In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Saturday, June 27, 2015

ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်နှင့် ခေတ်ပြိုင်မိတ်ဆွေများဓာတ်ပုံပြပွဲနဲ့ မိုးမခမိတ်ဆုံပွဲ ကျင်းပပြီးစီး



ရာပြည့်မိတ်ဆုံပွဲ - ဒေါ်စန်းစန်း၊ ရွှေရီဝင်း၊ ဒေါက်တာခင်မောင်ဝင်း၊ ဦးတင်ဦး၊ ဦးမိုးသူ၊ စမ်းစမ်းနွဲ့၊ ရွှေကူမေနှင်း

ဖျာပုံနီလုံဦး၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်စန်းစန်း၊ တက္ကသိုလ်ရွှေရီဝင်း၊ ဘဘဦးတင်ဦး

ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်နှင့် ခေတ်ပြိုင်မိတ်ဆွေများဓာတ်ပုံပြပွဲနဲ့ မိုးမခမိတ်ဆုံပွဲ ကျင်းပပြီးစီး
(မိုးမခ) မေ ၉ ၊ ၂၀၁၅

ရာပြည့်ဓာတ်ပုံပြခန်း မြင်ကွင်း


စာရေးဆရာ ဦးခင်မောင်လတ်နှင့် စာရေးဆရာမ ဒေါ်ခင်မျိုးချစ်တို့၏ ရာပြည့်အမှတ်တရနှင့် သူတို့၏ ခေတ်ပြိုင်မိတ်ဆွေများ ဓါတ်ပုံပြပွဲကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်ရိပ်သာလမ်းနေအိမ်တွင်၂၀၁၅ ခုနှစ် မေလ ၉ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ဒေါက်တာခင်မောင်ဝင်း၊ ဦးဝင်းဖေ (မြဇင်)၊ မောင်မိုးသူ၊ ဇော်ဇော်အောင်



ဘဘဦးတင်ဦး ဧည့်မှတ်တမ်း ရေးသားနေစဉ်


အဆိုပါ ရာပြည့်ပွဲတွင် ဆရာကြီး ဆရာမကြီးတို့၏မြေးနှစ်ဦး ဖြစ်သည့် မောင်ရစ်၏ “ဦးဝင်တင် ၈၅ အင်တာဗျူးများ” စာအုပ်နှင့် စာရေးဆရာမဂျူနီယာဝင်း၏ Memory of My Grandparets စာအုပ်ကိုတို့ကို မိတ်ဆက်ခဲ့သည်။


ဦးအောင်ငြိမ်း၊ ဒေါ်သန်းသန်းနု၊ ကိုဝင်းချို (ဓူဝံစာပေ)



ဆရာမောင်မိုးသူက အမှတ်တရစကားပြောကြားနေစဉ်


စာရေးဆရာ၊ ဆရာမကြီးတို့၏ မျိုးဆက်များဖြစ်သော သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း၊ သမီးချွေးမဖြစ်သူ တက္ကသိုလ်ရွှေရီဝင်း၊ မြေးနှစ်ဦးဖြစ်ကြသော မောင်ရစ်နှင့် ဂျူနီယာဝင်းတို့မှ ဘိုးဘွားများအတွက် အမှတ်တရနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် နာယကကြီး ဘဘဦးတင်ဦးနှင့် ဘကြီးမိုး(မောင်မိုးသူ)တို့မှလည်း အမှတ်တရအောက်မေ့ဖွယ်များကို ပြောကြားခဲ့သည်။ 

ရာပြည့်ပွဲသို့ စာပေနဲ့ စာနယ်ဇင်းနယ်ပယ်များက မိတ်ဆွေများ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ်တို့ ဧည့်ပရိသတ် ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ 
ဦးအောင်ငြိမ်း၊ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ကိုမင်းကိုနိုင်





ဘဘဦးတင်ဦးက ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်၏ မြန်မာ အင်္ဂလိပ်ဘာသာ ၂ ဘာသာဖြင့် ရေးသားပို့ချနိုင်သည့် စာပေပညာအမွေကို သားမြေး တပည့်များက ဆက်ခံပြီး တိုင်းပြည်အကျိး စာပေအကျိးကို ဆက်လက်ထမ်းဆောင်သွားကြရန်၊ ဂျပန်ခေတ်အတွင်း ဒေါ်ခင်မျိုးချစ်တို့နှင့် တော်လှန်ရေးကာလလှုပ်ရှားရုန်းကန်ခဲ့ရပုံများကိုလည်း ပြန်ပြောင်းပြောပြခဲ့သည်။


ဓာတ်ပုံပြခန်း မြင်ကွင်း



Memory of my grandparents နဲ့ ဦးဝင်းတင် ၈၅ စာအုပ်များ မိတ်ဆက်

ဘကြီးမိုး(မောင်မိုးသူ)မှ ပြောကြားရာတွင် ဒီ ၂၀၁၅သည် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်အဖြစ် ထူးခြားသည့်နှစ်ဖြစ်သလို မိမိလေးစားရသော ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်နှင့် လူထုဒေါ်အမာတို့၏ ရာပြည့်အဖြစ် အမှတ်တရနှစ်ဟု ဆိုနိုင်ကြောင်း၊ ရန်ကုန်ရှိစာရေးဆရာများအတွက် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့က လူကြီးမိဘများသဖွယ် ရပ်တည်ခဲ့သလို မန္တလေးတွင်လည်း ဆရာကြီးလူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ အရိပ်အာဝါသဖြင့် မိမိတို့ ကြီးပြင်းလာခဲ့ရသည်ဟု ဆိုနိုင်ကြောင်း အမှတ်တရစကားပြောကြားခဲ့သည်။

ပြပွဲသို့တက်ရောက်လာသော ဦးမင်းကိုနိုင်ကလည်း နှစ်တစ်ရာခေတ်ပြိုင်မိတ်ဆွေများ၏ ဓါတ်ပုံများကိုကြည့်ပြီး ၄င်း၏ခံစားချက်ကို ပြောကြားရာတွင် ထိုခေတ်က သူတို့၏ချစ်ခင်ရင်းနှီးမှု စည်းလုံးညီညွှတ်မှု၊ တိုင်းပြည်လွတ်လပ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုများမှာ အားကျဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ ထိုအမွေကို မိမိတို့ မျိုးဆက်အဆင့်ဆင့် ဆက်လက်လက်ကမ်းသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


တက္ကသိုလ်ရွှေရီဝင်း၊ ဒေါ်ခင်လက်ျာ

ဦးတင်ဦး အမှတ်တရစကားပြောကြားနေစဉ်


0 comments