
၂၀၁၅ မေလမှာ ပြခန်းကို အကြို ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၅ စက်တင်ဘာလမှာ ပြခန်းရှိ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံ ၈၀ ကျော်မှာ နံမယ်ကဒ်ပြားများ ကပ်ခဲ့ပါတယ်။ ရာပြည့်အမည်ကဒ်ပြားမှာ အမည်၊ မွေးသက္ကရာဇ်၊ နဲ့ ထင်ရှားသော စာအုပ်အမည်သို့မဟုတ် အလုပ်အကိုင်ကို ရေးသားထားပါတယ်။ နံမယ်ကဒ်ပြားများကို ဂျုနီယာဝင်းနဲ့ သူငယ်ချင်းမိတ်ဆွေများ၊ မိုးမခဟန်သစ်နိုင်၊ ရန်အောင်စာပေက ကိုပြည့်ကျော်တို့က ၀ိုင်းဝန်း ကူညီ စီစဉ်ပေးခဲ့ကြပါတယ်။ နာမည်ကဒ်ပြားတွေ ကပ်တဲ့ဆီမှာ အချို့ပုဂ္ဂိုလ်တွေတချို့ကို အမည်နဲ့ ဓာတ်ပုံ မတွဲမိတာ မရင်းနှီးတာတွေရှိပါတယ်။
0 comments