဖြင့် ရင်ထုပြီး ငိုချင်းကို ပိုင်ပိုင်နိုင်နိုင် ဆိုသွားလေရာ ပရိတ်သတ်အလွန်ပွဲကျပါသည်။ ဤနေရာတွင် ဒိုင်းဝန်ကြီးအဖြစ် အခြားသူသရုပ်ဆောင်က ဤမျှသဘောကျမည်မဟုတ်ဟုထင်ပါသည်။ ဦးခင်မောင်လတ်လိုလူမျိုးက သရုပ်ဆောင်ပြီး ငို ချင်းကို ပိုင်ပိုင်နိုင်နိုင် ချသွားလေသောကြောင့် သဘောကျကြခြင်း ဖြစ်ပါသည်။
စာရေးသူတို့နှင့်အတူ ပွဲကြည့်နေသောစာရေးဆရာမကြီး ဒဂုံခင်ခင်လေးက…
“သူတို့လင်မယား ဒိုင်းဝန်နှင့် ဒိုင်းဝန်ကတော်အဖြစ်ကသွားကြတာ သူတို့ဟာ ဒိုင်းဝန်လင်မယားနှင့် ဆွေမျိုးတော်တယ် ဆိုတာ သိမှသိကြပါရဲ့လား ” ဟု ပြောသွားပါသည်။ ဤစကားနှင့်ပတ်သက်ပြီး နောင်ဆယ်နှစ်ကျော်ကျော်အကြာမှ ဦးဝိစာရ လမ်း၊ အင်ဗွိုင်းခန်းမတွင် စိန်မဟာသဘင်က ဤဇာတ်လမ်းကို ပြန်ကကြသောအခါမှ အန်တီခင် (ဒဂုံခင်ခင်လေး) က စကားဆက်၍ ပြောပြပါသည်။
“ဘိုးတော်ဘုရားလက်ထက်ကစပြီး ဘကြီးတော်လက်ထက်တိုင်အောင် မင်းခစားဖြစ်ကြတဲ့ ဦးကျော်ခေါင်နှင့် ဦးကျော်ရွေး ဆိုတဲ့ ညီအစ်ကိုရှိကြတယ်။ ဦးကျော်ခေါင်ဟာ ဘိုးတော်ဘုရားလက်ထက်မှာ သန်လျင်မြို့စားဝန်ကြီးဖြစ်တယ်။ ဘကြီးတော် ဘုရားလက်ထက်ကျတော့ သတိုးမင်းကြီး မဟာမင်းခေါင်ကျီဝန်ကြီး ဖြစ်တယ်။ သူ့ညီ ဦးကျော်ရွေးကတော့ ဘိုးတော်ဘုရား လက်ထက်မှာ ဟံသာဝတီ (၃၂) မြို့ဝန်ဖြစ်ခဲ့တယ်။ ဘိုးတော်ဘုရားက အထူးသဒ္ဓါတော်မူလို့ ဦးကျော်ရွေးကို တိုက်ဆင် အစီး (၆၀)၊ (၃) ဆက်အိမ်ကြီးနှင့်တကွ ရန်ကုန်မြို့မှာ တခမ်းတနားနေထိုင်စေတယ်။ မင်းလှအနော်ရထာ ဘွဲ့လည်းရတယ်။ ဘကြီးတော်ဘုရားလက်ထက်ကျတော့ ဦးကျော်ရွေးကို လက်ဝဲတော်စစ်သူကြီးနေရာမှ သတိုးမင်းလှ အနော်ရထာ ဘွဲ့အ မည်နဲ့ ဝန်ကြီးအရာပေးတယ်။ ဦးကျော်ရွေးရဲ့သမီးအကြီးကို တောင်ဆောင်တော်မိဖုရားမြှောက်ပြီး သမီးအငယ်ကို သီရိရ တနာဘွဲ့အမည်နှင့် မိဖုရားအရာမှာ ထားတယ်”
“အမှန်တော့ သူတို့ညီအစ်ကိုဟာ ဘကြီးတော်ဘုရားနဲ့ သွေးသားမကင်းဘူး။ ဘိုးတော်ဘုရားရဲ့ အလယ်နန်းတော် မိဖုရား ကြီး မယ်လွန်းပုမှာ အစ်မဝမ်းကွဲ ဒီပဲယင်းမြို့နယ်၊ ဟင်္သာရွာဇာတိ၊ မယ်ဆုံကြီးဆိုတာရှိတယ်။ ဘိုးတော်ဘုရား မကောင်း စားခင်က အတူလာပြီး အေးအတူပူအမျှ ဒုက္ခ၊ သုခ မျှဝေခံစားပြီး ပြုစုလုပ်ကျွေးခဲ့တာကလား။ ဘိုးတော်ဘုရားဟာ မယ် ဆုံကြီးကို သွေးရင်းသားရင်းပမာ အားကိုးတော်မူရှာတယ်။ မယ်ဆုံကြီးရဲ့ သားနှစ်ယောက်ဟာ ဦးကျော်ခေါင်နှင် ဦးကျော် ရွေးပဲ။ ကျီဝန်ကြီး ဦးကျော်ခေါင်ရဲ့ သားတယောက် ဦးမောင်ကလေးဆိုတာ မင်းတုန်းမင်းတရားကြီးလက်ထက်မှာ လောင်း ရှည်မြို့စား ဝန်ကြီးဖြစ်လာတယ်။ ကျီဝန်ကြီး ဦးကျော်ခေါင်ရဲ့သမီးတယောက်ကတော့ မင်းတုန်းမင်းတရားကြီးလက်ထက် တော်က ဗန်းမော်မြို့ဝန် အတွင်းဝန် ဦးဖိုးရဲ့ ဝန်ကတော်ကြီးပဲ။ ဗန်းမော်မြို့ဝန် အတွင်းဝန် ဦးဖိုးကလည်း မင်းတုန်းမင်းရဲ့ ခုနစ်ရွာ မိဖုရားကြီးနဲ့မောင်နှမလေ”
“ဗန်းမော်မြို့ဝန်၊ အတွင်းဝန် ဦးဖိုးနဲ့ ဝန်ကတော်ကြီးတို့မှာ ဗန်းမော်ခင်လေးကြီးဆိုတဲ့ သမီးတယောက်ရှိတယ်။ ပါတော်မူသွား တော့ သူ့အဒေါ်ခုနစ်ရွာ မိဖုရားကြီးနှင့် ရန်ကုန်ကိုပါလာတယ်။ ရန်ကုန်မှာ ကျောက်စာစာရေးကြီးဦးဖေနှင့် လက်ဆက်တယ်။ သူတို့ရဲ့သားရာဇဝတ်ဝန်ထောက် ဦးတော်ဆိုတာ ဒေါ်ခင်မျိုးချစ်ရဲ့အဖေ။ ကျီဝန်ကြီး ဦးကျော်ခေါင်ကတော်ရဲ့ မောင်မှာ သားတယောက်၊ သမီးတယောက်ရှိတယ်။ သားက ဧနက်ပလာဆင်ဝန်ကြီး ဦးဖိုးတင်လို့ဖြစ်လာတယ်။ သမီးကတော့ ဒိုင်း အတွင်းဝန် ဦးဖိုးကြီးရဲ့ကတော် ဒိုင်းဝန်ကတော်ကြီးပဲ။ ဒိုင်းဝန်လင်မယားဟာ သားသမီးမရှိတော့ ဝန်ကတော်ကြီးရဲ့ မောင် ဧနက်ပလာဆင်ဝန် ဦးဖိုးတင်ရဲ့ သမီးကို ခေါ်မွေးစားလို့ ဒိုင်းခင်ခင်ကြီးလို့ ဖြစ်လာတယ်”
“ဒီတော့ ဒေါ်ခင်မျိုးချစ်ဟာ သူ့အဘွား ဗန်းမော်ခင်လေးကြီးရဲ့ ဒိုင်းဝန်ကတော်အဖြစ်နဲ့ ပြန်သရုပ်ဆောင်ရတာပေါ့” ဟူ၍ ပြောပြခဲ့ပါသည်။
 
လူထုဒေါ်အမာ – ရေးဖော်မကြီးရေ သွားနှင့်သလား … (မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅

ရွှေအမြုတေ၊ အမှတ်- ၁၁၁၊ ၁၉၉၉ ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။
ကျွန်မသမီးက ‘ အမေ မောင်စွမ်းရည်က ဖုန်းဆက်ခိုင်းလို့တဲ့၊ ကိုပေါက်စည် ဖုန်းဆက်တယ်။ ဒေါ်ခငမျိုးချစ် ဆုံးပြီတဲ့။  နက် ဖြန် (၁၀) နာရီမှာ သဂြိုဟ်မှာတဲ့’ လို့ ဇန်နဝါရီလ (၂) ရက်နေ့ကပြောတော့ ကျွန်မစိတ်ထဲ ဟင်ခနဲဖြစ်သွားတယ်။
ကျွန်မကို လွန်ခဲ့တဲ့ (၂) ရက်တုန်းကမှ အိမ်ရောက်လာတဲ့ ရန်ကုန်ကမိတ်ဆွေတစ်ယောက်က ဒေါ်ခင်မျိုးချစ် အခုတလော ကျန်းမာရေး တော်တော်ကောင်းနေတယ်လို့ပြောလို့ ကျွန်မက ဝမ်းသာခဲ့သေးတာ။ ကောင်းပါလေ့ ကောင်းပါလေ့။ သူ့ကို ဂျပန်ပြည်ရောက် မြန်မာတွေက ဒီနှစ်ကန်တော့ကြမလို့်တဲ့။ ကျွန်မကို တယ်လီဖုန်းနဲ့သတင်းပေးကြပြီး ‘အမေ ဒေါ်ခင် မျိုးချစ်ကို ကျန်းမာအောင်နေဖို့ ပြောပေးပါ၊ ကျွန်တော်တို့ သူ့ကို နှစ်ဆန်းတော့ ကန်တော့လာကြမှာ’ လို့ အပြောခိုင်းတာနဲ့ ကျွန်မက လူကြုံနဲ့ သူ့ဆီ သတင်းပို့လိုက်သေးတယ်။ ခုလို သူ့ကျန်းမာရေးကောင်းလာတယ်ဆိုတော့ ဒါဆိုရင် သူအိပ်ရာ ပေါ်မှာ ထိုင်ပြီးများ အကန်တော့ခံနို်င်မလားလို့ အောက်မေ့ပြီး ဝမ်းသာနေမိပါတယ်။
ဝမ်းသာခဲ့တာမှ ၂ ရက်၊ ၃ ရက်ပဲ ရှိဦးမယ်။ ခုတော့ သူက ဆုံးပြီတဲ့လေ။ သြော် … သေခြင်းတရား သေခြင်းတရား ဘာမှမမြဲ၊ သူပဲ မြဲပါကလား။
သူရယ်၊ ဒေါ်မာလာရယ်၊ ကျွန်မရယ်၊ ဒေါ်ရီကြိန်ရယ်၊ ဒေါ်မီမီခိုင်ရယ်က တစ်ခုတည်း သမီးတွေ။ ၁၉၁၅ခု ဖွားတွေ၊ လပဲ ကွာကြတာမို့ လကြီး လငယ်တွေ။ ဒေါ်နုယဉ်ကတော့ ၁၉၁၆ခု ဖွား။ ဒါပေမယ့် သူက နှစ်ဆန်းစမို့ ကျွန်မထက် နည်းနည်းပဲ ငယ်တယ်။
ဒေါ်နုယဉ်က ကျွန်မတို့ အမျိုးသမီး စာရေးဆရာတွေထဲမှာ ကဗျာစွမ်းတဲ့ သူလေ။ သူက ကဗျာတင် ကောင်းတာမဟုတ်ဘူး။ အိမ်ထောင်ရေးလည်း ကျွန်မတို့အားလုံးထက် ကံကောင်းတယ်။ ခုထက်ထိ ဆရာတက်တိုးနဲ့အတူ အသက် (၈၀) ကျော် လင်စုံမယားဖက် ကျန်းကျန်းမာမာ စာတွေ ရေးနေကြသေးတာမို့ သူတို့ကို သတိရတိုင်း မုဒိတာစိတ်နဲ့ သာဓုခေါ်မိပါတယ်။
ဒေါ်မာလာကတော့ ကျွန်မတို့ စာရေးဆရာတွေထဲမှာ ရှားရှားပါးပါး ဟာသနှောပြီး အတို့အဆိတ် အထေ့အငေါ့ အကလိစာမျိုး ရေးစွမ်းတယ်။ ဒေါ်မာလာရယ်၊ မရီကြိန်ရယ်၊ ခင်သန်းမြင့်ရယ်၊ စောမုံညင်းရယ်က ကျွန်မနဲ့ တစ်ကျောင်းတည်းထွက်တွေ။ ဒေါ်မာလာက လွန်ခဲ့တဲ့ (၃) နှစ်လောက်က ဆုံးရှာပြီ။
ဒေါ်ခင်မျိုးချစ်နဲ့ ဒေါ်မီမီခိုင်တို့က ကျွန်မတို့ မြန်မာအမျိုးသမီးထဲ အင်္ဂလိပ်လို စာရေးနိုင်တဲ့သူတွေလေ။ ဒေါ်မီမီခိုင်က ကျွန်မတို့ အင်းလျားမှာ တစ်စားပွဲတည်း ထမင်းစားခဲ့ကြတဲ့ အတန်းတူ ကျောင်းနေဖက်။ ခုတော့ ကျန်းမာရေး ချို့တဲ့ရှာလို့ စာတွေအများကြီး မရေးနိုင်ရှာဘူး။ ကျွန်မတို့ ဒေါ်ခင်မျိုးချစ်က သူ့ထက် ပိုရေးနိုင်တယ်။ ကျွန်မက အင်္ဂလိပ်လို ရေးဖော်ရ သူတွေကို သိပ်ကျေနပ်တာ။ သူတို့အတွက် ဝမ်းမြောက်တယ်၊ ဂုဏ်ယူတယ်၊ ကျေးဇူးတင်တယ်လေ။ သူတို့ရှိတဲ့အတွက် ကျက်သရေရှိတယ် မဟုတ်လား။
ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်လို စာအရေးကောင်းလို့များ ဦးခင်မောင်လတ်နဲ့ အကြောင်းပါသလားတော့ မသိဘူး။ သူ့ယောက်ျား ဦးခင်မောင်လတ်က ကျွန်မနဲ့ ဥပစာကောလိပ်မှာ ကျောင်းနေဖက်သူငယ်ချင်းပါ။ သူက အဲဒီတုန်းကတည်းက အင်္ဂလိပ်စာ တော်သူပါ။ ကျွန်မတို့က သူ့ကို အင်္ဂလိပ်လို မှတ်စုထုတ်ခိုင်းနေကျ။ သူ့နာမည်က ကိုခင်မောင်လတ်ဆိုပေမယ့် သူ့အရပ်ကြီး က အရှည်ကြီးမို့ တစ်ကျောင်းလုံးက သူ့ကို ခင်မောင်လတ်လို့ ဘယ်သူကမှ မခေါ်ကြဘူး။ ‘အရှည်ကြီး’ ပဲ ခေါ်ကြတာပါ။
ဒေါ်ခင်မျိုးချစ်နာမည်ကတော့ မခင်မြတဲ့။ သူနဲ့ ကျွန်မနဲ့က ကျောင်းတုန်းက မတွေ့ခဲ့ဖူးဘူး။ သူက ဦးလှကို ကျွန်မအရင် သိတယ်။
သူနဲ့ကျွန်မ စာရေးတဲ့ အမျိုးသမီးအချင်းချင်းဆိုတော့ ငယ်ကတည်းက ချစ်ကျွမ်းဝင်ပါတယ်။
ကျွန်မက အသက် (၆၇) နှစ်မှာ လူထုဦးလှဆုံးသွားတော့ မုဆိုးမဖြစ်တယ်။ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့က အသက် (၈၀) ကျော်အထိ အိုအောင်မင်းအောင် အတူနေရတယ်။ ဒေါ်ခင်မျိုးချစ် မမာမကျန်း ဖြစ်တယ်။ အိပ်ယာကျောကပ် ဖြစ် တယ်ဆိုတော့လည်း ဦးခင်မောင်လတ်က ကလေးတွေကို အင်္ဂလိပ်စာသင်ရင်း သူ့ဇနီးကို ပြုစုနေတာကလား။ ကျွန်မက လူကြုံရှိတဲ့အခါ ဒေါ်ခင်မျိုးချစ်ကြိုက်တတ်တဲ့  မန္တလေး အစားအစာကလေးတွေ ပို့ပေးတယ်။
ဒီလိုနေရင်းနဲ့  တစ်နေ့တော့ ‘ဦိးခင်မောင်လတ် ဆုံးသတဲ့’ ဆိုတဲ့ သတင်းဆိုးကို နာသံမကြား၊ ဖျားသံ မကြားရဘဲ ကြား လိုက်ရတယ်။ ကျွန်မစိတ်ထဲ ‘အိပ်ယာထဲလဲနေတဲ့သူက ဘာမှမဖြစ်၊ သူ့ကိုပြုစုနေတဲ့သူက ဆုံးတာတဲ့လား။ သေခြင်းတရား များကလည်းနော်၊ ထင်တာမဖြစ်၊ မထင်တာဖြစ်တာကိုးလို့ ရေရွတ်ရင်း ဦးခင်မောင်လတ်ကြီးက ဘာဖြစ်သွားတာတဲ့တုန်း လို့မေးတော့ ရုတ်တရက်ဖြစ်ပြီး ကွယ်လွန်ရှာတာပဲ၊ နှလုံးပဲထင်ပါရဲ့လို့ သိရပါတယ်။
ဒါကြောင့် ကျွန်မက ဒေါ်ခင်မျိုးချစ်အတွက် စိတ်ပူသွားတယ်။ ဒီမိန်းမကြီးတော့ ကြာကြာမခံတော့ဘူးလို့လည်း အောက်မေ့ လိုက်တယ်။ သူက အိပ်ရာပေါ်က ယဲ့ယဲ့ အနေအထားကိုး။ ဒါပေမယ့် အများသိကြတဲ့အတိုင်းပါပဲ။ ဒေါ်ခင်မျိုးချစ်က လူက သာ မမာတာပါ။ သူ့အသည်းက မာပါတယ်။ သူက နှစ်ပေါင်း (၆၀) ကျော် ပေါင်းသင်းလာတဲ့ ခင်ပွန်း၊ သူ့ကို ပြုစုနေရင်း ရုတ်တရက် ကွယ်လွန်ပေမယ့် ကြံ့ကြံ့ခံပါတယ်။ သူ့ပြုစုမယ့်လူ ဦးခင်မောင်လတ်မရှိတဲ့နောက် သူ (၂) နှစ်နဲ့ (၆) လ အသက်ရှည်သေးတယ်။
ဒေါ်ခင်မျိုးချစ်ရဲ့ သတ္တိနဲ့ ဗျတ္တိကို ကျွန်မက သိပြီးသား၊ အထင်ကြီးပြီး လေးစားပြီးသားပေမယ့် သူ့ကို  ပြုစုနေရှာတဲ့ လင် တစ်ယောက်လုံး အခုလို ဗြုန်းခနဲသေသွားတာကို သူခံနိုင်တယ်ဆိုတော့ သူ့အသည်းမာပုံကို အံ့လို့မဆုံးဘူး။
ဒါကြောင့် သူ ၈၃ နှစ်ပြည့်မွေးနေ့တုန်းက ကျွန်မက ‘အသည်းမာတဲ့ ရေးဖော်မကြီးရေ’ လို့ ဆိုပြီး  စာရေးလိုက်သေးတယ်။ လက်ဆောင်ကလေး ပို့လိုက်သေးတယ်။
သူနဲ့ကျွန်မက ရန်ကုန်နဲ့ မန္တလေးမို့ အနေဝေးကြပေမယ့် သူ့သတင်းကို ကျွန်မက မပြတ်တမ်း နားစွင့်နေတာ။ ရွှေကူမေနှင်းတို့ မောင်စွမ်းရည်တို့ကလည်း ကြုံတိုင်း ဒေါ်ခငမျိုးချစ်သတင်း ကျွန်မဆီပို့နေကြတာ။ သူ မမာနေရှာတာ ကြာပြီပဲ။ သူ့ကို သွား ကြည့်လိုက်ရင် နှစ်တွေလတွေကြာအောင် ခံနိုင်မယ့် ခံနို်င်ရည် မရှိရှာတော့ပါဘူးလို့ပဲ ထင်ကြရတယ်။ နို့ပေမယ့် သူက သူ့မွေးနေ့တွေကို  အိပ်ရာထဲကနေပြီးကျင်းပခဲ့တာ ဘယ်နှ နှစ်မှန်း မသိဘူး။ ဒါကြောင့် ကျွန်မက သူ့ကို သက္ကရာဇ် ၁၉၉၉ ခုထဲ (၂) ရက်ပဲ ဝင်ရသေးတယ်၊ သူက ဆုံးပြီတဲ့။
ကျွန်မတို့ မြန်မာမှုကလေးတွေ၊ မြန်မာ့အကြောင်းကလေးတွေ မြန်မာစာ မဖတ်တတ်တဲ့ အင်္ဂလိပ်စာဖတ်တဲ့သူတွေ ဖတ် နိုင်အောင် သူ မရေးတော့ဘူးပေါ့။ ‘ရှင့်နေရာမှာ အစားဝင်မယ့်လူ မမြင်သေးလို့ ရှင့်ကို နှမြောလိုက်ပါဘိတော့တယ် ဒေါ် ခင်မျိုးချစ်ရယ်’ ။ အင်္ဂလိပ်လို စာရေးနိုင်တဲ့ ကျွန်မတို့ မြန်မာစာရေးဆရာမကြီးကဖြင့် ဘဝနိဂုံး အဆုံးသတ်သွားပြီတဲ့လေ။
သြော် … နှမြောလိုက်ပါဘိတော့။
(ရွှေအမြုတေ၊ အမှတ်- ၁၁၁၊ ၁၉၉၉ ဖေဖော်ဝါရီလ )

 

 

 

 

 

 


မိုးဟိန်း (သားဂျာနယ်ကျော်) - လမ်းကားဤသို့၊ လူကား အဘယ်သို့

ဇန်န၀ါရီ ၅၊ ၂၀၁၄ (မိုးမခ)

 
လွန်ခဲ့သည့် အနှစ်သုံးဆယ်ကျော်က ဖြစ်၏။
ကျွန်တော်သည် တာမွေအ၀ိုင်းမှ ဂွတ္တလစ်ဈေးဘက်သို့ ဦးချစ်မောင်လမ်းအတိုင်း ဆိုက္ကားတစ်စီးဖြင့် စီးလာသည်။ ရှေ့တွင် မြင်နေရသောလမ်းမှာ လမ်းနှင့်မတူ၊ ဤလမ်းတွင် ဒယ်အိုး၊ ဒယ်ခွက်ကြီးများခင်းထားသကဲ့သို့ ချိုင့်လျက်ခွက်လျက်၊ ထန်းသီးလုံးများ အမြောက်ဆံလုံးများ ပြန့်ကျဲထားဘိသို့ ခုံးခုံးလုံးလုံး၊ မိကျောင်းကျောရေခင်းထားသည့်အလား၊ အက်ကွဲကြောင်းများဖြင့် အတော်ပင် အကျည်းတန်အရုပ်ဆိုးသော လမ်းဖြစ်၏။ ထို့ပြင် ယာဉ်အမျိုးမျိုး၊ လူအထွေထွေတို့မှာလည်း ခွေကာခွင်ကာ၊ ယို့ကာ ယိမ်းကာ၊ မြင့်ကာ နိမ့်ကာဖြင့် မရှုမလှ သွားလာနေကြရသည်။
 
“တောက်… ဆိုးလိုက်တဲ့လမ်း၊ ဦးချစ်မောင်လမ်းတဲ့နော်…. လူတော့ ဘယ်လိုနေမယ်မသိဘူး၊ ဦးချစ်မောင်ကို သိလား”
 
ချွေးပေါက်ပေါက်ကျနေသော ဆိုက္ကားဆရာ၏ တောက်ခေါက်သံနှင့် သူ၏ စကားကို ရုတ်တရက် ကြားလိုက်သောအခါ ကျွန်တော့်မှာ မင်သက်မိသွား၏။ ထို့နောက် ရယ်ရနိုးနိုး။ မဲ့ရနိုးနိုးဖြင့် နှစ်မျိုးသော ဝေဒနာတို့၏ စိုးမိုးခြင်းကို ခံလိုက်ရသည်။ အကယ်၍ တစ်ခြားအကြောင်းအရာ တစ်ခုခုကို ဆိုက္ကားဆရာက ပြောခဲ့ပါမူ ကျွန်တော်လည်း တစ်စုံတစ်ရာ ပြန်ပြောမိပါမည်။ ယခုကား သူညွှန်းလိုက်သော လမ်း၏ အမည်ရှင်မှာ ကျွန်တော်၏ ဖခင်ဦးချစ်မောင် (ဂျာနယ်ကျော်ဦးချစ်မောင်) အမည်နှင့် တူနေပါ၍ ကျွန်တော် အဘယ်သို့ ပြန်ပြောရပါမည်နည်း။ ဂွတ္တလစ်ဦးချစ်မောင်ကိုတော့ မသိ။ ကျွန်တော်သိသော ဦးချစ်မောင်ကား…. ရှေ့တွင် တွေ့နေရသော လမ်း၏ အနိဌာရုံမြင်ကွင်းများ ပျောက်ကွယ်သွားပြီး ကျွန်တော်၏ စိတ်မှန်ပြင်ဝယ် ၀ိုးတိုးဝါးတား အရိပ်များနှင့် အသံဗလံများ ပေါ်ထွက်လာကြသည်။
 
တရေးရေးမှ တဖြည်းဖြည်းပေါ်လာ
 
“မင်းဖေဖေအကြောင်း… မင်းပြောရလိမ့်မယ်”
 
၁၉၆၁ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် အမှတ် (၈) ပြည်သာယာလမ်း၊ ဘောက်ထော်နေအိမ်၌ ဂျာနယ်ကျော်ဦးချစ်မောင် (၁၅ နှစ်မြောက်) အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည်။ ညနေ (၆) နာရီမှစ၍ အိမ်ရှေ့ခြံကွက်လပ်တွင် ခင်းထားသော စားပွဲများဆီသို့ ဖခင်၏ မိတ်ဆွေသင်္ဂဟများ တဖြည်းဖြည်း ရောက်လာကြသည်။ လူစုံသောအခါ မိခင်က နိဒါန်းစကား၊ ကျေးဇူးစကားများပြောပြီး၊ ကျွန်တော်ဘက်သို့ လှည့်ကြည့်လိုက်၏။ လေးလံသော ခြေလှမ်းများဖြင့် အသက် (၁၉) နှစ်ရှိ လူငယ်တစ်ယောက် ပရိသတ်ရှေ့မှောက်သို့ ရောက်သွားသည်။ မိခင်က ကျွန်တော့်ဖင်အကြောင်ငး ပြောခိုင်းထားပါသည်။ ဘယ်သို့ဘယ်ဝါဟု အမှာမရှိ။ ကိုယ့်အသိကိုယ့်ခံစားချက်နဲ့သာ ပြောပေတော့ဟု ဧည့်ခံပွဲမလုပ်မီ တစ်ညအလို၌ ကျွန်တော်သည် အိပ်ယာထဲလှဲရင်း ဖခင်အကြောင်းတွေးကြည့်နေမိသည်။ မှတ်မိသည့်အရွယ်မှစ၍ ယခု (၁၉) နှစ်သားအရွယ်ထိ ကိုယ်သိသမျှ၊ ခံစားသမျှတွေကို ကိုယ်ပြောတတ်သလိုပဲ ပြောချလိုက်မည်ဟု ဆုံးဖြတ်ခဲ့သည်။
 
စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာသမားတို့၏ မျက်လုံးအစုံတို့သည် ရှေ့တွင် ရပ်နေသော လူငယ်လေးပေါ်သို့ စူးစိုက်လျက်….
 
“ဖေဖေ့ကို ကျွန်တော် စသိတာကတော့ ပန်းချီကားချပ်ကြီးတစ်ခုကပါပဲ။ ဒီပုံထဲက လူဟာ ငါ့အဖေဆိုပါလား။ မျက်မှန်ကြီးနဲ့ ခေါင်းပေါင်းကြီးနဲ့ ရှုတည်တည်ကြီး၊ အဘိုးကြီးတစ်ယောက်နဲ့ တူလိုက်တာ။ (ပန်းချီဆရာကြီး ဦးငွေကိုင်ရေးဆွဲခဲ့သော ဆေးပန်းချီပုံ) အဖေကွယ်လွန်တုန်းက ကျွန်တော်ဟာ သုံးနှစ်၊ လေးနှစ်သားလောက်ပဲ ရှိပါတယ်။ ဘာမှမသိ၊ စ သိတာကတော့ အိမ်မှာချိတ်ဆွဲထားတဲ့ အဲ့သည် ပန်းချီကားတွေက တစ်ဆင့် ကျွန်တော်တို့ ကလေးပီပီ လျှောက်ဆော့၊ လျှောက်ဖွ၊ လျှောက်မွှေရင်းနဲ့ ဘီဒိုတွေထဲက စာအုပ်တွေ ထုတ်ကြည့်လိုက်တော့ လက်ရေးလှလှနဲ့ အင်္ဂလိပ်လိုရော၊ မြန်မာလိုရော အပေါ်ညာဒေါင့်စွန်းမှာ အမည်ထိုးထားတာတွေ၊ နောက်ပြီး စာပိုဒ်တော်တော်များများမှာ နီပြာတန်နဲ့ အနီတစ်မျိုး၊ အပြာတစ်မျိုး မျဉ်းတားတာတွေ၊ ဘေးဘီကွက်လပ်မှာ လက်ရေးသေးသေးနဲ့ မှတ်ချက်ရေးထားတာတွေ့ရတယ်။ ဒါပေမယ့် ကလေးဆိုတော့ ဘာမှနားမလည်ခဲ့ပါ။ လူကြီးတွေက အဲဒါ မင်းတို့အဖေရဲ့ လက်ရေးနဲ့စာတွေပဲ။ ကျွန်တော့်စိတ်ထဲမှာ အော်… အဖေဟာ စာတွေအများကြီးဖတ်ပြီး၊ အများကြီး မှတ်ပါလားလို့ ကလေး သိသိခဲ့ရပါတယ်။ ဒီတော့ ဖခင်ကို ရုပ်ပုံကားချပ်မှတစ်ဆင့် လက်ရေါ်လက်သားအဖြစ် သိရပါပြီ။ နောက်တော့ ကျွန်တော်တို့ ညီအစ်ကို အိန္ဒိယရှိ StJoseph College (Darjeeling) က အပြန် တစ်နေ့မှာ မိခင်က ကျွန်တော်တို့ မောင်နှမသုံးယောက်ကို ခေါ်ပြီး၊ အင်္ဂလိပ်လို ရေးထားတဲ့ စာတစ်စောင်ကို ကိုယ်စီဖတ်ဖို့ ထုတ်ပြပါတယ်။ “မင်းတို့ အဖေ မသေခင်တုန်းက ဆေးရုံမှာ ရေးသွားတဲ့စာ၊ ကလေးတွေ အင်္ဂလိပ်စာ ဖတ်တတ်တဲ့နေ့မှာ ပေးဖတ်ပါတဲ့”။ သြော် အဖေ့ရဲ့ သေတမ်းစာပါလား။ ရင်သွေးတွေအတွက် ရေးခဲ့တဲ့စာ၊ အင်္ဂလိပ်လို ရိုးရိုးရှင်းရှင်းလေးနဲ့ ဖတ်လို့ရအောင် ရေးထားတာပါ။ စာပါ အကြောင်းအရာတွေကတော့ လောကမှာ လူတော်လူကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားရန်၊ အရေးကြီးဆုံးက ရိုးသားဖြောင့်မတ်တဲ့ စိတ်ရှိဖို့၊ နောက်ပြီး ကိုယ့်နိုင်ငံကို ချစ်ပြီး နိုင်ငံအတွက် အကျိုးဆောင်ရွက်နိုင်ဖို့ဆိုတဲ့ အချက်တွေပါပဲ။ Honesty, ability, character, duty… ဆိုတဲ့ စကားလုံးတွေကို ဗလာစာရွက် တစ်မျက်နှာထဲမှာပဲ ထပ်ခါထပ်ခါ သုံးစွဲရေးသားခဲ့ပါတယ်။ သည်တစ်ခါတော့ ဖခင်ကို စာအသွင်နဲ့ မြင်ရပါပြီ။ ကျွန်တော်ပြောလိုတာကတော့ ကလေးဘ၀အရွယ်မှာ ဖခင်ကို ကျွန်တော့်စိတ်ထဲမှာ “ပန်းချီဖေဖေ” “လက်ရေးဖေဖေ” “စာဖေဖေ” ရယ်လို့ တစ်ဆင့်တစ်ဆင့် သိမှတ်ခဲ့ခြင်းပါ။
 
ကျွန်တော်အရွယ်ရလာလို့ ဖခင်နဲ့ပတ်သက်ပြီး များများစားစား သိရတာက “သူလိုလူ” ဆိုတဲ့ မိခင်ရေးတဲ့ စာအုပ်ဆီကပါပဲ။ မေးစရာပေါ်လာပြီ။ “မင်းတို့အဖေအကြောင်း မပြောပြခဲ့ဘူးလားလို့”။ ကျွန်တော့်မိခင်ဟာ တစ်နေ့တစ်နေ့ အလုပ်တွေနဲ့ လုံးပမ်းရုန်းကန်နေရတာမို့ သားသမီးတွေကို ဖခင်အကြောင်း များများမပြောနိုင်ဘဲ ကြုံသလိုသာ ပြောနိုင်သူပါ။ သည်တော့ အခုတစ်ခါ ဖခင်ကို သိရတာဟာ “အထုပ္ပတ္တိဖေဖေ” အဖြစ်လို့ဆိုရမှာပေါ့။
 
မိခင်ပြောပြတဲ့ “သူလိုလူ” ဟာ သူ့ရဲ့ ခင်ပွန်း သူလိုလူပါပဲ။ ဖခင်ရဲ့ ဘ၀နဲ့လုပ်ရပ်ပေါင်းစုံကို ဖော်ပြထားတဲ့ကြေးမုံအသွင်ပါ။ နောက်တစ်ခါ စာအုပ်ထဲက “သူလိုလူ”ကနေပြီး အများပြောတဲ့ “သူလိုလူ”အဖြစ်သို့ ထပ်ဆင့်ထပ်ဆင့် သိရပါတယ်။ ကျွန်တော့်စကားနဲ့ ပြောရရင် “အများပြောတဲ့ဖေဖေ” ပေါ့။ သတင်းစာလောက၊ စာပေလောက၊ နိုင်ငံရေးလောက၊ အနုပညာလောက၊ စစ်ရေးလောကမှာရှိတဲ့ ဖခင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေ၊ သုံးသပ်သူတွေကတစ်ဆင့် သိရတာတွေပါ။ “သူလိုလူ”မှာပါတဲ့ အကြောင်းအရာတွေရော မပါတဲ့အကြောင်းအရာတွေရော စုံလို့ပါပဲ။ အချုပ်ကတော့ ကျွန်တော့်ဖခင်လူရိုးလူဖြောင့်တစ်ယောက်၊ အင်မတန်အနစ်နာခံသူတစ်ယောက် မျိုးချစ်စိတ်ဓာတ်ကြီးမားပြီး၊ နိုင်ငံအတွက် စွမ်းစွမ်းတမံလုပ်ဆောင်သွားသူတစ်ယောက်၊ ထင်ပေါ်ကျော်ကြားမှုကို မလိုလားဘဲ၊ ကန့်လန့်ကာနောက်ကွယ်မှ အလုပ်လုပ်တာကို မြတ်နိုးသူတစ်ယောက် စသဖြင့် စသဖြင့် သုံးသပ်ချက်တွေပါ။ ဖခင်ဟာ ဘယ်လိုသတင်းစာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်အနေနဲ့ ရပ်တည်ခဲ့တာကိုလည်း ပြောပြပါတယ်။ ကျွန်တော်အဖို့မှာတော့ “အများပြောတဲ့ ဖေဖေ”ထဲက အစွဲမက်ဆုံးအကြောင်းအရာဟာ “ဦးချစ်မောင်သည် ရိုးသားဖြောင့်မတ်သူတစ်ယောက်၊ နိုင်ငံအတွက် အနစ်နာခံပြီး များစွာစွမ်းဆောင်နိုင်သူတစ်ယောက်”ဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။ ပညာ၊ ရာထူး၊ အဆင့်အတန်း၊ ဥစ္စာဓနတွေကို “စံ” မထားဘဲ “ရိုးသားဂုဏ်” နဲ့ “ကြိုးစားဂုဏ်”တွေကို စံထးတဲ့ အချက်ပါပဲ။ နိဂုံးချုပ်ပြောရရင် လူအားဖြင့် ဖခင်သေသွားပါပြီ။ ဒါပေမယ့် လုပ်ရပ်အားဖြင့်တော့ ဖခင်မသေပါဘူး။ ဖခင်လိုလူတွေ များများ ပေါ်လာပါစေ”။
 
ထိုလူငယ်သည် သူ့ဖခင်အကြောင်း အထက်ပါအတိုင်း ပြောသွားခဲ့၏။ တိတ်ဆိတ်စွာ နားထောင်နေရာမှ ခေါင်းတညိတ်ညိတ်လုပ်နေသောသူများ၊ လေးလေးနက်နက် တွေးတောနေသူများသည် ရှေ့တွင်ရပ်နေသော ဦးချစ်မောင်၏ သားငယ်အားကြည့်လျက် အကယ်ပင် ဦးချစ်မောင်တစ်ယောက် သူ့နောက်ကွယ်မှ ရပ်လာဘိသကဲ့သို့ မြင်မိခံစားမိကြပေမည်။ နောက်လတွင်ထွက်သော မြ၀တီမဂ္ဂဇင်း၌ စာရေးဆရာသင်္ခါက “ဦးချစ်မောင် (၁၅) နှစ်မြောက်ပွဲ” နှင့် သူ့သားငယ်ပြောသွားသော စကားများ ရင်ထဲတွင် လွမ်းဆွတ်တမ်းတစွာ ကျန်ရစ်ခဲ့ကြောင်း ဆောင်းပါးဖြင့် ဖော်ပြထားပါသည်။
ကြံတောသုသာန်မှ တစ်ခုသောစာတမ်း
တစ်ချိန်က ကြံတောသုသာန်ရှိ စာရေးဆရာဗန်းမော်တင်အောင်၏ ဂူသို့ ရောက်ဖူးသူများသည် ထိုဂူခြေရင်းဖက်တွင် ထိုးထားသော စာတမ်းတစ်ခုကို ဖတ်ရှုမိကြပါမည်။ စာတမ်း၏ဆိုလိုချက်မှာ “လူတစ်ယောက်၏ သမိုင်းကို ထိုလူ၏ လုပ်ရပ်များက သက်သေထူလိမ့်မည်” ဟူသော “အဘိဓမ္မာစကားတစ်ရပ်” မှန်လိုက်လေခြင်း၊ ကျွန်တော်သည် ဖခင်ဂူအား သွားကန်တော့တိုင်း ဆရာဗန်းမော်တင်အောင်၏ ဂူရှေ့မှဖြတ်သွားရပါသဖြင့် ထိုစာတမ်းကို အကြိမ်ကြိမ်မြင်မိပါသည်။ 
 
ရင်ထဲတွင် ပဲ့တင်ရိုက်နေသော ထိုစာတမ်း၏ စာလုံးများ အာရုံထဲမှ မပျောက်မီ မလှမ်းမကမ်းတွင်ရှိသော ဖခင်၏ ဂူဆီသို့ ကျွန်တော်ရောက်သွားတတ်သည်။ “ဆရာဗန်းမော်တင်အောင်၏ စာတမ်းပါစကားနဲ့ပဲ ဖေဖေ့ကို ဆန်းစစ်ကြည့်ရင်” ဟူသော အတွေးသည် ကန်ထဲသို့ ပစ်ချလိုက်သော ခဲတစ်လုံးကြောင့် ဝေ့၀ိုက်ကျယ်ပြန့်သွားသော ဂယက်လှိုင်းများပမာ….။ ဖခင်နှင့် ပတ်သက်၍ သိခဲ့ကြားခဲ့ရသော အကြောင်းအရာများထဲမှ “ဘယ်လုပ်ရပ်တွေဟာဖြင့် သူ့သမိုင်းကို စိုက်ထူမည်နည်း” ဟူသော အမေးပုစ္ဆာဖြင့် ဆန်းစစ်ခြင်းတစ်ရပ်ကို ကျယ်ကျယ်လောင်လောင် တောင်းဆိုနေသည့်အလား၊ ကြံတောသုသာန်ရှိဂူများသည် ကျွန်တော့်အမြင်မှာ ပျောက်ကွယ်သွားပြီး တစ်ခြားသော အသွင်များပေါ်လာလေလျက်။
 
ချိုင်းထောက်နှင့်လူတစ်ယောက်
 
မျက်နှာဖုံးတွင် ဇာတ်ကောင်ကို ချိုင်းထောက်နှင့် ဖော်ပြထားသော ရွှေလင်းယုန်၏ “သူ” ၀တ္ထုကို နှောင်းခေတ်က စာဖတ်ပရိသတ်များ ကောင်းစွာဖတ်မိကြပါသည်။ စာရေးဆရာသည် အဓိကဇာတ်ကောင် ဆရာဝန်မြင့်မောင် သို့မဟုတ် ချိုင်းထေထာင့်မြင့်မောင်အား စံထားအပ်သော စိတ်ဓာတ်တို့ဖြင့် သွန်းလောင်းခဲ့သည်။ ထိုဝတ္ထုကို ဖတ်သော များစွာသော လူငယ်၊ လူရွယ်တို့သည် ကိုမြင့်မောင်၏ စိတ်ဓာတ်နှင့်သိက္ခာ (Morale and Moral) ကို လေးမြတ်ကြည်ညိုကြကာ အနစ်နာခံခြင်း (Sacrafice)၊ အများအကျိုးဆောင်ခြင်း (Altruism) ဟူသော လောကပါလတရားများကို ပွားနိုင်အောင် အားထုတ်ကြသည်။ ဇာတ်ကောင်ကိုစံထား၍ “မြင့်မောင်” ဟူသော အမည်မှည့်ခြင်း၊ “မြင့်မောင်” အမည်သို့ ပြောင်းလဲခြင်းများ ပေါ်ထါက်လာသည်။ စာရေးဆရာဒါရိုက်တာကြီး ဦးသုခသည် ကိုမြင့်မောင်ကို စာအုပ်ထဲတွင် ပုန်းမနေစေဘဲ၊ တစ်တိုင်းပြည်လုံးရှုမြင်ရန် ငွေရောင်ပိတ်ကားပေါ်သို့ ဆွဲတင်ပို့လိုက်သည်။ ဤမျှပင် စာရေးဆရာ၏ ကလောင်သွားက လူငယ်တွေစိတ်ထားဝတိံထားရှိတတ်ဖို့ “သူ” ၀တ္ထုဖြင့် တိုက်တွန်းနှိုးဆော်ခဲ့ရာ စာရိတ္တမဏ္ဍိုင်အတွက် ထမ်းရွက်ခဲ့သော စာဆိုတစ်ဦးပင်။
 
မီးလျှံထဲမှကမ္ဘာ
 
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါနီး မိုးလုံးတိမ်တိုက် မှောင်မိုက်နေချိန်တွင် “ကမ္ဘာကြီးပျက်စီးလုနီးပြီလော” ဟူသော ဂျာနယ်ကျော်ဦးချစ်မောင်၏ သတင်းဆောင်းပါးများသည် စိုးတထိတ်ထိတ်ဖြစ်နေသည့် မြန်မာပြည်သူများအား ကမ္ဘာ့စစ်ရေးအခြေအနေအင်အားစုတို့၏ အားပြိုင်မှု၊ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေစသဖြင့် စသဖြင့် ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြခဲ့သည်။ အခြားနိုင်ငံမှ နိုင်ငံရေးပညာရှင်များ၊ ၀ါရင့်သတင်းဆရာများ၊ စစ်ရေးပါရဂူများနှင့် အမြင်ကျယ်သုတေသီတို့သည် ဖြစ်ပေါ်လာမည့်စစ်ကြီးနှင့်ပတ်သက်၍ သုံးသပ်ချက်အမျိုးမျိုး တင်ပြခဲ့ကြပါသည်။ မြန်မာပြည်မှ သတင်းစာဆရာဦးချစ်မောင်က “ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၃၉ ခု၊ စက်တင်ဘာလထက်စော၍လည်း မဖြစ်နိုင်၊ နောက်ကျ၍လည်း မဖြစ်နိုင်” ဟု ရဲရဲတောက် ဟောကိန်းထုတ်ခဲ့သည်။ ၎င်းစုဆောင်းတင်ပြခဲ့သည့် အချက်အလက်များနှင့် ဟောကိန်းအတိုင်း ကမ္ဘာစစ်ကြီးဖြစ်ခဲ့သည်။ မြန်မာသတင်းစာဆရာတစ်ဦး၏ နက်ရှိုင်းသော အမြင်သည် အဘယ်မျှ လေ့လာမှုနှင့်စိစစ်နိုင်မှုရှိခြင်း (Observation and Analysis Power) ကို ထင်ဟပ်ပြခဲ့ရာ တာဝန်ထက်ပို၍ ကျေပွန်သွားသော ပြည်သူ့သတင်းစာသမားတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။
 
ကလောင်စွဲ၍ တိုက်ပွဲဝင်အံ့
 
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး ခရီးတစ်လျှောက်တွင် မြန်မာ့အလင်း၊ ဂျာနယ်ကျော်၊ နဂါးနီ စသည့် သတင်းစာနှင့် မဂ္ဂဇင်းများတွင် ဆောင်းပါးများ၊ ဝေဖန်စာများ၊ အိတ်ဖွင့်စာများဖြင့် ဂျာနယ်ကျော်ဦးချစ်မောင်သည် စိုးမိုးသူနယ်ချဲ့အစိုးရအား ကလောင်ဖြင့် အကြိမ်ကြိမ်ထိုးနှက်ခဲ့သည်။ ပျက်ရယ်ပြုခဲ့သည်။ နယ်ချဲ့တို့၏ ဥာဏ်နက်များကို ဖော်ထုတ်ပြီး ရဲဝံ့စွာ ဝေဖန်ခဲ့သည်။ ကလောင်သွားက လှံသွားထက် ထက်ဆိုသလို တစ်ဘက်မှ ပြည်သူတို့၏ မျက်စေ့ကို ဖွင့်ရင်း တစ်ဘက်တွင် နယ်ချဲ့အစိုးရ၏ အရှိုက်ကို ထိုးနှက်ရင်းဖြင့် ဦးချစ်မောင်တစ်ယောက် နယ်ချဲ့အာဏာပိုင်တို့၏ သတိပေးမှု၊ အရေးယူမှု၊ ဖမ်းဆီးခြင်းခံရခြင်းမှာ ဆန်းပြားဖွယ်ရာ အကြောင်းမရှိ။ “လှိုင်းပုတ်တိုင်းသာ ပြိုရပါလျှင် ကျောက်ဆောင်ဘယ်မှာ ရှိမည်နည်း” ဟူသော ကဗျာဆရာတစ်ယောက်၏ ကဗျာတစ်ပုဒ်ကဲ့သို့ ပြိုလဲခြင်းမရှိဘဲ ကလောင်စွဲ၍ မားမားမတ်မတ် ရပ်တည်ခဲ့သည်။ ဂျပန်ခေတ်တစ်လျှောက်တွင်လည်း ဦးချစ်မောင်သည် လျှို့ဝှက်စွာ တော်လှန်ရေး ဆင်နွှဲခဲ့သည်။ မိမိ မိသားစုနှင့်အတူ ဂျပန်တစ်ဦးနှင့်ဖက်စပ်၍ အိမ်တစ်အိမ်တည်းတွင် အတူနေရင်း ဂျပန်ဆန့်ကျင်မှုလုပ်ငန်းကြီးကို ပိပိရိရိ လုပ်ဆောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ သခင်သန်းထွန်း၊ သခင်စိုးစသည့် နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ လေ့လာသုံးသပ်ရန် လျှို့ဝှက်မှတ်တမ်းများ ပေးပို့ခဲ့သည်။ တစ်နေ့တစ်နေ့ တခြစ်ခြစ်တကုတ်ကုတ် ကလောင်နှင့် အလုပ်ရှုပ်နေသော ဦးချစ်မောင်အား အတူနေ ဂျပန်က ဘာလုပ်မှန်းမသိရှာ။ ခင်မင်လေးစားစရာ သတင်းစာဆရာတစ်ယောက်အဖြစ်သာ မြင်ခဲ့သည်။ တစ်မိုးအောက်မှာပဲ အသံတိတ် တော်လှန်ရေး ဆင်နွှဲနေသူတစ်ယောက်မှန်း မသိလိုက်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးမှသည် ဖက်ဆစ်ဆန့်ကျင်ရေးသို့ ကလောင်ဦးလှည့်ခဲ့ရပြန်သည်။ အသံတိတ် တော်လှန်ရေးသမားတစ်ယောက်ပါလား။
 
အမယ်ဘုတ်ရဲ့သူ့ချည်ခင် ဘယ်သူငင်ပါ့မလေး
 
ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲပြီးသော နောက်တစ်နေ့ တော်လှန်ရေးနှစ်ပတ်လည် အထူးထုတ်အဖြစ် ဂျာနယ်ကျော်တစ်စောင်လုံးတွင် ဦးချစ်မောင်၏ ဆောင်းပါးများ ပြည့်နှက်လျက်….။ (ထိုစာစောင်အဆုံးတွင် ဘယ်တုန်းကမှ မဖော်ပြခဲ့သော သူ၏ ထိုးမြဲလက်မှတ်ကိုပင် ထိုးပြထားသည်။) ဂျပန်ကို ဗိုလ်ချုပ်အောင်ဆန်း ခေါ်လာသည်ဟူသော စွပ်စွဲချက်၊ အင်္ဂလိပ်အပေါ်ထားရှိသည့် မြန်မာများ၏ သဘောထား၊ တော်လှန်ရေးလူငယ်များ၏ ဆန္ဒ စသည့် နိုင်ငံရေး၊ စစ်ရေး၊ အမျိုးသားရေးများမှအစ ကမ္ဘာ့ရေးရာများတွင် အမြင်အမျိုးမျိုး၊ သဘောထားအမျိုးမျိုး ကွဲလွဲနေပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အဖုံဖုံ တွေးတောကြံဆနေပုံတို့ကို ဖော်ပြထားကာ၊ ပြည်သူလူထုကြား အမြင်ထွေးရှုပ်ခြင်း၊ တိမ်းစောင်းခြင်းများ မဖြစ်စေဘဲ လွတ်လပ်ရေး ဦးတည်ချက်အတွက် မှန်သောအမြင်၊ ရဲဝံ့သောသတ္တိတို့ဖြင့် မမှိတ်မသုံ ချီတက်ရန် ရေးသားဖော်ပြခဲ့ပေသည်။ ဤဆောင်းပါးများမှာ ဦးချစ်မောင် နောက်ဆုံး ရေးသားသွားသော ဆောင်းပါးများဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက “ဒီလူဟာ လူရိုးလူတော်တစ်ယောက်ဗျ။ ကျုပ်တို့ ရှင်းလင်းစရာတွေ ဦးချစ်မောင်ရဲ့ ဆောင်းပါးနဲ့ပဲ အတော်ကြီး ရှင်းသွားပြီ” ဟု ပြောခဲ့ပေသည်။ ဖ.ဆ.ပ.လ ဗဟိုဦးစိးအလုပ်အမှုဆောင်တွင် ပါဝင်သော ဦးချစ်မောင်ကို နိုင်ငံရေးသမားတစ်ယောက်အဖြစ် မြင်ပါလျှင် ဘယ်လိုနိုင်ငံရေးသမားတစ်ယောက်အဖြစ် ရပ်တည်နေသည်ကို ကောင်းစါာ သုံးသပ်နိုင်ပါသည်။ မိမိအရေး၊ မိမိအဖွဲ့အစည်းအတွက်မဟုတ်ဘဲ နိုင်ငံတော်အရေးအတွက်သာ တကယ်ရှေ့ရှုလုပ်ဆောင်သွားသော “ကိုယ်ကျိုးစွန့် နိုင်ငံရေးသမား” တစ်ယောက် ဖြစ်သည်။
 
တိုင်းသစ်ပြည်သစ် တည်ဆောက်လိုလျှင်
 
“ယခုအခါ ကျွန်ုပ်တို့သည် နိုင်ငံတော်သစ်ကြီးတစ်ခုကို မီးဟုန်းဟုန်းတောက်လောင်နေသည့် အပျက်အစီးများအကြား၌ ပြုစုပျိုးထောင်လျက်ရှိကြလေသည်….” အစချီသော “နိုင်ငံတော်သစ်သို့” အမည်တပ်၍ စာတမ်းတစ်စောင် ရေးသားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်တွန်းမှုဖြင့် ယင်းစာတမ်းကို ရေးသားခဲ့ခြင်းဖြစ်သည်။ ဤစာတမ်းကား နိုင်ငံတော်သစ်ကို တည်ထောင်လိုသူများ အထထူးသတိချပ် လေ့လာမှတ်သားအပ်သော စာတမ်းဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်ကြီးအား အနော်ရထာမင်းစော တည်ဆောက်ခဲ့ရပုံ၊ ဒုတိယမြန်မာနိုင်ငံတော်အား ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ တတိယမြန်မာနိုင်ငံတော်အား အလောင်းမင်းတရားကြီးတို့ တစ်ဆင့်ထက်တစ်ဆင့် ထူးကဲခြားနားစွာ တည်ဆောက်ခဲ့ရပုံတို့နှင့် လက်ရှိစစ်ပြီး မျက်မှောက်အခြေအနေတို့ကို ဖော်ပြထားပါသည်။ ဤစာတမ်းဖြင့် လာမည့် နိုင်ငံတော်သစ်ကြီးအား အဘယ်သို့ နှလုံးမူလျက်ပြည်သစ်ထူဖို့ကို စာရေးဆရာသည် နိုင်ငံထူထောင်ရေးသမားတစ်ယောက်အမြင် (Stateman’s View) တင်ပြသွားခဲ့သည်။
 
နိုင်ငံတော်ဈာပနတစ်ခု
 
ရွှေတိဂုံဘုရား တောင်ဘက်ရှိ ဦးဘရီဇရပ်တွင် နိုင်ငံတော်လုပ်သား ဦးချစ်မောင်သည် တိတ်ဆိတ်စွာလဲလျောင်းနေ၏။ များထွေသော ပရိသတ်ကြီးက သူ့အား နှမြောတသသဖြင့် ကြည့်နေကြသည်။ သေဆုံးချိန်တွင် ဦးချစ်မောင်အသက် (၃၅) နှစ်သာ ရှိသေး၏။ ဦးချစ်မောင်၏ ဈာပနအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းက “ကျုပ်တို့တော့ လက်ရုံးတစ်ဖက် ပြုတ်သွားပြီ… ” အစချီ၍ ဦးချစ်မောင် အကြောင်းများနှင့်အဆုံးသတ်တွင် “ဦးချစ်မောင်လို လူမျိုးကိုတော့ ခြေလျင်ပို့သင့်ပါတယ်” ဟု ပြောခဲ့သည်။
 
ဗိုလ်ချုပ်မှစ၍ ဖ.ဆ.ပ.လ အဖွဲ့ဝင်များ၊ သတင်းစာဆရာများ၊ စာရေးဆရာများ၊ နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ ရုံးသူရုံးသားများ၊ ဆွေမျိုးမိတ်သင်္ဂဟများနှင့် ဈာပနပို့ဆောင်သူ လူထုကြီးသည် ဦးဘရီဇရပ်မှ ထွက်ခဲ့ကာ အသင့်စောင့်နေသော ကားများပေါ်သို့ မတက်တော့ဘဲ ဦးချစ်မောင်အား “နိုင်ငံတော်ဈာပန” အဖြစ် နောက်ဆုံးခရီး ကြံတောသုဿာန်အထိ ခြေလျင်ပို့ခဲ့ကြသည်။ ဦးချစ်မောင်သည် သီးခြားဇရပ်ဆောင်တစ်ခုတွင် အတန်းလိုက်ရှိနှင့်ပြီးသော ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်၊ ဒုတိယဘုရင်ခံ ဆာဂျေအေမောင်ကြီး၊ ၀ံသာနုဦးထွန်းရှိန်တို့၏ ဂူများဘေးအစွန်ဆုံးနေရာသို့ ရောက်သွားလျက် “သြော်… အခုမှသာ အေးဆေးစွာ မှေးစက်ရလေပြီကော” ဟု ခန္ဓာကို အနားပေးလိုက်သည်။ (ဂျာနယ်ကျော် ဦးချစ်မောင်လို အုတ်ဖိုသးတွေ ထပ်ပေါ်လာပါစေ…)
 
မိုးဟိန်း (သားဂျာနယ်ကျော် )
၁၉၉၉ ခုနှစ်၊ ဇန်န၀ါရီလထုတ် ရတနာမြေမဂ္ဂဇင်း
 
(ဆရာမိုးဟိန်း၏ အထက်ပါဆောင်းပါးကို သီဟရတနာစာပေမှ ထွက်ဝေသည့် “ဂျာနယ်ကျော်စီးဆင်းမှု” စာအုပ်မှ ကူးယူဖော်ပြပါသည်။ မျက်ရှုအဖွဲ့အနေဖြင့် အွန်လိုင်းတွင် ကူးယူဖော်ပြခွင့်ကို ကာယကံရှင်မိသားစုထံ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိပါ။ ဇန်န၀ါရီ ၁ ရက်၊ ၂၀၁၄ ခုနှစ်တွင် ကျရောက်သော ဂျာနယ်ကျော်ဦးချစ်မောင်၏ (၁၀၂) မြောက်မွေးနေ့တွင် ဦးချစ်မောင်၏ ဂုဏ်ရည်အား အောက်မေ့တသလွမ်းဆွတ်ခြင်းကြောင့်သာ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။)
 
http://www.myatshu.com/2014/01/01/%E1%80%95%E1%80%AF%E1%80%AD%E1%81%8D-%E1%80%95%E1%80%AF%E1%80%AD%E1%81%8D-%E1%80%9E%E1%80%AD%E1%80%9C%E1%80%AC%E1%80%9B%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%AF%E1%80%90%E1%80%B9%E1%80%96/
   
လူထု ဒေါ်အမာ – လွမ်းပါဘိတယ် ရေးဖော်မကြီးရယ်
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၅
=======
ကိုင်း – ပြောလိုက်စမ်းမယ်၊ သောင်းပြောင်းထွေလာ။
ကျွန်မသမီး စာအုပ်ဆိုင်ထဲမှာ “ကိုင်း – ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” ဆိုတဲ့ စာအုပ်ကလေး ရောက်လာတာ တွေ့လိုက်တော့  အဖုံးပေါ်က ဒေါ်ခင်မျိုးချစ်ပုံကလေးကို မြင်လိုက်ရတာ၊ သူ့ကို ရုတ်တရက် တကယ်ပဲ တွေ့လိုက်ရ သလို ဝမ်းသာသွားမိတယ်။ဒါကြောင့် မနေနိုင် မထိုင်နိုင် အဲဒီစာအုပ်ကလေးဆွဲယူပြီး အဖုံးကဓာတ်ပုံကို အကြာကြီး အလွမ်းပြေ ကြည့်နေမိတယ်။သြော်- အနိစ္စ၊ အနိစ္စ။ လင်ရော မယားရော မရှိရှာကြတော့ဘူးလေ။ ဖြစ်ရပုံများ ဦးခင်မောင်လတ်ကြီးက သူ့အရင် ကွယ် လွန်ရှာသတဲ့။ကျွန်မက ဦးခင်မောင်လတ်ကို ဒေါ်ခင်မျိုးချစ်အရင် သူတို့ချင်း မသိခင်ကတည်းက သိတယ်ထင်ပါတယ်။ သူက မုံရွာသား၊ သူနဲ့ကျွန်မက ကျောင်းနေဖက်သူငယ်ချင်း။ ကျွန်မတို့ မန္တလေး (၁၀) တန်းအောင်တဲ့နှစ်မှာ သူကလည်း မုံရွာက (၁၀) တန်း အောင်ခဲ့ပြီး မန္တလေး ဥပစာကောလိပ်မှာ လာဆုံကြတယ်။ ၁၉၃၃ – ၃၄ – ၃၅ ခု များမှာပေါ့။သူ့နာမည်ကို မသိပါဘူး။ တစ်ကျောင်းလုံးက သူ့ကို “အရှည်ကြီး” လို့ ခေါ်ကြတော့ ကျွန်မတို့ကလည်း  “အရှည်ကြီး” လို့ ပေါ့။ လူက ပိန်ပိန်ရှည်ရှည်ကြီးကိုး။ ပြီးတော့ အင်္ဂလိပ်စာတော်တယ်ဆိုတဲ့ သူ့သတင်းက ဥပစာ ပထမနှစ်မှာပဲ ထွက်နေတဲ့ သတင်း။ အဲဒီတော့ ဒီလိုလူကို ကျွန်မတို့က ဘယ်အလကားထားနိုင်ပါ့မလဲ။ မှတ်စုတွေ ဝိုင်းအရေးခိုင်းကြတာပေါ့။ အရှည် ကြီးက ဘာခိုင်းခိုင်း ရယ်ဖြဲ ရယ်ဖြဲနဲ့ ညတွင်းချင်းလုပ်ပေးတာပဲ။ နောက်မနက်ဆိုရင် သူ့ဆီက အင်္ဂလိပ်လိုရေးလာတဲ့  မှတ်စုရတာပဲ။ သူလာတဲ့အခါ တခြားကျောင်းသားတွေက “မိုးထိအောင် လှေကားထောင် အရှည်ကြီး၊ အရှည်ကြီး” နဲ့ ဝိုင်း သံချပ်ထိုးကြတာပဲ။ အဲဒီတော့လည်း သူက ရယ်နေတာပဲ။ ဦးလှနဲ့ ဒေါ်ခင်မျိုးချစ်တို့ကလည်း ကျွန်မနဲ့ဦးလှ မသိခင်ကတည်းက အသိအကျွမ်းဖြစ်နေကြပါတယ်။  ကျွန်မလည်း နေရှင် နယ်ကျောင်းထွက်၊ သူလည်း နေရှင်နယ်ကျောင်းထွက်။ ဒါပေမယ့် သူနဲ့ကျွန်မ ဘယ်ကျောင်းမှာမှ မတွေ့ခဲ့ဖူးဘူး။ ဦးလှနဲ့ ကျတော့ ဒေါ်ခင်မျိုးချစ်က ရန်ကုန်မှာ လူငယ်များ ကြီးပွားရေးအသင်းကကျင်းပတဲ့ စကားရည်လုပွဲတစ်ခုမှာ ဒေါ်ခင်မျိုးချစ် ဝင်စကားပြောတဲ့ဓာက်ပုံ ကျွန်မဆီမှာ ရှိတယ်လေ။ ဦးလှယူလာတဲ့ ဓာတ်ပုံပေါ့။
ဒေါ်ခင်မျိုးချစ်နဲ့ ဦးခင်မောင်လတ်တို့ အိမ်ထောင်ပြုကြတာ ကျွန်မတို့နဲ့ တစ်နှစ်တည်းပါပဲ။ သူတို့နှစ်ယောက်နဲ့ ကျွန်မတို့နှစ် ယောက် ကျင်လည်ကြတဲ့ ဘဝတွေက တစ်ဦးနဲ့တစ်ဦး ဝေးကြတာမှ မဟုတ်ဘဲကလား။ အဲဒီတော့ နဂိုက ခင်မင်ရင်းစွဲတွေမို့ တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်မှုက အလိုလို ဖြစ်လာတော့တာပေါ့။
ကျွန်မ မှတ်မိသေးတယ်။ တစ်ခါတော့ သူတို့လင်မယား မန္တလေးကိုလာကြတယ်။ ကျွန်မတို့က ထမင်းကျွေးတော့ ကျွန်မ ကျွေးတဲ့ ဟင်းစပ်က ထမင်းမြိန်ကြလွန်းလို့တဲ့၊ ထမင်းစားပြီးတဲ့အခါ လင်မယားနှစ်ယောက် ထိုင်မနေနိုင်လို့ အိမ်ပေါ်မှာ လမ်းလျှောက်နေကြရတယ်။ ကျွန်မက ဘာနဲ့ကျွေးတာလဲ မေးပါဦး။ နှမ်းဖတ်ချဉ်သုပ်နဲ့ ဘူးသီးနဲ့ ကြက်သားပြွန်း ဟင်းနဲ့ပါ။ ဒီထမင်းစားပွဲအပြီးမှာ သူတို့ကလည်း ပြောလို့မဆုံး၊ ဝမ်းသာလို့မပြီး၊ ကျွန်မတို့ကလည်း ပျော်လို့ရွင်လို့၊ နောက် လာခဲ့ကြဦး နော်လို့ မှာရတာ အထပ်ထပ်။
ဒေါ်ခင်မျိုးချစ်ပန်းခြံထဲမှာ ပန်းပင်တွေနှိုက်ရင်းနဲ့ တစ်နေ့တော့ ပိုးကောင်တစ်ကောင်က မျက်နှာကို ဝင်ကိုက်သွားလို့တဲ့။ သူ့ မျက်နှာ နီပြီး ရောင်နေရစ်တယ်။ အဲဒီပိုးကိုက်ရာဟာ မပျောက်ဘဲနဲ့ တစ်နေ့တစ်ခြား ဆိုးဝါးလာလိုက်တာ အနာကြီးရောဂါနဲ့ တူတူလာပြီး ဒီရောဂါဟာ သေရာပါရှာပါရောလား။
သူ မကျန်းမာနေတော့လည်း ကျွန်မက လူကြုံရှိရင် သူကြိုက်တဲ့ အညာစာ၊ မန္တလေးစာကလေးတွေကို ထည့်ထည့်ပို့တယ်။ ပို့တိုင်း သူ့ဆီက စားလို့ဘယ်လိုကောင်းတာ၊ ဘယ်လိုမြိန်တာဆိုတဲ့ သတင်းရတယ်။ သူ့မွေးနေ့ဆိုရင်လည်း ကျွန်မက လူမ သွားနိုင်ပေမယ့် သူ့ဆီကို သတိတရ စာအမြဲတမ်းရေးတယ်။ သူ့စာအုပ်ထွက်ရင် ဘာထွက်ထွက် ကျွန်မတို့ဆီကို အမှတ်တရ သူကပေးသလို၊ ကျွန်မတို့ကလည်း စာအုပ်ထွက်ရင် သူတို့လင်မယားကို မမေ့ဘူး၊ ပို့တာချည်းပါ။
ဒေါ်ခင်မျိုးချစ် အိပ်ရာကျောကပ်ဖြစ်တာ တော်တော်ကြာပါပြီ။ အဲဒီကာလအတွင်း ကျွန်မ သူ့ဆီကို သုံး ခေါက်ပဲရောက်ပါတယ်။ ရောက်တဲ့အခေါက်တိုင်း သူ့ကြည့်ရတာ နာလန်ပြန်ထူမယ် မထင်ဘူးလို့ အောက်မေ့ ခဲ့တာချည်းပဲ။ ဦးခင်မောင်လတ်ကတော့ ကျန်းလည်းကျန်းမာတယ်။ သူ့ဇနီးကိုလည်း ကြင်ကြင်နာနာ စိတ်ရှည် လက်ရှည် ပြုစုရှာတယ်။ တစ်နေ့တော့ လူမမာကို ပြုစုနေတဲ့ ဦးခင်မောင်လတ် ရုတ်တရက် ဆုံးသွားတယ်လို့ သတင်းကြားရတော့ ကျွန်မကို အံ့သြလို့။ လူ့ဘဝဆိုတာများ ဆန်းလိုက်တာ။ မထင်တာလဲ ဖြစ်တာပဲနော်လို့လည်း အောက်မေ့မိတယ်။ ပြီးတော့ ယဲ့ယဲ့ရှိရှာတဲ့ ဒေါ်ခင်မျိုးချစ်တစ် ယောက်တော့ ကြွေရှာတော့မယ်လို့ အောက်မေ့ပြီး သူ့သတင်းကို မကြားချင်ပေမယ့် ကြားရခါနီးပြီလို့ ထင်ခဲ့တယ်။
အဘိုးကြီး အဘွားကြီး လင်မယားနှစ်ယောက် ရှိကြရင် တစ်ယောက်သေမင်းနောက်လိုက်သွားရရင် ကျန်တစ်ယောက်က ကြာကြာအသက်ရှည်ပြီး ကျန်မနေရစ်တက်ဘူး။ ကျန်းမာရေးကောင်းနေသေးတယ်ဆိုပေမယ့် စိတ်ဓာတ်ကျပြီး သေရာ လိုက်ကြတာပဲ။ ကြာကြာတစ်ယောက်တည်း မနေရစ်တက်ဘူး။ ဒါကြောင့် မမာနေရှာတဲ့  ဒေါ်ခင်မျိုးချစ်အတွက် ကျွန်မက ကြောင့်ကြတယ်။
နို့ပေမယ့် ဒီလူမမာက အသည်းမာလိုက်တာ၊ အံ့မခန်းလိလိ။ ဦးခင်မောင်လတ် ဆုံးပြီးတဲ့နောက် နှစ်နှစ်ကျော် သူက အ သက်ရှည်နေပါသေးတယ်။ ဒါကြောင့် ဒေါ်ခင်မျိုးချစ်လို စိတ်ဓာတ်မာတဲ့အမျိုးသမီးကတော့ ရှာမှ ရှားပါပဲလို့ လက်ဖျားခါ မိပါတယ်။
ကျွန်မကို ဂျပန်ပြည်ရောက် မြန်မာအမျိုးသားတွေက ၁၉၉၈ ခု တုန်းက ကန်တော့ခဲ့သလို သူတို့က “ဒီ ၁၉၉၉ ခုနှစ်မှာ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကို ကျွန်တော်တို့က ကန်တော့မှာ။ ဒါကြောင့် ဆရာမကြီး ကျန်းမာအောင်၊ အသက်ရှည် အောင်နေပါလို့ ပြောပေးပါ” လို့ မှာပါတယ်။ သူတို့ပြောလို့ ကျွန်မက ၁၉၉၈ ခုမကုန်ခင်တုန်းက ဒေါ်ခင်မျိုးချစ်ဆီကို ဒီ သတင်းပို့တယ်။ သူ အကန်တော့ခံရမှာပဲ။ မမာပေမယ့် အိပ်ရာပေါ်ကနေပြီး အကန်တော့ခံမှာပဲလို့လည်း ထင်တယ်။ နို့ပေမယ့် ၁၉၉၉ ခု နှစ်ဆန်း (၂) ရက်နေ့မှာ သူက ကွယ်လွန်သွားရှာတယ်။
သူဆုံးပြီးဆိုတော့ ရေးဖော်မကြီးတစ်ယောက် ဘဝနိဂုံး အဆုံးသတ်သွားရှာပြီကောလို့ နှမြောလိုက် တာ။ နှမြောတယ်ဆိုတာ ရိုးရိုးနှမြောတာအပြင် သူရေးတဲ့လိုင်း ကိုယ်မရေးနို်င်တာမို့ ပိုပြီး နှမြောရပါတယ်။   အင်္ဂလိပ်လို လူတန်းစေ့အောင် ရေးနိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်မို့ သာလို့ နှမြောမိပါသေးတယ်။
ခု သူသောင်းပြောင်းထွေလာမှာရေးခဲ့တဲ့ ဆောင်းပါးတချို့ စုပေါင်းပြီး စာအုပ်ကလေးလုပ်ထားလို့ အလွမ်းပြေ ဖတ်ကြည့် လိုက်တော့ သူနဲ့ကျွန်မနဲ့ လူချင်းတစ်ခါ ပြန်ဆုံကြပြီး သူပြောနေတာတွေ နားထောင်ရသလို သူ့ဆောင်းပါးတွေက သူ့အ သံတွေ ထွက်နေတယ်လေ။
သူ့ဆောင်းပါးတွေထဲမှာ ကျွန်မတို့ မြန်မာတွေ အင်္ဂလိပ်စာသင်ကြပေမယ့် သင်တဲ့လူတိုင်း တတ်ကြတာမဟုတ်ဘူး၊ တကယ် တတ်ချင်ရင် ဘယ်လိုသင်ကြဆိုတဲ့ အကြံပြုချက်တွေပါတယ်။ သူ့အကြံပြုချက်တွေက တကယ်အဖိုးတန်တာတွေပါ။ ဒါ ကြောင့် လူငယ်လူရွယ်တွေ အင်္ဂလိပ်စာကို အဲဒီလို နည်းမှန်မှန် လမ်းမှန်မှန် သင်ယူတတ်အောင် ကျောင်းသားလူငယ်တိုင်း ဖတ်သင့်ပါတယ်။
ဒေါ်ခင်မျိုးချစ်က မြန်မာစာကိုလည်း တကယ်ဖတ်ခဲ့၊ တကယ်ကျက်ခဲ့တဲ့ အမျိုးသမီးကြီး၊ စာရေးချင်ရင် စာဖတ်လို့ သူပြောတဲ့ ဆောင်းပါးတွေ တကယ်အဖိုးတန်ပါတယ်။
ဒီခေတ်လူငယ်တွေက နိုင်ငံခြားက စာပေအကြောင်းတွေကို ပြောတတ် ရေးတတ်မှ ခေတ်မီတယ်၊ စတိုင်ကျတယ်၊ လူရာ ဝင်တယ် ထင်နေကြတာ၊ နိုင်ငံခြားစားရေးဆရာ၊ ကဗျာဆရာတွေရဲ့ နာမည်တွေကို တည့် ရေးနိုင်ရင် ကောင်းတယ် ထင်ကြတယ်။ ကိုယ့်မြန်မာစာရဲ့ တည်ဆောက်ပြီးသားရှိတဲ့ အမျိုးသားစာပေ အဆောက်အအုံနဲ့ ပတ်သက်လို့ စမ်းတဝါးဝါး ရှိသူက ရှိတယ်၊ ဘာမှန်းကို မသိတယ်လူက မသိဘူး။ ဒေါ်ခင်မျိုးချစ်က အင်္ဂလိပ်စာ အရေးကောင်းတဲ့ စာရေးဆရာမ ကြီးသာဖြစ်တယ်။ ကိုးခန်းပျို့ကို ထုံးလိုချေ ရေလိုနှောက်ထားတာ။ ကိုယ့်မူလဘူတဟာ ဘာမှန်းမသိဘဲနဲ့ သူများကိုသာ အထင်ကြီးနေရင် ကိုယ်ကိုယ်တိုင်က အခြေမခိုင်တာမို့ ခိုင်မြဲတဲ့အလှကို မဖန်တီးနိုင်ပါဘူး။
ဒေါ်ခင်မျိုးချစ် သောင်းပြောင်းထွေလာမှာ ရေးသွားတဲ့ ဆောင်းပါးတွေကို လူငယ်တွေ များများဖတ်စေချင်လှပါတယ်။
သူ့လက်ရာကလေးတွေ စာအုပ်မဖြစ်သေးတာ ကျန်ပါသေးတယ်၊ အများကြီး။ အဲဒါကို သားခင်မောင်ဝင်းနဲ့ သမီး မိမိတို့က စုဆောင်းပြီး စာအုပ်ကလေးတွေဖြစ်လာအောင် ကြိုးစားကြပါဦးလို့ တိုက်တွန်းပါတယ်။
ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ဟာ လူကောင်းသူကောင်းတွေမို့ ကောင်းရာသုဂတိ လားကြမှာပါ။ ကြုံကြိုက်ရင် မြန်မာ ပြည်သူတွေရဲ့ ပညာအရည်အချင်း မြင့်မားရေးအတွက် ဆက်လက်ရွက်ဆောင်ပေးကြပါဦးလို့ ပန်ကြားချင်ပါတယ်။
ကာတွန်းဝင်းအောင် (၁၉၉၉)

ကြူကြူသင်း  - ကျွန်မနှင့် စာရေးဆရာမကြီး ခင်မျိုးချစ်
(မိုးဂျာနယ်၊ ၁၉၉၉ ၊ မတ်လ) မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၅

“ စာရေးဆရာ တစ်ယောက်မှာ ရှိကိုရှိရမယ့် အရည်အချင်းကတော့ ရိုးသား ဖြောင့်မတ်မှုပါပဲ ။ ”

ဆရာမကြီး ခင်မျိုးချစ်၏ မှတ်သားလိုက်နာဖွယ်ရာ တန်ဖိုးရှိ စကားပင် ဖြစ်ပါသည်။သည်စကားကို လူချင်းဆုံတိုင်းလည်း ပြောတတ်သည်။ဆောင်းပါးတွေထဲမှာလည်း ကြုံတိုင်းရေးတတ်သည်။ဆရာမကြီးကိုယ်တိုင်လည်း ထိုစကားအတိုင်း ကျင့်ကြံခဲ့သည်။

၁၉၈၀ ခုနှစ်ခန့်က ဆရာမကြီးရေးသားခဲ့သည့် “ ရိုးသားလေ မောင်တို့ မယ်တို့ ” ဟူသော ဆောင်းပါးထဲတွင် ရိုးသားဖြောင့်မတ်မှုကို သစ္စာတရားအဖြစ် အားထားရာဖြစ်ရပ်တစ်ခုကို ထည့်သွင်းဖော်ပြခဲ့ပါသည်။

အသောကမင်းကြီးလက်ထက် တိုင်းပြည်နှင့်အဝှမ်းမကြုံစဖူး ထူးကဲမြစ်ရေ လျှံတက်မှုကြောင့် မြို့၊ရွာ၊အိုးအိမ်များ ပျက်စီးလုမတတ်ဖြစ်ခဲ့သည်။ ထိုအခါ မင်းကြီးက မြစ်ကမ်းပါးသို့ထွက်၍ တတိုင်းပြည်လုံးမှ လူများကို သစ္စာဆိုသည်။မိမိတို့၏ ရိုးသားမှုကို သက်သေပြု၍ သစ္စာဆိုလေသောအခါ မြစ်ရေသည် တစ်ထောက်ပြီးတစ်ထောက် လျော့၍ ကျသွားခဲ့သည်ဟူ၏။နောက်ဆုံး ပြည့်တန်ဆာမ တစ်ယောက်သာ ကျန်၍ သူလည်းသစ္စာဆိုပါရစေဟု ခွင့်ပန်သော် လူသူအများက လက်မခံချင်ကြ။သို့ရာတွင် မင်းကြီး၏ ခွင့်ပြုချက်ဖြင့် သစ္စာဆိုခွင့်ရလေသော် ပြည့်တန်ဆာမက သူသည် သူ့ထံသို့ အခကြေးငွေပေး၍ ပျော်ပါးရန်လာရောက်ကြသော ယောက်ျားမှန်သမျှကို မင်းညီမင်းသား၊သူဌေး၊သူကြွယ်၊ကုန်သည်၊ပွဲစား၊ဆင်းရဲသား၊ဘာတစ်ခုမျှ မကြည့်၊ အဆင့်အတန်းမခွဲခြားဘဲ တစ်ပြေးညီပြုစု ပျော်မွေ့စေခဲ့ကြောင်း သစ္စာ ထပ်လောင်းဆိုလိုက်ရာ မြစ်ရေသည် ပကတိရေပြင်ညီမှတ်သို့ ရောက်ရှိသွားခဲ့သည်ဟူ၏။ အများက လူရာမသွင်းလိုကြသည့် ပြည့်တန်ဆာမတစ်ယောက်ကပင်လျှင် သူ့အလုပ်တာဝန်အပေါ်၌ ရိုးသားမှုရှိပါက စာရေးသူတို့သည် ရိုးသားမှုကို အဘယ်ကြောင့် လက်ကိုင်မထားနိုင်ကြရမည်နည်းဟု ဆရာမကြီးက သူ့မူပိုင် စာရေးဟန်ပုံစံအတိုင်း စာရေးဆရာများကို ကလောင်ကြိမ်ဖြင့် ခပ်စပ်စပ်နှက်၍ နှိုးဆော်သတိပေးခဲ့သည်။

ဆရာမကြီး၏ သတိပေးချက်သည် ကျွန်မတို့ စာရေးဆရာများအတွက် အရေးအကြီးဆုံး ကျင့်ဝတ်ဟု ကျွန်မ ယူမှတ်မိသည်။

“ စာပေအပေါ်၊ စာဖတ်ပရိသတ်အပေါ် ရိုးသားမှုကတော့ ရှိကိုရှိရမယ်။ အမေတသက်လုံးရေးခဲ့သမျှ စာတွေအတွက် နောင်တမရဘူး။ ကျေနပ်တယ် ”

စာရေးသက် နှစ်ပေါင်း (၆၀)ကျော်ရှိခဲ့ပြီဖြစ်သည့် ဆရာမကြီး၏ စကားထဲတွင် ယုံကြည်မှုအားမာန် အပြည့်၊ သို့သော် သူကိုယ်တိုင်ကမူ ကြိုးပြတ်သွားသည့် ရုပ်သေးရုပ် ကလေးလို အိပ်ရာပေါ်တွင် ခွေခွေကလေး ပုံကျနေပြီ။ သေးကွေးပိန်လှီ ပါးလျားလွန်းလှသည့် ကိုယ်ကလေးမှာ မွေ့ရာထဲတွင် မြုပ်နေသည်။

အမေ ကျန်းမာရေးချို့တဲ့ခဲ့သည်မှာ နှစ်နှင့်ချီနေပြီ။အိမ်ထောင်သက် နှစ်ပေါင်း (၅၆) နှစ်နီးပါး ဘဝအဖော်အဖြစ် လက်တွဲလုပ်ခဲ့သူ ဘဘဦးခင်မောင်လတ် ကွယ်လွန်ပြီးသည့်နောက်ပိုင်း အမေသိသိသာသာ အားလျော့သွားပုံရသည်။ လက်ကလေးတစ်ဖက်ကို တုန်ချည့်တုန်ချည့်ဖြင့် မ ကာမြှောက်ကာပြောတတ်ပုံကို ကျွန်မ မျက်လုံးထဲ ဖျောက်မရ နိုင်ချေ။စာပေအရောင်ဖြင့် ညီးညီးလင်းနေသည့် အမေ့နှလုံးအိမ်မှာ ထိုအလင်း၏ တန်ခိုးကြောင့် ရှင်သန်နေခြင်းပေပဲလား။

“ မျက်စိလည်ပြီး ဒီလောကထဲ ရောက်လာတာပါပဲ။ တစ်ခါတစ်ခါများ လောကကြီးမှာ ငါဆိုတဲ့လူတစ်ယောက် လူမဖြစ်ခဲ့ရင် ကောင်းမှာပဲ။ ငါမွေးလာခဲ့တာကိုက မှားတာလို့ စိတ်ထဲက အောက်မေ့တယ်။အထူးသဖြင့် စာရေးဆရာဖြစ်လာတာကိုက မှားတာ။ ရေးခဲ့သမျှ စာတွေ၊စာအုပ်တွေ အားလုံး မီးရှို့ပစ်လိုက်ချင်တယ်။ တစ်အုပ်မှ မကျန်အောင် ”

ကျန်းမာရေး အလွန်ချို့တဲ့လာသည့် နောက်ပိုင်းဝယ် သည်လိုစကားမျိုးကို အမေ မကြာခဏ ပြောတတ်လာသည်။အမေ့စိတ်ထဲတွင် သူရေးခဲ့သည့် စာပေတွေဖြင့် တိုင်းပြည်အကျိုးမပြုနိုင်ခဲ့ဟူ၍များ သံသယဝင်နေရှာလေသလားမသိ။

“လောက ကောင်းကျိုးလုပ်ခဲ့တာမို့ ကန်တော့စရာ ရထားတာကိုက ကျွန်မတို့အတွက် ကံကောင်းပါတယ် ” ဟု ကျွန်မတို့က လှိုက်လှဲစွာ တုံ့ပြန်ကြသောအခါ အမေတွေတွေကလေး ဖြစ်သွားတတ်သည်။တကယ်တော့ အမေတစ်ယောက် စာရေးဆရာဘဝကို အခင်တွယ်ဆုံး၊ စာရေးဆရာဘဝတွင် အပျော်မွေ့ဆုံးဆိုတာ ကျွန်မတို့ သိရှိပြီးသားပင်။

၁၉၈၀ ခုနှစ်ခန့်က သောင်းပြောင်းထွေလာ မဂ္ဂဇင်းထဲတွင် အမေရေးသည့် “ ငရဲမင်းထံ အစစ်ခံ ” ဟူသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ရဖူးသည်။ထိုအထဲတွင် ငရဲမင်းက အမေ့ကို ဘယ်ဘဝကို လိုချင်သလဲဟု မေးသည်။ထိုအခါ အမေ့အဖြေက ...

“ ကျွန်မ လိုချင်တဲ့ဘဝ ပြောရရင် စာရေးစားပွဲခပ်ကြီးကြီး၊ စာအုပ်တွေ စာရွက်တွေ ရှုပ်ပွ၊ ဖုန်တွေ၊ ပင့်ကူအိမ်တွေနဲ့ အပြည့် ” ပါတဲ့လေ။

မျက်စိလည်ပြီး စာရေးဆရာဖြစ်လာတာဟု ဆိုခဲ့သော်လည်း တကယ်တော့ အမေ့သွေးထဲမှာကိုက စာရေးဆရာဗီဇက ပါလာခဲ့ပြီးဖြစ်ပါသည်။ အမေသည် ဘမျိုးဘိုးတူ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ချစ်မြတ်နိုး၊ တန်ဖိုးထားတတ်သူ တစ်ဦးဟုဆိုက ငြင်းပယ်မည့်သူ ရှိမည်မဟုတ်ပါ။ အမေ၏ အဘိုးသည် မြန်မာပညာရှိ၊ ရှေးဟောင်းသုတေသန ကျောက်စာဝန် ဦးဘေဖြစ်ကြောင်း၊ ဘဘကြီးဦးဘေက  သူ့မြေးမကလေးကို ပုဂံပြည်သို့ သုတေသနခရီးစဉ်ထွက်လျှင် ခေါ်သွားတတ်လေ့ရှိကြောင်း၊ ထိုစဉ်ကတည်းက ရှေးမြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် များကို တန်ဖိုးထားမြတ်နိုးတတ်ခဲ့ပြီး ပုဂံကိုလည်း ချစ်ခင်စွဲလန်းမိလာကြောင်း စသည်များကို ဆရာမကြီးက  “ Anawrahta of Burma ” စာအုပ်တွင် ဖွင့်ဟ ခဲ့ပြီးဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော ထိုစာအုပ်ကို စာရေးဆရာကြီးသော်တာဆွေက “ ပုဂံသူရဲကောင်းများ ” ဟူ၍ မှီငြမ်းပြု ဘာသာပြန်ထုတ်ဝေခဲ့ရာ မြန်မာစာဖတ်ပရိတ်သတ်များ အထူးနှစ်ခြိုက်စွဲငြိခဲ့ကြပေသည်။

“ ခင်မျိုးချစ် ” ဆိုသော ကလောင်အမည်နှင့် လိုက်လျောညီစွာ ဆရာမကြီးသည် ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုး အကျိုးကို စွမ်းဆောင်ခဲ့သူဖြစ်သည်။ အသက်(၁၇) နှစ်၏ သမီးအရွယ် တက္ကသိုလ်ရောက်စ ကျောင်းသူဘဝတွင် ပထမဦးဆုံးပုံနှိပ်စာလုံးဖြင့် ဖော်ပြခြင်းခံခဲ့ရသည်မှာ မျိုးချစ်စိတ်ကို အခြေခံသည့် ကဗျာ(တေးထပ်) နှစ်ပုဒ်ဖြစ်ပေသည်။ Sir Walter Scott ၏ အင်္ဂလိပ်ကဗျာ တစ်ပုဒ်ကို အမေက “ ဇာတိမာန် ”   “ တို့ပြည်တို့မြေ ” ဟူ၍ နှစ်ပုဒ်ခွဲ၍ ဘာသာပြန်ဆိုရေးသားခဲ့ခြင်း ဖြစ်ကြောင်းကို လေ့လာတွေ့ရှိခဲ့ရပါသည်။
“ ကိုယ့်ပြည်ချစ်မှ ဂုဏ်စစ်ပါသည်။ မနှစ်မကွာထောင်ပျိုးရန်ဖို့လေး ” ဟူ၍တစ်မျိုး။
“ ဣန္ဒနီမြ ညိုစွမ်းလွင်ငယ် စုံတောဖြင်ဖြင် လွန်ပြည့်စုံသည့်ကျွန်း ” ဟူ၍ တစ်သွယ်၊ကဗျာဥာဏ် ကျယ်ချဲ့၍ လှပစွာ ဖွဲ့ခဲ့ပေသည်။
“ ငယ်ငယ်တုန်းက အမျိုးသားကျောင်းတွေမှာ ပညာသင်ခဲ့ရတော့ မြန်မာ့ရာဇဝင် ၊မြန်မာ့ယဉ်ကျေးမှု တွေကို နိုင်ငံခြားသားတွေက ချိုးဖဲ့ရေးထားတဲ့အကြောင်း ဆရာတွေကပြောပြခဲ့တယ်။မင်းတို့အင်္ဂလိပ်စာတတ်အောင် ကြိုးစား၊ဒီတော့မှ ဒါတွေကို ပြန်ချေနိုင်မယ်တဲ့ ”
ထိုလှုံ့ဆော်မှုတစ်ချက် အပါအဝင် အမျိုးသားရေးစိတ်ဓာတ်ကြောင့် အင်္ဂလိပ်စာထူးချွန်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည်။ ဝတ္ထု ၊ဆောင်းပါး၊ ပုံပြင်များကို အင်္ဂလိပ်ဘာသာဖြင့် ရသလောက် ရေးဖွဲ့နိုင်အောင် အားထုတ်ခဲ့သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ၊ စစ်အတွင်းကာလ ဘီဒီအေ စစ်ရုံးတွင် အမှုထမ်းနေစဉ် ကာလကပင် “ Three Years Under the Japs ” (သုံးနှစ်တာ ဂျပန်လက်အောက်ခံဘဝ ) အမည်ရှိ စာအုပ်ငယ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့လေသည်။
“ ဖက်ဆစ်တော်လှန်ရေး မတိုင်မီ ကလေးပေါ့။အဲ့ဒီအချိန်တုန်းက သမီးတို့ အန်တီက စစ်ရုံးချုပ်မှာ ယူနီဖောင်းကြီးနဲ့ တစ်ဦးတည်းသော အမျိုးသမီး စစ်မှုထမ်းကြီးပေါ့ ”
“ အို- - ဒါတွေ ပြောမနေစမ်းပါနဲ့တော့ ”
ဘဘလတ်စကားကို အမေက ကြားဖြတ်တားသည်။မည်သည့်တာဝန်တွေများ ထမ်းဆောင်ခဲ့ရပါသလဲဟု ကျွန်မက တကျီကျီမေးယူတော့မှ အမေက ဖြေခဲ့ပါသည်။
“ ဂျပန်ခေတ်မှာက ရေဒီယိုနားမထောင်ရဘူး။ပိတ်ပင်ထားတာ။ ကမ္ဘာ့သတင်းတွေပေါ့။ အဲဒါတွေ ခိုးအသံဖမ်းနားထောင်၊နောက်လက်နှိပ်စက်ရိုက်ပြီး လူကြီးတွေဆီ (ဗိုလ်ချုပ်အောင်ဆန်းတို့၊သခင်မြတို့ဆီ )ပို့ပေးရတာ။ မိရင်အသတ်ခံရမှာ ”
သည်လိုစွန့်စားပြီး တိုင်းပြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူမို့ နိုင်ငံတော် အမေ့ကို “ လွတ်လပ်ရေးမော်ကွန်းဝင် ” အဖြစ် အသိအမှတ်ပြု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
အမေ့အကြောင်းကို ဆရာကြီးဦးတက်တိုး က အမှတ်တရ ပြောပြဖူးခဲ့သည်ကို ကျွန်မ ရင်ထဲ စွဲနေခဲ့ပါသည်။
အမေ အင်္ဂလိပ်လို အရေးများတာက တို့မြန်မာတွေအကြောင်းကို တိုင်းတစ်ပါးသားတွေ ပိုသိစေချင်လို့ပဲ။မြန်မာ့နှလုံးသားနဲ့ မြန်မာ့စိတ်ဓာတ်ကို သူတို့မြင်စေချင်လို့ပဲ။ဒါမှ တို့မြန်မာဆိုတာ ဘယ်လိုလူမျိုးတွေလဲဆိုတာ သူတို့ ပိုသိနားလည်လာကြမယ်။တစ်ဦးနဲ့တစ်ဦး သိနားလည်ခြင်းဆိုတာ အင်မတန် တန်ဖိုးကြီးပါတယ်။
အမေ့စကားကို အမေရေးခဲ့သည့် စာများက သက်သေပြလျက်ရှိပါသည်။အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်းများစွာ၊ဝတ္ထုဆောင်းပါးများစွာ အမေရေးသား ထုတ်ဝေခဲ့သည်။ရေးခဲ့သမျှ အားလုံးလိုလိုမှာ မြန်မာကို ကမ္ဘာက သိစေရန် ရည်ညွှန်းခဲ့သည်သာများပါ၏။ ဥပမာ “ Anawrahta of Burma ”, “ Colourful Burma ” , “ A Wonder Land of Pagoda Legends ” စသည့် စာအုပ်များကို လေ့လာကြည့်ပါက အမေ့ရည်ရွယ်ချက်ကို ထင်လင်းစွာတွေ့ရှိနိုင်ပါသည်။

ထိုစာအုပ်များထဲတွင် မြန်မာ့ဘာသာရေးပွဲတော်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မြန်မာ့ကိုးကွယ်ယုံကြည်မှု ၊မြန်မာ့ဓလေ့ထုံးတမ်းများ ၊မြန်မာ့စားသောက်ဖွယ်ရာများ၊ မြန်မာ့လူနေမှုပုံစံများစသည် စသည်တို့ကို ရသမြောက်စွာ ခြယ်မှုန်းပြသခဲ့သည်သာ ဖြစ်၏။ မိမိ၏ မိခင်ဘာသာရင်းဖြင့် ရေးသားခြင်း မဟုတ်သော်လည်း အမေ့စာများက အဆင့်မြင့်သည်။ သို့သော် အလွန်နက်နဲလေးလံသော အကြောင်းချင်းရာများသည်ပင် ပေါ့ပါးသွက်လက်၊ရွှင်မြူး ၊သောထေ့ သည့် အမေ့စာရေးဟန်ကြောင့် ဖတ်ရသူတို့ မငြီးငွေ့နိုင်ကြပေ။
ထိုသို့ရေးသားနိုင်ခဲ့သဖြင့် အမေ့စာများသည် နိုင်ငံတကာစာပေနယ်အတွင်းသို့ တန်ဖိုးရှိရှိ သိက္ခာရှိရှိ ပေါက်ရောက်သွားနိုင်ခဲ့ခြင်းဖြစ်ပေသည်။ ဂျပန်ခေတ် စစ်ကာလအတွင်း၌ ကြုံတွေ့ရသော ရုန်းကန်လှုပ်ရှားမှုဘဝ ခရီး တစ်ဆစ်တစ်ပိုင်းကိုပြသည့် “ Thirteen-Carat Diamond ” (ဆယ့်သုံးရတီစိန်ကြီး ) ဝတ္ထုတိုဆိုပါက ဂျာမန်၊ အီတလီ၊ယူဂိုဆလပ် နှင့် အူရဒူဘာသာများသို့ ပြန်ဆိုပြီး အကြိမ်ကြိမ် ထုတ်ဝေခဲ့ရပေသည်။
ဆရာမကြီး ၏ လက်ရာ “ Her Infinite Variety ” (“ မူရာစုံလင် သူ့အသွင် ” ဟု ဘဘဦးခင်မောင်လတ်က ဘာသာပြန်ပြခဲ့သည် ) ဝတ္ထုတိုကလေးမှာ ၁၉၇၀ ခုနှစ်က အရှေ့တောင်အာရှနိုင်ငံများမှ စာရေးဆရာများ အင်္ဂလိပ် ဘာသာဖြင့် ရေးသားပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးရရှိခဲ့သည့် ဝတ္ထုတိုပင်ဖြစ်ပါသည်။အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထုတိုလေးကို ကျွန်မ ဥာဏ်မီသလောက် အားပြု၍ ဖတ်ရတာပင်လျှင် ရင်ထဲနင့်သွားအောင် ခံစားခဲ့ရပါသည်။သူထုလုပ်ခဲ့သည့် မင်းသမီးရုပ်သေးရုပ်ကလေးကို သူ့ချစ်သူကိုယ်ပွားကလေးအဖြစ် မြတ်နိုးတွယ်တာနေသူ ကြိုးဆွဲတစ်ယောက်၏ ဘဝပုံရိပ်မှာ သရုပ်ပေါ်လှပါသည်။
မိမိ၏ မိခင်ဘာသာအပြင် အခြားဘာသာနှစ်ခု၊သုံးခုကို ရေရေလည်လည် ပြောချင်ပြောတတ်မည်။ဖတ်ချင် ဖတ်တတ်မည်။သို့သော် ကျွမ်းကျွမ်းကျင်ကျင် ရေးသားနိုင်ဖို့ ဆိုတာတော့ အတော်ပင်ရှားပါးသည်။ ထို့ထက်ပို၍ သာမန်စာမျိုးမဟုတ်မူဘဲ သုတ၊ ရသ ဂုဏ်နှစ်ဝနှော၍ ပြောင်ပြောင် မြောက်မြောက်၊ ထွန်းထွန်းပေါက်ပေါက်၊ နိုင်ငံတကာစာပေနယ်ထဲရောက်အောင် ရေးသားနိုင်သူ ဆိုတာကတော့ တစ်သောင်းတွင် တစ်ယောက်ပေါ်ထွန်းခဲပါသည်။
ထိုရှားပါးထူးခြားသော အရည်အချင်းများဖြင့် ပြည့်စုံသူဆရာမကြီးသည် ၁၉၃၆ ခုနှစ်ခန့်က စတင်၍ တိုးတက်ရေးမဂ္ဂဇင်းနှင့် ဘားမားဂျာနယ်တို့တွင် အယ်ဒီတာအဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အိုးဝေသတင်းစာနှင့် ၁၉၄၈ ခုနှစ်တွင် တိုင်းရင်းသူဂျာနယ်တို့၌ အယ်ဒီတာအဖွဲ့ဝင်ဖြစ်ခဲ့ကာ ၁၉၄၉ ခုနှစ်မှစ၍ စာပေဗိမာန်တွင် စာပြုအဖြစ် သုံးနှစ်ကြာမျှ အမှုထမ်းဆောင်ခဲ့ပါသည်။၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ “ Guardian ” သတင်းစာအယ်ဒီတာအဖွဲ့ဝင်အဖြစ်နှင့် လည်းကောင်း၊၁၉၆၃ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ အင်္ဂလိပ်လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် အယ်ဒီတာအဖြစ် လည်းကောင်း အမှုထမ်းခဲ့လေသည်။
“ အမေ့အတွက် မြန်မာလိုရေးတာထက် အင်္ဂလိပ်လိုရေးရတာကို ပိုပြီးအားရတယ်။ဒီလိုပြောလို့ မြန်မာစာထက် အင်္ဂလိပ်စာကို ပိုအလေးထားတယ်လို့ ယူဆဖို့မဟုတ်ဘူး။ အမေ အင်္ဂလိပ်လို ကြိုးစားပြီး စရေးတုန်းက ဝေဖန်သံတွေ ကြားခဲ့ရလို့ပြောတာပါ။ တကယ်တော့ အင်္ဂလိပ်စာတတ်သလောက် မြန်မာစာမတတ်သူများဟာ စိန်နားကပ်ကြီးပန်ပြီး ထမင်းနပ်စေ့ မစားရတဲ့လူနဲ့တူတာပါပဲ ”
ဘယ့်ကလောက် ထိမိလိုက်သည့် အမေ့စကား ပါလဲ။ကျွန်မ မှာ ကျေနပ်သဘောကျမဆုံးနိုင်တော့ပါချေ။
အင်္ဂင်္လိပ်စာပေ၊သမိုင်း၊နိုင်ငံရေး သိပ္ပံဘာသာတွဲများဖြင့် ဝိဇ္ဇာဘွဲ့ယူခဲ့သည့် အမေသည် မြန်မာစာကိုလည်းခွန်အားရှိရှိ၊ရသမြောက်မြောက် ရေးစွမ်းနိုင်သူ တစ်ဦးဖြစ်ကြောင်း စာပေသမားတိုင်း အသိအမှတ်ပြုပြီး   ဖြစ်ပါသည်။
“ကမ္ဘာ ကြေသော်လည်း ဥဒါန်းမကြေမည့် ထမင်းဟင်းများကို လည်ချောင်းမြေလှန် စုံကန်မျှော လိုက်ရတော့သည် ”
“ အို ရေချိုးခန်း မင်းသမီးကြီးရဲ့၊နောက်မိန်းကလေးတွေအတွက် ကျောင်းဆောင်သစ်ဆောက်ဖို့ လုံလောက်နေပါပြီ ဟု အခန်းနားနီးချင်းတွေက အော်လျှင် ဓမ္မာရုံကြီးအတွက် လိုသေးတယ် ၊ခေတ္တသည်းခံပေးပါဦး၊ ဆက်ဆိုပါရစေ ဟု ပြန်ပြောလိုက်သေး၏ ”
“ မောင်ခင်မောင်မှာ ခင်မကြီးနှင့် နေရာချင်း ဝေးနေသဖြင့် မျက်နှာကိုမူ ကောင်းကောင်းမမြင်ရသဖြင့် မျောက်ငရုတ်ဆုံထိုင်မိသလို ဣနြေ္ဒနဂိုကမှ တစ်ပဲသားမှမရှိသည့်အထဲ ပို၍ ကြွစောင်းစောင်း ဖြစ်ကာ.. ”
“ သူတို့ယောက်ျားတွေက ငါယောက်ျားပဲဟဲ့လို့ အသားယူချင်လိုက်တာ၊ အတောင်နှစ်ဆယ် ဝတ်သလေးဘာလေးနဲ့။ ကဲလေ ဘင်္ဂါလီမတွေ အတောင်သုံးဆယ်တောင် ဝတ်သေးတယ်။ သွားပြီး ရှိခိုးနေပါလား။ ”
လွန်ခဲ့သည့် နှစ်ပေါင်း (၆၀ )ကျော် ဆရာမကြီး အသက် (၂၁) နှစ်ခန့်က ရေးခဲ့သည့် အထက်ပါစာပိုဒ်များကို ဖတ်ပြီးမပြုံးဘဲနေနိုင်မည့်သူ နည်းပေလိမ့်မည်။ခပ်ရွှန်းရွှန်း ခပ်သွက်သွက်နှင့် ဟာသဥာဏ်ဖက်၊အထေ့အငေါ့၊ဟန်စွက်ကာ ရေးသားတတ်ပုံကိုလည်း သတိပြုမိကြမည်ထင်ပါသည်။
ဆရာမကြီးသည် ထိုစာရေးဟန်များကို သူငယ်စဉ်ကတည်းက နှစ်ခြိုက်စွဲလန်းစွာ ဖတ်ရှုလေ့ရှိခဲ့သည့် စလေဦးပုည၊ရာမရကန်ဦးတိုး၊မန်လည်ဆရာတော် စသည့် မြန်မာပညာရှိ စာဆိုတော်များ၏ စာများမှ လည်းကောင်း၊ William Shakespeare,P.G.Wood House, H.G Wells, Bernard Shaw စသည့်အင်္ဂလိပ်စာရေးဆရာကြီးများ၏ စာများမှ လည်းကောင်း၊ရသစိတ်ကူး၊မြူးတူးပြန့်ယှက်၊အတွေးချင်း ဆက်၍ ရခဲ့သည်ဟု ယူဆနိုင်ပေသည်။
ရိုးရာဓလေ့ပွဲတော်များကို အဓိပ္ပါယ်ရှိရှိ ကျင်းပတတ်သော အမေက သူ့ခြံထဲတွင် “ ထမနဲ ” ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိခဲ့သည် ။တွေ့ဆုံရင်းနှီးမှု၊ ချစ်ကြည်သွေးစည်းမှု ၊ပျော်ရွှင်ကြည်နူးမှုတို့ ပေါင်းစပ်ထားသည့် အမေတို့၏ ထမနဲကို ကျွန်မတို့ မပျက်မကွက် နွှဲလေ့ရှိကြသည်။ လွန်ခဲ့သည့် ဆယ့်လေးနှစ်ခန့်၊ ထမနဲပွဲ မတိုင်မီ တစ်ရက်တွင် ကျွန်မအမေ့ဆီ သွားရောက်ခဲ့၏။လိုအပ်ရာရာ ကူညီလုပ်ကိုင်ပေးရန်အတွက် ဖြစ်သည်။ ကျွန်မယူခဲ့သော အညာသနပ်ခါးတုံးစစ်စစ်ကလေး အမေ့ကို ကန်တော့ရာ အမေက ချက်ချင်းစကားမပြောဘဲ ခပ်မှုန်မှုန်လုပ်နေ၏။အမေတစ်ခုခုတော့ စိတ်တိုနေပြီဟု ကျွန်မတွက်ဆမိလိုက်ချိန်ဝယ် ဘဘလတ်က ပြုံးပြုံးကြီး ဝင်ပြောသည်။
“ အားလုံး ကန်တော့ကြတဲ့အထဲမှာ သမီးကန်တော့ တဲ့ပစ္စည်းက တန်ဖိုးအရှိဆုံးပဲကွ ”
“ဟင် ဘဘကလဲ၊ဒါ သိပ်ဈေးမကြီးပါဘူး ”
“သမီးကလည်းကွာ၊ သနပ်ခါးဆိုတာ မယားလိမ်းရင် လင်ပါမွှေးတာလေ ”
သည်တော့မှ ကျွန်မ အတွေးပေါက်ကာ ဘဘလတ်နှင့်အတူ ရယ်မိပါတော့သည်။သည်တော့မှ ခပ်မှုန်မှုန်ဖြစ်နေသော အမေလည်း မျက်နှာကြောပြေလျော့ သွားပါတော့သည်။ ဇနီးဖြစ်သူ၏ အရိပ်အကဲကို ကြည့်နေတတ်သည့် ဘဘလတ်၏ ဇဝနဥာဏ်ကို ကျွန်မမြင်လိုက်မိသဖြင့်
“ အမေ..မေးမယ်မေးမယ်နဲ့ မမေးဖြစ်ဘူး။ဘဘလတ်နဲ့ အမေဘယ်လိုတွေ့သလဲဆိုတာ ပြောပြပါဦး ”
“ အို မိန်းကလေးနဲ့ ယောက်ျားလေး ဘယ်လိုတွေ့ရမှာလဲ၊ဒီလိုပဲ တွေ့ကြတာပေါ့ ”
အသက်(၇၀ )အတွင်းအရွယ်ပေမယ့် အမေရှက်နေသေးသည်။ အမေ စိတ်ကြည်လာအောင် ကြိုးစားလိုက်သည့် ကျွန်မတို့အတွက် ကော်ဖီထဖျော်နေသည့် ဘဘကို အားကိုးတကြီး လှမ်းကြည့်လိုက်တော့  မေးသာမေး၊ဆက်မေးဟု ဘဘက အချက်ပြ၏ ။
“ မဟုတ်ပါဘူး အမေရဲ့။ တက္ကသိုလ်မှာတွေ့တာလားလို့ပါ။ ဟိုလေ အမေရေးတဲ့ ကောလိပ်ကျောင်းသူ ဝတ္ထုတွေထဲက ကိုခင်မောင်နဲ့ ခင်မကြီးတို့လို တွေ့တာလား၊ ကိုသန်းဘေနဲ့ ခင်ခင်စောတို့လို တွေ့တာလား၊သိချင်လို့ပါ ”
ကြံကြံဖန်ဖန်၊ ကိုယ် တက္ကသိုလ်တက်တုန်းက ကိုလတ်က မုံရွာမှာ ရှိသေးတာ။ကိုယ်ကျောင်းက ထွက်မှ ဘဘနဲ့တွေ့တာ။ထောင့်သုံးရာပြည့်အရေးတော်ပုံကြီးပြီးမှ ၁၉၃၉ ခုနှစ်မှာ ဘဘနဲ့ လက်ထပ်ခဲ့တာပဲ ”
သည်စကားရောက်တော့ အမေ့မျက်နှာ ကြည်စင်နေပါပြီ။ဘဘလတ်ဖျော်ပေးသည့် ကော်ဖီကို သုံးယောက်သား သောက်ရင်း စကားတွေ ဆက်ပြောဖြစ်ကြသည်။ အမေက ကော်ဖီသိပ်ကြိုက်သည်။ ကျွန်မ နှင့် အကြိုက်ချင်းတူသည်။ကော်ဖီသောက်နေရာမှ ဘဘက -
“ မေမေ၊မေမေ ပြောနေကျစကားလေး ကြူကြူသင်းကို ပြောပြလိုက်ပါဦး ”
အမေက မငြင်း။
“ ငါ့တသက်မှာ အမှားတွေချည်း လုပ်ခဲ့တယ်။အမှန်တခုပဲလုပ်တာ ရှိတယ်ဆိုရင် ဒီယောက်ျားကို ယူမိတာပဲရှိတယ်လို့ “
အမေက ကလေးလေးလို ရယ်ရင်း ပြောပြသည်။ထိုအခါ ဘဘက ကျွန်မဘက်သို့ လှည့်ကာ အပြုံးတဝက်ဖြင့်-
“အဲဒီတော့ ဘဘက  ဘာပြန်ပြောခဲ့လဲ သမီးသိလား ”
“ပြောပြပါဦး ဘဘ ”
“ ဘဘက ပြန်ပြောတယ်။ငါ့တသက်မှာ အမှန်တွေချည်းလုပ်ခဲ့တယ်၊ အမှားတစ်ခုကတော့ ဒီမိန်းမကို ယူမိတာပဲရှိတယ် လို့လေ ”
ဘဘလတ်နှင့် အမေတို့ နှစ်ယောက် ကြည်ကြည်နူးနူး ရွှင်ရွှင်ပျပျ ပြောနေကြပုံကို ယခုပင် ကျွန်မမြင်နေရသလို ခံစားနေရပါသည်။
“ တကယ်တော့ မိန်းမတစ်ယောက် စာရေးဆရာဖြစ်ရတာ တကယ်တော့ မလွယ်လှဘူး။အထူးသဖြင့် လင်ယောက်ျား၊သားသမီးတွေနဲ့ အိမ်ထောင်တာဝန်များတဲ့ အိမ်ရှင်မဆိုရင် ပိုခက်တယ်။ကိုယ့်ကို နားမလည်နိုင်တဲ့ မိသားစုများဆိုရင် အတော်စိတ်ညစ်ကြမယ်။  သူများစားတဲ့ အချိနိမစား၊ သူများအိပ်တဲ့အချိန်မအိပ်၊ သူများတကာတွေလို ဘဝကိုမပျော်မွေ့နိုင်ဘဲ စာရေးစားပွဲမှာ အချိန်ရှိသရွေ့ တကုပ်ကုပ်ရေးလိုက်၊ ဖတ်လိုက်လုပ်နေတာကို နားလည်နိုင်ကြမှာ မဟုတ်ဘူး။တကယ်တော့လည်း စာရေးတာဟာ ဝေဒနာတစ်ခုပါပဲ ။ဝေဒနာမှ စိတ်ဝေဒနာပါ။ မရေးဘဲလည်း မနေနိုင်၊ရေးရပြန်တော့လည်း ဝေဒနာတစ်ခု ခံစားရတာပါပဲ ”
အမေ ပြေသမျှကို ဘဘရော ကျွန်မပါငြိမ်၍ နားထောင်နေမိကြသည်။ဘဘလတ်ကတော့ သူကိုယ်တိုင်က စာပေမြတ်နိုးသူ စာသမားတစ်ဦးမို့  အမေ့ကို ကောင်းကောင်းနားလည်နိုင်ကြောင်း ကျွန်မ အားကျစွာ သိရှိပြီးသားပင်။
“ အိမ်ထောင်ကျပြီးမှ စာတွေပိုရေးဖြစ်တာ ဘဘရဲ့ အားပေးမှုကြောင့်ပါပဲ။စိတ်တူ၊သဘောတူ၊တစ်ယောက်နဲ့ တစ်ယောက်ဖြည့်ပေးနိုင်တယ်။ဘဘကလည်း စာသိပ်ဖတ်တယ်။ကိုယ်မဖတ်ဖူးသေးတဲ့စာ သူကဖတ်၊ သူမဖတ်ဖူးသေးတဲ့စာ ကိုယ်ကဖတ်၊ဆွေးနွေးကြ၊ဝေဖန်ကြပေါ့။ဘဘနဲ့ မရဘဲ ဒိပြင့် အရာရှိကြီးတစ်ယောက်ယောက်သာရရင် ခင်မျိုးချစ် ဒီလောက်ဖြစ်ချင်မှ ဖြစ်မယ်၊သတင်းကျော်တဲ့ မင်းကတော်ပဲ ဖြစ်မယ် ”
“ အမယ် မေမေက ဒီလိုတော့လည်း အမှန်သဘောကို သိမြင်သားပဲ ”
“ အမှန်ကို ပြောတာပဲလေ။ဒါနဲ့ သမီး သမီးခင်ပွန်းကကော သမီးကို နားလည်ရဲ့လား ”
သံယောဇဉ်မေးခွန်းမှန်း သိလိုက်သည်။
“ အမေရယ်၊သမီးခင်ပွန်းက ဦးရွှေကြူးရဲ့ မြေးပဲလေ ”
“ ဩော် ဟုတ်သားပဲ ”
သည်တော့မှ အမေပြန်သတိရသွားပုံပေါက်၏။ဦးရွှေကြူးမှာ အမေ၏ အဘိုးကျောက်စာဝန် ဦးဘေ၏ တပည့် ကျောက်စာစာရေးဖြစ်ကြောင်း အမေသိပြီးသားပင်။ကျွန်မခင်ပွန်း၏ ဖခင် ဦးဆင့်က ဦးရွှေကြူး၏ ဒုတိယသား ဖြစ်ပါသည်။
“ ဒါနဲ့ ဆရာဦးဘမြင့်တို့ မိသားစုကော ဘယ်မှာနေကြပါလိမ့်၊မတွေ့တာကြာပြီ ”
အမေမေးသည့် ဆရာဦးဘမြင့်မှာ ကျွန်မယောက္ခမ ဦးဆင့်၏ အစ်ကိုကြီးဖြစ်သည်။ပြီးဦးဘမြင့်က အမေ့မွေးရာဇာတိရပ်မြေ စစ်ကိုင်းရှိ အလယ်တန်းကျောင်းတွင် အမေခုနစ်တန်းတက်ခဲ့စဉ်က အမေ၏ သင်္ချာဆရာဖြစ်ဖူးသည်။
“ဘထွေးကြီးတို့ မိသားစုတွေ အခု ဘောက်ထော်မှာပါ ”
“တကယ်တော့ ဦးဘမြင့်ရဲ့ တပည့်လို့ ပြောရတာဆရာ့ကို အားနာလှပါတယ်။ ကိုယ်က သင်္ချာဖျင်းလွန်းလို့။သားကြီးကျမှ လာထွန်းပေါက်တယ်။ ဆရာကြီးနဲ့တွေ့တော့ ကန်တော့ရင်း ပြောဖြစ်တယ်။ ကျွန်မ ညံ့တာကိုတော့ ထားလိုက်ပါတော့ ကျွန်မသားကတော့ ပီအိပ်ခ်ျဒီ နော်လို့ ”
မိခင်ပီပီ အမေက သူ၏ တစ်ဦးတည်းသော သားကြီးဒေါက်တာဦးခင်မောင်ဝင်းအတွက် ကျေနပ်ပီတိ တွေ ဝေနေပုံမှာအထင်းသား။ ဆရာဦးခင်မောင်ဝင်းတို့ မိသားစုကလည်း ဘိုးဘွားဗီဇအမွေကို ဆက်ခံရရှိကာ စာပေမျိုးဆက်နွယ်များအဖြစ် စာပေနယ်ထဲတွင် နေရာရနေကြပါပြီ။ အားကျစရာကောင်းလှပါဘိတော့။
၁၉၉၈ ခုနှစ်၊စက်တင်ဘာလကုန်လောက်တွင် အမေနှင့် အရင်းနှီးဆုံး တပည့်၊ သား ၊မြေးများဖြစ်သည့် ကျွန်မတို့ဆယ်ယောက်ခန့် အမေ့ထံသွားရောက် ကန်တော့ခဲ့ကြပါသည်။မှတ်တမ်းမှတ်ရာ အလွမ်းဖြေ ပြေစရာ ကလေးကျန်ခဲ့အောင်ဆိုပြီး ဗီဒီယိုဖြင့်လည်း မှတ်တမ်းယူခဲ့ကြသည်။ ထိုနေ့က အမေစကားတွေ အများကြီးပြောခဲ့သည်။နွမ်းပျော့နေသည့်ကြားမှ အမေ့အသံက တစ်ချီတစ်ချီမာလာလေသည်။
“ အန်တီက အသည်းမာတယ် ”
မည်သူ့ထံကမှန်းမသိ၊ခပ်တိုးတိုး မှတ်ချက်ချသံ။
“ အေး အသည်းမာတဲ့လူက ပိုပြီး ကွဲလွယ်တယ်ကွ ”
  အမေ့ထံမှ တုန့်ပြန်သံကို ချက်ချင်းကြားလိုက်ရ၏။
ပြန်ခါနီး ထပ်ခါထပ်ကန်တော့ နှုတ်ဆက်သည့်အခါ အမေက တစ်ခွန်းချင်းဆုပေးခဲ့ရှာပါသည်။
“ မင်းတို့ အပြစ်ပြုမိခဲ့ရင်လည်း ကိုယ်က ခွင့်လွှတ်ပါတယ်။ကိုယ်အပြစ်ပြုမိခဲ့ရင်လည်း မင်းတို့က ခွင့်လွှတ်ပါ။အားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ ” တဲ့။
သည့်နောက် မထင်မှတ်သည့် စကားကို ဆက်၍ဆိုသည်။
“ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ဒီလို ကြုံတွေ့ကြရမှာပဲ။ဒါဟာနောက်ဆုံးတွေ့ခြင်း ၊နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်နိုင်တာပဲ ”
အားလုံး ငြိမ်ကျသွားသည်။ရင်ထဲမှာ လှိုက်ခနဲ။ ကွယ်လွန်သူ ဆရာစိန်ခင်မောင်ရီနှင့်တကွ ပျောက်ဆုံးနေသော မျက်နှာများကို မြင်ယောင်လာသည် ။လောကကြီးထဲမှာ ချစ်တဲ့လူတွေ ပျောက်သွားလိုက်ကြတာ များလှပါပကောလား။အမေရယ် နေပါဦး၊နှုတ်မဆက်ပါနဲ့ ဦး ။
သို့ရာတွင် သင်္ခါရသဘောတရားက ကျွန်မ၏ တောင်းပန်ချက်ကို ဥပေက္ခာပြုခဲ့လေသည်။
ကျွန်မ ချစ်ခင်လေးစားလှသည့် ဆရာမကြီး ခင်မျိုးချစ်သည် ၁၉၉၉ ခုနှစ် ၊ဇန်နဝါရီ (၂) ရက်နေ့တွင် ကွယ်လွန်ခဲ့ရှာပါသည်။နှမျောလွမ်းဆွတ်သောစိတ်ကို အမေလက်ဆောင်ပေးခဲ့သည့် စာအုပ်ကလေးများဖြင့်သာ ဖြေသိမ့်ရပါတော့သည်။
အမေ့ဆန္ဒပြုခဲ့သည့် စာရေးဆရာဘဝကို အမေပြန်လည်ရရှိနိုင်ပါစေ။  ။
ဒေါက်တာခင်မောင်ဝင်း( သင်္ချာ ) - ပျော်တော်ဆက်၏ မြစ်ဖျားခံရာများ
 (ကာတွန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် စာမူ) ဇူလိုင် ၂၉၊ ၂၀၁၅

ဂျူနီယာဝင်းသည် သူ၏ အင်္ဂလိပ်ဘာသာဖြင့် ရေး သားခဲ့သော ကင်ဒယ် ebook ဆောင်းပါး ဖြစ် သည့် The Rise and Fall of Pyaw Daw Zet ကို သူ ကိုယ် တိုင်-- ပျော်တော်ဆက်ကျဆုံးခန်း -- ဟူ၍ ဘာသာ ပြန် ပြီး မိုးမခ မဂ္ဂဇင်း၊ ဂျူလိုင် ၂၀၁၁ တွင် ထည့် ခဲ့ သည်။ ဘာသာပြန်ရာတွင် The Rise (တက် လာ ခြင်း) ကိုထည့် မပြန်တော့ ဘဲ The Fall (ကျဆုံးခန်း ) ကိုသါ အသားပေး ခဲ့ သည်ကို တွေ့ ခဲ့ ရပါ သည်။

 ပျော်တော်ဆက် မဂ္ဂ ဇင်းသည် နတ်သမီး ပုံပြင်လေး ပမာ အစကေါင်းခဲ့ပြီး ၊ နောက်ဆုံးတွင် ရှိတ်စပီးယား ၏ကြေကွဲဖွယ် ပြဇာတ်ပမာ အဆုံးသတ်ခဲ့ရပုံကို ဂျူနီယာဝင်း ကရေးသါး ထားပါသည်။ ထိုဇာတ်လမ်း ထဲမှ အကြောင်းအရာ အချို့ ကို ထပ်မံ ဖြည့် စွက်၍ တင် ပြရန် ဤဆောင်း ပါးကို ရေးသားခြင်း ဖြစ် ပါ သည် ။ အထူးသဖြင့် တင်ပြလိုသည်မှာ ၊ ပျော် တော်ဆက်၏ မြစ်ဖျား ခံရာ စါ စေါင်များ အကြောင်း ဖြစ်ပါသည် ။

 မေမေ ဒေါ်ခင်မျိုးချစ်သည် ပျော်တော်ဆက် အတွက် အ ကြံ အစည် များ ကိုရ ရှိခဲ့သော ထိုခေတ်က ထွက် ခဲ့သော (၁၉ ၅၀ - ၁၉၇၀ ) စါစောင် များအကြောင်း ဖြစ်ပါသည် ။ ယင်းရုပ်ပြစါစေါင်များသည် ယခုအခါတွင် မရှိတော့သည့်အတွက် ၊ ၄င်းတို့သည် သမိုင်းဝင်ပစ္စည်း များဖြစ် နေပါပြီ။

 ထိုစာစောင်များ၏ အမည်များမှာ-- Eagle (E), Swift (S), Robin (R), Girl (G) , School Friend (SF), Princess (P), Finding Out (FO), Look and Learn(LAL) , Knowledge (K), Understanding Science)(US) တို့ ဖြစ်ကြပါသည်။ E ,S , R ,G တို့ သည် ကုမ္ဗဏီ တစ်ခုတည်း မှထုတ် သေါ စာစောင်များ ဖြစ် ကြသည်။

E သည်လင်းယုန်ငှက် ၊ S သည် ပျံ လွှားငှက် ၊ R သည်ုသပိတ်လွယ် ငှက် ဟု အဓိပ္ဗါယ် ရပါ သည် ။ စါစောင်များ၏ မျက်နှာဖုံး တွင် ထိုငှက် များ၏ပုံ များပါ ရှိ ပါ သည်။ အရွယ်အား ဖြင့် လင်းယုန်ငှက် သည် အကြီးဆုံး၊ပျံ လွှား သည် ဒုတိယ၊ သပိတ်လွယ်ငှက် သည် အ ငယ်ဆုံးဖြစ် သည်။သို့ ရာတွင် စာဖတ် ပရိသတ် ကိုရည်ညွှန်းရာတွင် E ကို ၁၅ နှစ် မှ အသက် ၂၀ အရွယ် အတွက် ၊ S ကိုဆယ် နှစ်မှ ၁၅ နှစ် အရွယ် ၊ R ကို ဆယ်နှစ် အောက် အတွက် ဟူ ၍ ဖြစ် ပါသည်။

E သည်ယောက်ျား လေးများ အတွက်ဖြစ်ပြီး S နှင့် R တို့ သည် ကျား နှင့် မ နှစ် မျိုး စလုံး အတွက် ဖြစ် သည် ။ G သည် E ဖတ်သော ယောက်ျားလေများ နှင့် ရွယ်တူ မိန်းကလေးများ အတွက်ဖြစ်သည် ။ ထို့ေ ကြာင့် E ထဲတွင်ပါဝင်သော အဓိက ဇါတ်ကေါင်များ သည် အမျိုးသားများ ဖြစ် ကြ ပြီး ၊ G ထဲတွင် ပ၀င် သေါ အဓိက ဇာတ်ကေါင် များ မှာ အမျိုး သမီးများ ဖြစ် ကြ သည်။ E ထဲတွင် က မ္ဘာ့ ထင် ရှားသော ပု ဂ္ဂိုလ် များ အကြောင်းတွင် ၊ အမျိုး သားများ ဖြစ် ကြ သော Isaac Newton , Graham Bell ,Pythagoras ,Einstein, စသည် တို့ အ ကြောင်း များကို ဖေါ်ပြ သလို G ထဲ တွင် အမျိုး သမီး များ ဖြစ် ကြသော Florence Nightingale , Madame Curie ,Mary Shelley, Anne Frank , စ သည်တို့ အကြောင်း မျာ ကိုဖေါ် ပြ သည် ။ ၄င်း တို့ ကို စါပေတိုက် တစ်ခု တည်း မှ ထုတ်မှန်း သိစေရန် စါစေါင် တိုင်း တွင် အခြား စါစောင်များ၏ အမည်များ ကိုပါ ဖေါ် ပြလေ့ ရှိ သည်။

ဥပမာ -- Swift တွင် Companion paper to Eagle, Girl and Robin ဟူ ၍ ရေး သားဖေါ် ပြ ထား သည်။ School Friend နှင့် Princess များ သည် ဆယ်ကျော်သက် ကျောင်း သူ လေးများ အတွက် ရုပ်ပြ အပါတ်စဉ် ရုပ်ပြ စါစောင် များ ဖြစ် သည်။ ၄င်း တိုထဲ တွင်ပါဝင်သော အဓိက ဇာတ် ကောင် များသည် ဆယ်ကျော် သက် အ မျိုး သမီးလေးများ ဖြစ် ကြသည်။ဤ နေရာတွင် Princess ထဲမှ အခန်း ဆက် ရုပ် ပြ ဇတ်လမ်း တစ် ခု အကြောင်းကို ယခု တိုင် မှတ် မိ နေပါ သေး သည်။ ထိုဇာတ်လမ်း ၏ အမည်မှာ The Happy Days ဖြစ် သည်။ အဓိကဇါတ် ကေါင် မှာ Sue Day အမည်ရှိ ဆယ် နှစ် အရွယ် မိန်း ကလေးတစ် ဦးဖြစ် သည်။ သူ ၏မိသားစုထဲတွင် အဖေ၊အမေ ၊ အစ်ကို ၊ အစ်မ ၊ မောင်လေး ၊ ညီ မလေး ၊ တို့ ပါ ၀င် သည် ။

ထိုအချိန်က မေမေ ဒေါ်ခင်မျိုးချစ် သည် လုပ်သား( အင်္ဂလိပ် ) သတင်း စါတွင် လက်ထောက် အယ်ဒီတာ အဖြစ် အမှုထမ်း နေစဉ် ဖြစ်သည်။ အစိုး ရ၏ တာဝန်ပေးမှုကြောင့် တေဇ နှင် ရွှေ သွေး စါ စောင် တို့ ၏ အယ်ဒီတာ အဖွဲ့ ၀င်ဖြစ်ခဲ့ ပါသည်။ မေမေသည်ဆိုခဲ့သော မိသားစု ဇာလမ်းကို “ချစ်ချစ် နှင့် မိသားစု” ဟူ၍ မြန်မာမှုပြုပြီး အခန်းဆက် ရေးခဲ့ပါသည်။ထို အချိန်က ယင်း ရုပ်ပြ အခန်းဆက် ဇာတ်လမ်း သည် လူကြိုက် အလွန်များ သောကြောင့်၊ အုပ်ချုပ်သော အစိုးရက မျက်စိ ကျလာခဲ့ သည်။ ထိုအခါ မေမေရေးသော ချစ်ချစ်နှင့် မိသားစု ဇာတ်လမ်းများသည် အပျော်ဖတ် သက်သက် သာဖြစ်နေ၍ ပေါ်လစီနှင့် မကိုက် ၊ ချစ်ချစ်နှင့်မိသါးစု ဇါတ်လမ်းများ သည် ၊ အစိုးရ၏ ၀ါဒ ဖြန့် ချီ ရေး အတွက် သါဖြစ် ရမည် ဟူ၍ မူဝါဒ ကိုချမှတ် လိုက်သည်။ ထို့ ကြောင့် ၊ မေမေ ဒေါ်ခင်မျိုးချစ် သည် အယ်ဒီတာ အဖွဲ့မှ နှုတ်ထွက်ခဲ့ရသည်။ ချစ်ချစ် နှင့် မိသားစု ဇာတ်လမ်း များ ကို ဒေါ် ခင်မျိုးချစ် က မရေးသော်လည်း ၊ကျန် ခဲ့သော အယ်ဒီတာ အဖွဲ့ ၀င် များ က ဆက်လက်၍ ရေး ကြသည်။ ထိုအခါ ချစ်ချစ် နှင့် မိသားစုဝင် များသည် လမ်းစဉ်ပါတီဝင်များ (ယခုဆို လျှင် ကြံ့ ခိုင်ရေး နှင့် ဖွံ့ ဖြိုရေး ပါတီ ) ၊ လမ်း စဉ်လူငယ်များ ၊ တေဇလူငယ်များ ၊ ဖြစ်သွား ကြ သည် ။ဇါတ်လမ်း များ မှာလည်း အစိုး ရ ၏ ၀ါဒ ဖြန့် ချက်များ သာ ဖြစ် နေလေသည် ။

Knowledge, Finding Out , Understanding Science တို့ သည် စါပေ တိုက် တစ် ခု တည်း မှ ထုတ်သော ပညာပေး စါစောင် များ ဖြစ် ကြ သည်။ခေါင်းစဉ် ၏ အ ဓိပ္ဗါယ် အရ Knowlegdge သည် ပညာ ဗဟုသုတ စါစောင် ဖြစ်သည်။၎င်း ၏ မျက်နှာဖုံး တွင် The colour magazine which grows into an encyclopedia ( စွယ်စုံကျမ်း တစ်ခု အဖြစ် ကြီး ထွား လာ စေမည့် ရောင် စုံ မဂ္ဂ ဇင်း ) ဟူ၍ ကဗျည်း ထိုး ထား သည် ။ Knowledge သည် ၀ိဇ္ဇာ၊ သိ ပ္ဗံ ၊ အ နုပညာ ၊သမိုင်း ၊ပထ၀ီ ၊ ဘာသာစါပေ ၊ ဆိုင်၇ာ ပညာပေး ဆောင်း ပါးများ ပါဝင် ပြီး ထို မ ဂ္ဂ ဇင်း များကို စု ထား လျှင် စွယ်စုံ ကျမ်း တစ် ခု ဖြစ် လာ မည် ဖြစ် သည်။ Finding Out သည် Knowlegde အလွယ် စား ဟု ဆို နိုင် သည် ။ Knowledge ကို လူငယ်များ ဖတ် ၍ လွယ်ကူ အောင် ရေး သား ထား ခြင်း ဖြစ် သည် ။ အသက်အရွယ် အား ဖြင့် Knowledge (K) သည် အသက် ၂၀ နှစ်လောက် အတွက် ဖြစ် ပြီး Finding Out (FO) သည် ဆယ်ကျော်သက် များ အတွက် ဖြစ် သည် ။ K ထဲတွင် မပါဝင်သော အခန်းများ ဖြစ် သည့် -- ပုံပြင် ကဏ္ဍ ၊ အ င်္ဂ လိပ်စာ သင်ခန်းစာ ၊ရှိတ် စပီးယား ၏ ပြ ဇာတ် များ ကို သရုပ် ဖေါ် ထား သေါ ရုပ် ပြ ဇာ တ်လမ်း များ သည် (FO) ထဲ တွင် ပါ သည် ။

Understanding Science(US) သည် သူ၏ အမည်အတိုင်း သိပ္ဗံ အကြောင်းဖြစ် သည်။ အရေးအသါး နှင့် တင်ပြ ပုံများ သည် K ထက် ပို ၍ အဆင့် မြင့် သည်။ Look and Learn (LAL ) သည် အပါတ်စဉ် ထုတ်သော ပညာပေး စါစောင် ဖြစ် သည်။ ၄င်း သည် K , FO , US တို့ ကို ပုံစံ တစ် မျိုး ဖြင့် ခွဲ ထုတ် သော စါစောင် ဖြစ် သည် ။ အပေါ် ရံ ကြည့် လိုက် လျှင် K, FO , US တို့ သည် စက္ကူ အ ထူ စား ကို သုံးထား သည် ကိုတွေ့ ရ သည်။ LAL တွင်သုံးထား သော စ က္ကူ မှာ မဂ္ဂ ဇင်း စက္ကူမျိုး ဖြစ် သည်။ LAL တွင် ဆောင်းပါးမျာ တင် ဆက် ပုံ မှာ K , FO , US တို့ ဖြင့် လွန်စွာ ကွာ ခြား ပါ သည် ။ LAL တွင် ပါဝင်သောဆောင်းပါး များ သည် ပညာပေး ဆောင်းပါးများ ဖြစ်သော် လည်း ၊ တင်ပြပုံမှာ သာမန်အပျော်ဖတ် ဆောင်းပါး များ ပုံစံမျိုး ဖြစ် ပါသည်။

LAL၏ ထူးခြားချက်မှာ ဆောင်းပါးများ၏ ခေါင်းစဉ်များဖြစ်သည်။ ထိုစာစောင်ထဲရှိ ဆောင်းပါးများကို ဖတ်သွားရုံဖြင့်ပင် အလွန်စိတ်ဝင်စားဖွယ် ဖြစ်စေပါသည်။ ဥပမာ - အောက်ပါခေါင်းစဉ်များကို ဖတ်ကြည့်ပါ။ အနာဂတ်ကို ကြိုမြင်သောသူ (စာရေးဆရာ H.G Wells အကြောင်း)၊ ပင်လယ်ထဲမှ ဆယ်ယူခဲ့ရသောမြို့ (Amsterdam မြို့၏သမိုင်း)၊ မိုင်ပေါင်း သုံးရာရှည်သော ရွှေလမ်းကြီး (တောင်အာဖရိက၏ ရွှေတွင်းအကြောင်း)၊ သူ၏ပန်းချီလက်ရာများကို ငွေရဖို့အတွက်သာသုံးသူ (ပန်းချီဆရာ Teniers အကြောင်း)၊ အစိုးရတစ်ခုကို ပြုတ်ကျစေခဲ့သော စာရေးဆရာ (Gullivers Travels ရေးသော စာရေးဆရာ Jonathan Swift အကြောင်း)၊ ဟိုရှေးအခါမှ ယခုအထိ သာမာန်ဈေးဆိုင်များ စူပါမားကက်များဖြစ်ပေါ်လာပုံ သမိုင်း၊ ငလက်မ၏ အံ့ဖွယ်သမိုင်း၊ ပျော်ရွှင်သော မျက်နှာဖန်တီးသူများ (မျက်နှာဖုံးပြုလုပ်သူများ)၊ သဲကန္တာရထဲမှ သူပုန်ခေါင်းဆောင် (Lawrence of Arabia ၏ အထုပ္ဗတ္တိ)၊ မီးဖြင့် စာရေးသောဓါတ်ငွေ့ (နီယွန်ရောင်ခြည် အကြောင်း)။ LAL ထဲတွင် ကျွန် တော် အလွန်ကြိုက်နှစ်သက်သေါ အခန်း တစ် ခု မှာ A Guide to Authors and their works - စါရေးဆရာများ နှင့် ၄င်း တို့ ၏ စါပေ လက်ရာ များ-- ဖြစ်သည်။

 စိတ်ထဲတွင် ဤ ကဲ့ သို့ သော ခေါင်း စဉ် ဖြင့် မြန် မာစာပေ အကြောင်း ကိုရေးချင်စိတ် များ ပေါ်လာ သည် ။ သို့ သော် ကျွန်တော် ၏အားနည်းချက် တစ်ခု ကြောင့် မရေးနိုင်ပါ ။ ထိုအားနည်း ချက် မှာ -ကျွန်တော် ကိုယ်တိုင် က မြန်မာစာပေကို ကျွမ်းကျင်စွာ မတတ်မြောက်ခြင်း ဖြစ် သည် ။ မြန်မာလူမျိုး ဖြစ်လျက် နှင့် မြန်မာ စါပေ ကို မတတ်ကြောင်း ကို ၀န်ခံ ရသည် မှာ ရှက်ဖို့ ကေါင်း ပါ သည် ။

K ,US ,FO ,LAL တို့ တွင် သဘောတရားအားဖြင့် တူသော အရာ တစ်ခု ရှိ ပါသည်။ ၄င်းမှာ မျက်နှာဖုံး ဒီဇိုင်း ဖြစ်သည် ။ ထိုစာဆောင် များ၏ မျက်နှာဖုံးများ တွင်အတွင်း မှ အကြောင်းအရာ တစ်ခုခု ကို ပုံဖေါ် ထား သည် ကို တွေ့ ရသည် ။ ထို အရာကို အတုယူ ၍ ၊ ပျော်တော်ဆက် မျက် နှာ ဖုံးတွင် အ တွင်း ထဲမှ အကြောင်း အရာ များ ကို ပုံဖေါ် ထားသည်ကို တွေ့ ရ သည် ။ ပျော်တော် ဆက် မျက်နှာဖုံး ကို ဆရာဦးဘကြည် ကသရုပ်ဖေါ် ပေးခြင်း ဖြစ် ပြီး ၊ ထူးခြားသည် မှာ ဆရာ ကြီးသည် ပျော်တော်ဆက် ၏ အခြေအနေ ကိုသိသော ကြောင့် ၊ ပန်းချီ ဆွဲ ခကိုလုံး ၀ မယူ ဘဲ ၊ မေတ္တာ ဖြင့် ကူညီ ခြင်း ဖြစ် သည် ။

 မေမေဒေါ်ခင်မျိုးချစ် ၏ စိတ်ကူးယဉ် အိပ်မက်မှာ ပျော်တော်ဆက် မဂ္ဂ ဇင်း ကို E,G,S ,R ,SF ,P ,K , US , FO , LAL ဟူသော စါဆောင် များ ၏ အနှစ် သာရ များ ဖြင့် ဖန်တီးပေး ရန် ဖြစ်ပါ သည် ။ လက်တွေ့ ဘ၀ နှင့် စိတ်ကူး သည် တော်တော် ကွာ ခြား ပါ သည် ။

အဖြစ်အပျက် များကို ဂျူနီယာ ၀င်း ၏ ဆောင်းပါး ဖြစ် သော The Rise and Fall of Pyaw Daw Zet (ပျော် တော်ဆက် မဂ္ဂ ဇင်း ၏ ကျ ဆုံး ခန်း) တွင် ဖတ် ရှု နို င် ပါ သည် ။

P= Princess
E = Eagle
K= Knowledge
G= Girl
US= Understanding Science
S= Swift
FO = Finding Out
R= Robin
LAL = Look and Learn
SF = School Friend

 ဒေါက်တာခင်မောင်ဝင်း ( သင်္ချာ )  
P(2) Eagle မှ Dan Dare - Pilot of the Future _ အနာဂါတ် ၏ လေယဉ် မှုး ကို သိပ္ဗံ မှုး တင်က ဗိုလ်မှုး ကြီး ဇွဲ မောင် ဟူသောအမည် ဖြင့် ပျော်တော် ဆက် တွင် အခန်းဆက် သိပ္ဗွံ ဇာတ် လမ်း ရေး သားခဲ့ သည်။ ပန်းချီ ကို တင်ဝင်း က သရုပ်ဖေါ် ခဲ့ သည်။  
P(3) Eagle မှ Can you catch a Crook ? ကို စုံထောက်ကျော်မင်းဒင် ဟူ ၍ ဒေါ် ခင်မျိုးချစ် ကရေးပြီး ကိုတင်ဝင်း က သရုပ် ဖေါ် ခဲ့ သည်။ + P(4) School Friend မှ Dilly Dreem ကို တူးမာ နဲ့ အင်္ဂ လိပ်စာ ဟူ ၍ ဦးခင်မောင်လတ် ကရေး ပြီး ကိုတင်ဝင်း က သရုပ် ဖေါ် ခဲ့ သည်။ P (5) Look and Learn မှ Tom Thumb ကို င လ က္မဟူ ၍ ပျော် တော် ဆက် တွင် ဘာ သာ ပြန် ခဲ့ သည် ။ P(6) Eagle မှ Historical Flops ကို ကြံ ကြံ ဖန်ဖန် ၊ မ စွန် သော တည်ထွင် မှုများ ဟူ ၍ ဘာသာပြန် တင် ဆက် ခဲ့ သည် ။ P(7) ပျော် တော် ဆက် ထဲ မှ တူး မာ နဲ့ အ င်္ဂလိပ်စါ ကို ပန်းချီ ကိုတင်ဝင်း ကရေးဆွဲပြီး ယခုအခါတွင် ကါတွန်းမေါင်ရစ်က Academic Weekly တွင် ရွှေ မိ နဲ့ အ င်္ဂ လိပ်စာ ဟူ၍ တင် ပြ ပုံ ။   P(11) Understanding Science မှ Dinosaur’s Eggs ကို ဒို င် နောဆား ဥ များ ဟူ၍ ပျော်တော်ဆက် တွင် ဘါ သါ ပြန် တင် ဆက် ပုံ ။ P(14) Finding Out မှ Pottery ကို အိုး ခွက် အ ကြောင်း ဟူ ၍ တင် ပြ ပုံ ။ P(16) Finding Out မှ Numbers at Work ကို သချာင်္ ပညာ လွယ် ကူ စွာ ဟူ ၍ ဘာသာ ပြန် တင် ပြ ပုံ ။ P(18) Finding Out မှ Rubber ကို ကြက်ပေါင် အကြောင်း သိကေါင်းစ ရာ ဟူ ၍ တင် ပြ ပုံ ။ P(21) ပျော် တော် ဆက် ၏ မြန်မာ မှု ဆောင်း ပါး များ ။
P(27 , 29 ) Knowledge , Understanding Science , Finding Out , Look and Learn နှ င့် ပျော် တော် ဆက် မျက် နှာ ဖုံးများ တွင် အထဲ မှ အေ ကြာင်း အရာ များ ကို ပုံ ဖေါ် ပြ ထား ပုံ ။